အိမ်ထောင်ရှင်တွေလိုက်နာသင့်တဲ့အချက်များ

အိမ်ထောင်ရှင်တွေလိုက်နာသင့်တဲ့အချက်များ

အိမ်ထောင်ရှင်တွေ မှတ်သားလိုက်နာသင့်တဲ့ အချက်များကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ကိုယ့်ခင်ပွန်းကို ဘယ်တော့မှမဟောက်ပါနဲ့၊ မအော်ပါနဲ့။ သူ့ကိုမရိုသေခြင်း လက္ခဏာပြသပါ။

 

ကိုယ့်ခင်ပွန်းရဲ့ အားနည်းချက်တွေကို မိသားစုဝင်၊ သူငယ်ချင်းတွေကိုမပြောပြပါနဲ့။ လင်မယားဆိုတာတစ်ဦး အကြောင်းတစ်ဦး ထိန်းသိမ်းဖို့လိုအပ်ပါတယ်။

 

အမူအရာ၊ အစောင်းအမြောင်းတွေနဲ့ မိမိခင်ပွန်းကိုမဆက်ဆံပါနဲ့။

 

အမြဲတမ်းပြန်ခံပြောတတ်တဲ့ အမျိုးသမီးတွေဟာ ပျော်ရွှင်တဲ့အိမ်ထောင်ကိုမပိုင်ဆိုင်ကြရဘူး။

 

ကိုယ့်ခင်ပွန်းကိုတစ်ခြားယောက်ျားတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။

 

ခင်ပွန်းသည်ရဲ့ မာန၊ ဂုဏ်သိက္ခာကိုစော်ကားမိရင်ကိုယ့်အပေါ် သူထားတဲ့ချစ်ခြင်းမေတ္တာလည်းလျော့နည်း သွားပါလိမ့်မယ်။

 

ခင်ပွန်းရဲ့ သူငယ်ချင်းတွေကို မကြိုက်လို့ဆိုတိုင်း မလေးမစားမဆက်ဆံပါနဲ့။ သူတို့တွေကိုရှောင်ဖယ်တတ်အောင်သင့်ခင်ပွန်းအား ပြောပြထားပါ။


မိမိခင်ပွန်းက လက်ထပ်ထားသူဟာ သင့်ကိုပါ။ အိမ်ရှင်မတာဝန်တွေကို မိမိကိုယ်တိုင်ဆောင်ရွက်ပါ။

 

သင့်ခင်ပွန်းသည်ကိုဂရုစိုက်ရမဲ့ တာဝန်အားတစ်ခြားသူကိုမပေးပါနဲ့။ ကိုယ့်ခင်ပွန်းရဲ့ကိစ္စတိုင်းဟာ ဇနီးသည်ရဲ့တာဝန်ဖြစ်ပါတယ်။

Read times
Rate this item
(1 Vote)