ဘာကြောင့် သူ့တစ်ယောက်ထဲကို ရွေးပြီးချစ်တာလဲ

ဘာကြောင့် သူ့တစ်ယောက်ထဲကို ရွေးပြီးချစ်တာလဲ

တစ်ယောက်ကို တစ်ယောက် ချစ်ကြိုက်ဖို့ဆိုတာ ဆန်းကြယ်တဲ့အရာပါ။ စိတ်ပညာရှင်တွေကတော့ ဒီအချက်တွေကြောင့်ပါ။

တူညီမှု ရှိခြင်း

လူတွေက ကိုယ်နဲ့ ယုံကြည်မှုတူတဲ့သူ၊ အလေ့အကျင့်တွေတူတာ စရိုက်တူတာ အတွေးအခေါ်တွေတူတဲ့သူတွေနဲ့ ချစ်ကြိုက်တတ်ကြပါတယ်။


နီးစပ်မှု ရှိခြင်း

တစ်ယောက်နဲ့တစ်ယောက် အနေနီးမှု ခင်မင်မှု ရင်းနှီးမှုကြောင့်လဲ ချစ်ကြိုက်တတ်ကြပါတယ်။


အပြန်အလှန် ချစ်ကြိုက်မှု ရှိခြင်း

တစ်ခြားတစ်ယောက်က ကိုယ့်ကို ချစ်နေတဲ့အခါ ကိုယ်ကလဲ ပြန်ချစ်နိုင်ခြေများပါတယ်။


လိုအပ်ချက် ဖြည့်စည်းပေးနိုင်မှုရှိခြင်း

တစ်စုံတစ်ယောက်က ကိုယ့်ရဲ့လိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်တာကြောင့်လဲ ချစ်ကြိုက်တတ်ကြပါတယ်။


အားကျရတဲ့ အချက်ရှိခြင်း

သူ့မှာ ကိုယ်နှစ်သက်ရတဲ့ ရုပ်ရည်မျိုးရှိတာ ဒါမှမဟုတ် ကိုယ်မြတ်နိုးရတဲ့ စရိုက်လေးတွေ ပြောပုံဆိုပုံ နေထိုင်ပုံလေးတွေရှိတာ ကိုယ်အားကျရတဲ့ အရည်အချင်းတွေ ရှိနေတာ ဒါတွေက တစ်စုံတစ်ယောက်ကို ချစ်ကြိုက်စေဖို့ အချက်တွေပဲဖြစ်ပါတယ်။


ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုရှိခြင်း

တစ်စုံတစ်ယောက်ရဲ့ အသိုင်းအဝိုင်းမှာ ပတ်ဝန်းကျင်မှာ ဝင်ဆံ့နိုင်တဲ့အခါလဲ ချစ်ကြိုက်နိုင်ခြေများပါတယ်။ ကိုယ့်ရဲ့ အသိုင်းအဝိုင်းက လက်ခံတဲ့အတွက်ကြောင့်လဲ ချစ်ကြိုက်တတ်ကြပါတယ်။

 

လိုလားမှု ရှိခြင်း

Relationship တစ်ခု တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေတဲ့အခါမှာ ချစ်ကြိုက်ကြပါတယ်။ တစ်ယောက်တည်းနေရတဲ့ဘဝကနေ တစ်စုံတစ်ယောက်နဲ့ Relationship တည်ဆောက်ဖို့ လိုချင်လာတဲ့အခါမှာပေါ့။


ဆန်းကြယ်မှု ရှိခြင်း

လူတစ်ယောက်ဟာ ကိုယ့်အတွက် ဆန်းကြယ်တဲ့သူဖြစ်နေတာ သူ ကိုယ်အပေါ်မှာ ဘဟ်လိုတွေးနေလဲ ကိုယ်နဲ့ပတ်သတ်ပြီး သူ ဘယ်လို ခံစားနေလဲ ဒီလို မသေချာမှုတွေကနေလဲ ချစ်ကြိုက်မှု ဖြစ်လာတတ်ပါတယ်။


စိတ်လှုပ်ရှားစရာ အခြေအနေရှိခြင်း

စိတ်လှုပ်ရှားစရာကောင်းတဲ့ အခြေအနေတွေ ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေ တူတူ ဖြတ်ကျော်ဖူးတဲ့အခါမှာလည်း ချစ်ကြိုက်သွားတတ်ပါတယ်။

Read times
Rate this item
(1 Vote)
Tagged under