မင်္ဂလာဆောင်အခမ်းအနားအပြင်အဆင်တွင် ပြုလုပ်သင့်သည့်အချက်များ - ၂

မင်္ဂလာဆောင်အခမ်းအနားအပြင်အဆင်တွင် ပြုလုပ်သင့်သည့်အချက်များ - ၂

ဆောင်းဦးပေါက်ချိန် မင်္ဂလာဆောင်တာလောက် နှစ်သက်စရာ ဘာမှမရှိတော့ပါဘူး။

ရွက်သစ်ဝေချိန်၊ လတ်ဆတ်တဲ့ လေနဲ့ နှစ်သက်စရာကောင်းတဲ့ အငွေ့အသက်တွေ လွှမ်းခြုံလို့ မင်္ဂလာဆောင်ဖို့ အပြည့်စုံဆုံး အချိန်ပဲပေါ့။

သင့်အနေနဲ့ ဆောင်းဦးမင်္ဂဆောင် ပြုလုပ်ဖို့ စီစဉ်နေပါသလား။ ဒီလိုအစီအစဉ်အတွက် အကောင်းဆုံးလိုက်ဖက်မယ့် အကြံပြုချက်တွေကို စိတ်ထဲနှစ်သက်သလို လက်ခံစေချင်ပါတယ်။

၆။ လိုအပ်သလို ပြင်ဆင်ခင်းကျင်းခြင်း

လိုအပ်သလို အလှဆင်ခင်းကျင်းဖို့အတွက် ဆိုရင် သင့်ခြံဝင်းထဲမှာရှိတဲ့ စိမ်းစိုလှပတဲ့ သစ်ရွက်တွေ၊ ရောင်စုံသစ်ရွက်တွေနဲ့ ပန်းပင်တွေများရှိခဲ့ရင် ဒါတွေကို အလိုက်သင့် သုံးလို့ရပါတယ်။ ပတမဦးဆုံး စိမ်းစိုတဲ့ သစ်ရွက်တွေ ခင်း၊ နောက်ပြီး သင့်ရဲ့ ပန်းပင်တွေနဲ့ ထပ်ဆင့် အလှချယ်လို့ ရပါတယ်။ လုပ်သမျှ အလှဆင်ခင်းကျင်းမှုတွေက လိုက်ဖက်ညီဖို့တော့ လိုပါတယ်။

၇။ ပန်းပွင့်ပေါ်က မင်္ဂလာဧည့်ခံပွဲနေရာပြကတ်ပြားများ

ပန်းပွင့်အမျိုးမျိုးအပါအဝင် အားလုံးက အပွင့်အရွယ်အစားမတူဘူး ဆိုရင်ကောင်းပါတယ်။ ဒီလို အလှဆင်ထားတဲ့ အရာတွေက ရာသီနဲ့လိုက်ဖက်စေပြီး မင်္ဂလာပွဲလာ ဧည့်သည်တွေကို ပွဲရဲ့ ထူးခြားမှု အသေးစိတ်ကို မြင်တွေ့စေမှာပါ။

၈။ ဖဲကြိုးတွေနဲ့ မင်္ဂလာဧည့်ခံပွဲ နေရာပြကတ်ပြားများကို အလှဆင်ခြင်း

နေရာပြကတ်ပြားတွေကို ဖဲကြိုးတွေနဲ့ ပိုမိုတင့်တယ်စေဖို့အတွက် အလှဆင်နိုင်ပါတယ်။ ဖဲကြိုးတွေက ပန်းပွင့်၏အရောင်တွေနဲ့ လိုက်ဖက်အောင်  လုပ်မယ်ဆိုရင် ကောင်းမှာပါ။

၉။ မင်္ဂလာဧည့်ခံပွဲစားပွဲတွေကို စက္ကူအလှဆင်ခြင်း

တူတွေ၊ ခက်ရင်းတွေ၊ ဇွန်းတွေပါဝင်တဲ့ ဧည့်ခံပွဲစားပွဲတွေကို စနစ်တကျနဲ့ ခေတ်မီသားနားခံ့ညားစွာ စက္ကူအခင်းတွေနဲ့ အလှဆင်ပါ။ ဧည့်သည်တွေရဲ့ အမည်တွေကို ကတ်ပေါ်မှာ အဖြူရောင်ဆေးသား နဲ့ ရေးမှတ်ပါ။

၁၀။ ပန်းအဆုပ်လိုက်ပြုလုပ်ခြင်း

ပန်းအဆုပ်လိုက်လေးလုပ်ပြီး Place Card တွေကို အလှဆင်ပါ။ ဒီလိုလုပ်ခြင်းက မင်္ဂလာစားပွဲတွေကို သဘာဝဆန်ဆန်လှပစေပြီး ရိုးရိုးလေးနဲ့ အပြည့်အ၀နှစ်လိုဖွယ်ကောင်းအောင် နွေးထွေးကြိုဆိုမှုကို ခံစားစေမှာပါ။

Read times Last modified on Wednesday, 19 September 2018 17:54
Rate this item
(2 votes)