အနောက်တိုင်းဆန်ဆန်ကျင်းပတဲ့ မင်္ဂလာပွဲတွေမှာ ဘယ်လို Slow Dance ကမလဲ ?

အနောက်တိုင်းဆန်ဆန်ကျင်းပတဲ့ မင်္ဂလာပွဲတွေမှာ ဘယ်လို Slow Dance ကမလဲ ?

ဒီကနေ့အဓိကထားပြောသွားမှာကတော့အနောက်တိုင်းမင်္ဂလာပွဲတွေမှာ သတို့သား သတို့သမီး ရော ၊ ဧည့်သည်တွေရော ကတဲ့ Romantic Slow Dance အကြောင်းလေး fact လေးအနည်းငယ်ကိုပြောပြချင်တာပါ အကကို စိတ်ပါဝင်စားတဲ့ Beginners လေးတွေအနေနဲ့က အနေအထားသိထားရုံဖတ်ရှုသင့်ပါတယ်။

 

အချိန်ရမှ Tango အကြောင်းတွေ Broken Tango အကြောင်းတွေဆက်ရေးချင်ပါတယ် "Dance make you smarter” , "A man who can dance is seriously sexy"စတဲ့ quotes လေးတွေကိုကြည့်ချင်းအားဖြင့်ဆွဲဆောင်မှု့ရှိတဲ့ အမျိုးသားတွေအတော်များများပာာအကကောင်းကျပါတယ်။

 

Hollywood ရဲ့ ဇာတ်လိုက်ကျော်ကြီးဖြစ်တဲ့ Gene Kelly ပာာလဲ အတော်အကကောင်းသူပါ။ထို့ပြင် အော်စကာဆုရှင် အင်္ဂလိပ်မင်းသားကြီး Colin Firth လည်းအကအတော်ကောင်းပါတယ်။သူရဲ့ Easy Virtue ဆိုတဲ့ကားမှာ Colin ပာာ Tango ကသွားတာသူကတတ်မှန်းအရမ်းသိသာပါတယ်ကည့်နေရတာနဲ့ကိုအမျိုးသမီးတစ်ယောက်အနေနဲ့ ရူးလောက်ပါတယ်။

 

စကတော့မယ်ဆို သံစုံတီးဝိုင်းသို့ယနေ့ခေတ်ဆို Audio သမား သို့ (DJ ပေါ့ရှင်) သီချင်းအရင်တောင်းရပါမယ် Slow Dance နဲ့လိုက်ဖက်မဲ့ Classical သီချင်းတခုပေါ့။Recommend တောင်းလို့ Recommend ပေးရမယ်ဆိုရင်တော့ဖြင့် Elvis Presley ရဲ့ Love me Tender ကို Slowdance ကသင့်ပါတယ်။ သူ့ရဲ့ Classical version ပါ Elvis ရဲ့ Can't help falling in love သီချင်းလေးလဲကလို့အဆင်ပြေပါတယ်ရှင်။

 

အမျိုးသားတစ်ယောက်အနေနဲ့ အမျိုးသမီးတစ်ယောက်ကို ကတော့မယ်ဆိုလူကြီးလူကောင်းပီသစွာ ပထမဦးစွာခွင့်တောင်းရပါတယ်။ ခွင့်တောင်းမယ်ဆိုရင်တော့ဖြင့် ပုံစံနှစ်မျိုးဖြင့်တောင်းလို့ရပါတယ် နှုတ်ကတော့ကျွန်တော်အတူကလို့ရမလားလို့ပြောပေါ့ရှင်။

 

ခါးလေးမသိမသာကုန်းပြီး လက်တစ်ဖက်ကိုနောက်ပြစ်ပြီးကျန်တစ်ဖက်က အမျိုးသမီးကိုလက်ကမ်းပြီးခွင့်တောင်းလို့ ရသလို ဒူးတစ်ဖက်ထောက်ရပ်အနေအထား နဲ့တစ်ဖက်ကိုဒူးထောင်ကာထောက်ပြီးလက်တစ်ဖက်အနောက်ပစ်ထားလျက် ကျန်တစ်ဖက်ကလက်ကမ်းကာလည်း ကဖို့ခွင့်တောင်းလို့ရပါတယ်။

 

ကိုယ့်နဲ့ရင်းနီးတဲ့ အမျိုးသမီးဆိုလက်ပြန်ကမ်းပေးရင်လက်ကိုနမ်းလို့ရပါသေးတယ်ရှင်။ခန္ဓာကိုယ်ကိုပျော့ပြောင်းတည့်မတ်စွာနေပေးပါ။ညာလက်က အမျိုးသမီးကြောကိုထားပြီး ကျန်တစ်ဖက်လက်ကို ဆန့်တန်းကာအမျိုးသမီးလက်ကိုကိုင်ထားရပါမယ်။ရင်းနှီးတဲ့အမျိုးသမီးဆို ညာလက်ကို ခါးနားထားလို့လည်းရပါသေးတယ်ရှင်။သူများနိုင်ငံမှာ က ကိစ္စမရှိပေမဲ့ မြန်မာနိုင်ငံမှာကကျ ကိစ္စရှိနေလို့ပါ ။

 

ခြေထောက်ကိုကျ အလိုက်သင့် နဲ့ ဘယ်ညာလှုပ်ရမ်းကြည့်ပါခြေထောက်ထားနည်းကိုသက်သက်ထပ်ပြောပြပေးပါအုံးမယ်။စစချင်းဆိုရင်တော့ဖြင့်သတိထားရမှာ တွဲကတဲ့လူကိုမနင်းမိစေအောင်တော့သတိထားပေးပေါ့ရှင်။

 

အဲ့လိုတွဲကတဲ့ အချိန်မှာ အမျိုးသားနဲ့အမျိုးသမီးပာာ အနည်းကပ်ဆုံးနဲ့ စိတ်ပေါင်းစုံနေတဲ့အချိန်ပါတဲ့။ကိုယ့် crush ဆိုရင်တော့ တခါတည်းအခြေအနေပာန်ရင်ဖွင့်သာပြောပြစ်ပါ လို့အကြံပေးပါရစေ။

 

ကပွဲအခန်းအနားတွေမှမကပဲ ကိုယ့်ရည်းစားလေးနဲ့ outdoor date တဲ့အချိန်မှာလဲ juke box လေးဖွင့်ပြီး သီချင်းသံတိုးတိုးလေးနဲ့ Romance ဆန်ပြီးအတူကလို့ရပါသေးတယ်။ကြည့်ရတာသိပ်လှတဲ့ မြင်ကွင်းပါ။clumsy ဖြစ်ပြီးကတိုင်းသူများခြေထောက်နင်းမိတတ်တဲ့သူဆိုရင်တော့ ဘေးရောက်နိုင်ပါတယ်။

 

<<< Zawgyi >>>

 


----------------------------------------------------------

 


 


 


 


 


 


 


 


 


 


 

Ref ; Romantic Scope

Read times
Rate this item
(0 votes)
Tagged under