မင်္ဂလာပွဲအတွက် ပိုက်ဆံ ဘယ်လိုခြွေတာစွာ အသုံးပြုမလဲ

မင်္ဂလာပွဲအတွက် ပိုက်ဆံ ဘယ်လိုခြွေတာစွာ အသုံးပြုမလဲ google

သတို့သမီးလေးတွေတိုင်းက တစ်သက်မှာ တစ်ခါ ဆောင်ရတဲ့မင်္ဂလာပွဲကိုအကောင်းဆုံးအခမ်းနားဆုံးလုပ်ချင်ကြမှာအသေအချာပါပဲ။ ငွကြေးကိုလှည့်ကြည့်စရာမလိုတဲ့သတို့သမီးလေးတွေကတော့ စိတ်တိုင်းကျစီစဉ်နိုင်ပေမယ့် ငွေကြေးအတွက်ပူပန်မှုရှိမယ့်

သတို့သမီးလေးတွေအတွက်ကတော့မင်္ဂလာပွဲမှာတချို့အပိုင်းလေးတွေချွေတာနိုင်ဖို့အတွက် မင်္ဂလာပွဲမှာဘယ်အပိုင်းလေးတွေချွေတာမလဲ ဆိုတာလေးအကြံပေးချင်ပါတယ်။

 

 

 မင်္ဂလာဆောင်မယ့် နေရာကတော့ ကိုယ့်ငွေနဲ့ချိန် ပြီးသတ်မှတ်ပေးပါ။

 

 

ဘိသိတ်ဆရာပေါ့နော် ကိုယ်ငွေ မနိုင်ဘူးဆိုရင်အရမ်းနာမည်ကြီးဈေးများတဲ့ဘိသိတ်ဆရာမငှားပဲ တက်သစ်စ နာမည်ယူစဈေးသက်သာတဲ့ဆရာငှားသင့်ပါတယ်။  အချိန်မှန်သူဖြစ်ဖို့တော့လိုပါတယ်။

 

 

အရံတွေအတွက်ဝတ်စုံငှားခ မိတ်ကပ်ခ ချွေတာချင်ရင် အရံ ကို ၂ တွဲ ကျိန်းသေထည့်ရမယ်လို့မဟုတ်ပါဘူး တစ်တွဲပဲထည့်လို့ရပါတယ်။ လက်စွပ်ဗန်းကိုင်နဲ့ပန်းကုံးဗန်းကိုင်ကလဲ ၁ ယောက်ထဲလုပ်လို့ရပါတယ် ။၂ ခုလုံး ၁ ယောက်ပဲကိုင်လို့ရပါတယ်။အဲ့လိုလျော့လိုက်ခြင်းအားဖြင့်ဝတ်စုံ၃စုံစာနဲ့မိတ်ကပ် လက်ဝတ်ရတနာ ၂ယောက် ၊ ဖိနပ်၃ယောက်စာသက်သာသွားမှာပါ။

 

 

 နောက်ထက်တစ်ခုကတော့ဖိတ်စာပါ...ကာယကံရှင်နဲ့ဆွေမျိုးတွေလောက်သာသိမ်းထားပေမယ့်ကျန်တဲ့လူတွေအတွက်ကတော့အချိန်တန်ရင်ပျောက်သွားတဲ့အရာမို့ဈေးကြီးတာကြီးတွေမလုပ်ပဲလျော့မယ်ဆိုရင်လျော့လို့ရပါတယ်။

 

 

လက်ဖွဲ့ကမ်းလဲအတူတူပါပဲ ကိုယ့်မှာငွေကြေးချွေတာဖို့လိုအပ်တယ်ဆိုရင်ဆိုင်မှာဈေးအသက်သာဆုံးနဲ့အသုံးဝင်မှာရှာယူလို့ရပါတယ်။

 

 

အဝင်အဝ ပန်းကုံး နဲ့ လျောက်လမ်းပန်းတိုင်အတွက်က

ပန်းကုံးအပြည့်ဆိုရင်ဈေးများပါတယ်။ဘောလုံးကလဲအပြည့်ဈေးများတယ်လို့ထင်ရင်တစ်ဝက်ကလေးကိုဈေးသက်သက်သာသာနဲ့လှအောင်လုပ်ခိုင်းပါလျောက်လမ်းကိုလဲဘောလုံးလေးနည်းနည်းနဲ့အလှဆင်လို့ရပါတယ်။အကုန်အကျသက်သာမှာပါ။

 

 

သတို့သမီး/ အရံလက်ဝတ်ရတနာကိုနာမည်ကြီးMUAတွေဆီကမယူပဲသက်သက်ငှားတာဝယ်တာကပိုသက်သာပါတယ်။ ရင်ကပ်ပန်းလဲအဲ့ဒီလိုပါပဲ ကိုယ်တိုင်လုပ်လို့တောင်ရပါတယ်။

 

 

ခန်းဝင်ပစ္စည်းအပေါ်အရမ်းစိတ်မဖိစီးပါနဲ့ကိုယ်အဆင်ပြေရင်ပြေသလိုအချိန်မရွေးလဲလို့ရလို့ မတတ်နိုင်သေးရင်ကြိတ်သားကောင်းတဲ့ထဲကဝယ်လို့ရပါတယ်။ ခန်းဝင်ပစ္စည်းကိုအိမ်ထောင်ဦးအစမှာထဲကအကောင်းစားတွေဝယ်ရမယ်ဆိုတဲ့ လူကြီးတွေရဲ့ စကားတွေကို မေ့ပစ်ပြီး stress တွေလျော့လိုက်ပါ။ ကိုယ် တွေ စုမိဆောင်းမိလာမှ တခုချင်း ဝယ်လို့ရပါတယ်။

 

 

တချို့ဆို ခန်းဝင် ပစ္စည်းနဲ့ honey moonအတွက်ကို လက်ဖွဲ့ငွေရပီးမှတောင်စီစဉ်ကြတာတွေ့ဖူးပါတယ်။ ချွေတာတယ်ဆိုပေမယ့်လဲ pre-wedding ပုံ က တစ်သက်လုံးထောင်ရမှာဖြစ်လို့ အရွေးမမှားဖို့လိုပါတယ် အကုန်ကျသက်သာချင်လို့ indoor

ရိုက်ရင်တချို့studioတွေကပြဇာတ်နောက်ခံကြီးလိုတောဆန်တတ်ပါတယ်။ ၂ နာရီနဲ့ ပြီး သွား မယ့်ပွဲ မှာ တစ်သက်လုံးကျန်ခဲ့မှာက photo and video မို့ ပွဲနေ့ ဓာတ်ပုံဆရာကလဲအထူးအရေးကြီးပါတယ်။ လက်ထပ်လက်စွပ်ကိုလဲစိန်လက်စွပ်ဖြစ်မှရမယ်လို့ မဟုတ်ပါဘူးနော် ။ မောင်းကွင်းလေးတွေလည်းရပါတယ်။ အတူလျောက်ရမယ့် ဘဝခရီးချောမွေ့အောင် ဗြောင်မောင်းကွင်းလေးတွေကိုပဲ မင်္ဂလာလက်စွပ်အဖြစ်သုံးတဲ့ အယူအဆလည်းရှိတာမို့ ။ စိန်လက်စွပ်မဖြစ်လည်းရပါတယ်နော်။ တချို့သတို့သမီးလေးတေပွဲထွက်ချင်ပါရက်နဲ့သူများ ကုန်တာကြည့်ပီးမတတ်နိုင်ဘူး ထင်လို့ပွဲမထွက်လိုက်ရတာမျိုးဖြစ်တတ်ပါတယ်။ ချွေချွေတာတာလုပ်ကြည့်ရင်အဆင်ပြေသွားမှာပါနော်။

 

 

 

Myanmar Wedding Guide

Read times Last modified on Monday, 03 June 2019 14:05
Rate this item
(1 Vote)
Tagged under