သတို့သမီးအရံလေးတို့ ဆောင်ရန်ရှောင်ရန်

သတို့သမီးအရံလေးတို့ ဆောင်ရန်ရှောင်ရန် google.com

ကိုယ့်မင်္ဂလာပွဲအတွက် အရံရွေးချယ်တဲ့အခါမှာ သတိထားရမယ့်အချက်တွေ ရှိသလို အရံလုပ်ပေးမယ့်သူတွေကို

ကြိုတင်ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေကို ပြောပြထားဖို့လိုပါတယ်နော်။ နှစ်ဦးနှစ်ဖက် အားလုံးအဆင်ပြေဖို့ လိုပါတယ်။ သတို့သား၊ သတို့သမီးအရံ လုပ်မယ့်သူတွေအနေနဲ့ ဆောင်ရန် ရှောင်ရန်လေးတွေ သိထားရအောင် ပြောပြပေးလိုက်ပါတယ်။

 

ဆောင်ရန်

သတို့သမီးလေးရဲ့တိုင်ပင်ဖော်

သတို့သမီးအရံလေးတွေအနေနဲ့ သတို့သမီးလေးကို အကောင်းဆုံးဖြစ်အောင် ဝန်းရံပေးဖို့လိုပါတယ်နော်။ သတို့သမီးလေးအတွက် ညီအမအရင်းလို သူငယ်ချင်းကောင်းတစ်ယောက်လိုအကြံဥာဏ်ပေးတာ၊ ဝန်ဆောင်မှုတွေကူပြီး ရှာဖွေပေးတာမျိုးကူညီပေးသင့်ပါတယ်။ အလှအပဆိုင်ရာမှာလည်း သတို့သမီးအရံလေးတို့ ကိုယ့်အတွက်ဦးစားမပေးဘဲ သတို့သမီးလေးအလှအပအတွက်ဦးစားပေးပြီး ပြင်ဆင်တာမျိုးလုပ်ပါနော်။

 

စည်းစည်းလုံးလုံးရှိပါ

မင်္ဂလာဆောင်ဆိုတာ လူအများကြီးနဲ့စုပေါင်းပြီး ကျင်းပတဲ့ပွဲလေးပါ။ ဒီတော့သတို့သမီးလေးအရံအနေနဲ့လည်း တခြားလူတွေနဲ့စည်းလုံးဖို့လိုပါတယ်နော်။ အဝတ်အစား၊ မိတ်ကပ်နဲ့လက်ဝတ်လက်စားကအစတခြားသူတွေနဲ့ဆင်တူဖြစ်ဖို့ လိုပါတယ်။ သတို့သား၊ သတို့သမီးလေးတို့ကလိုက်ဖက်ညီမယ်လို့ထင်တဲ့ သတို့သားအရံနဲ့တွဲဖက်ပေးတာကို လက်ခံဖို့လိုပါတယ်။

 

ရှောင်ရန်

မင်္ဂလာမောင်နှံရဲ့အကြောင်း

သတို့သမီးအရံလေးတွေအနေနဲ့ မင်္ဂလာမောင်နှံရဲ့အဆင်ပြေခြင်း၊ မပြေခြင်းတွေကို သိထားဖို့လည်းလိုပါတယ်နော်။ မင်္ဂလာမောင်နှံက အရံလေးတွေအတွက် ကုန်ကျစရိတ် ဘယ်လောက်သုံးမလဲဆိုတာကိုလည်း သိထားဖို့လိုပါတယ်။ အရံလေးတွေအနေနဲ့ ဟိုလိုဖြစ်ချင်တယ်၊ ဒီလိုဖြစ်ချင်တယ်ဆိုတာမျိုး မရွေးချယ်မိဖို့လိုပါတယ်နော်။ ဘယ်အရာမဆို မင်္ဂလာမောင်နှံနဲ့ညှိနှိုင်းပါ။

 

မတက်ကြွတာ

မင်္ဂလာပွဲဆိုတာ သတို့သား၊ သတို့သမီးလေးတို့အတွက် အရေးကြီးတဲ့ ပွဲလေးတစ်ပွဲပါပဲနော်။ ဒီလို ပွဲမှာပါဝင်မယ့် သတို့သမီးအရံတစ်ယောက်အနေနဲ့တက်ကြွဖို့လိုပါတယ်။ သူတို့ရဲ့အပျော်တွေ ကိုယ့်ဆီကူးစက်ဖို့ လိုသလို ကိုယ့်အပျော်တွေလည်း သူတို့ဆီကူးစက်ဖို့ လိုပါတယ်နော်။ ကိုယ်က သတို့သမီးအရံအဖြစ်ပါဝင်မယ်ဆိုရင်တော့ မင်္ဂလာပွဲစီစဉ်တာတွေမှာ တက်ကြွပျော်ရွှင်ဖို့လိုပါတယ်။

 

သတို့သမီးအရံအနေနဲ့ပါဝင်မယ့်သူတွေအနေနဲ့ မင်္ဂလာပွဲလေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေ သိထားပြီးပြီဆိုတော့ ကြိုတင်ပြီးပြင်ဆင်ထားလို့ရမှာပါနော်။

 

Source : Marry

Myanmar Wedding Guide

 

Read times Last modified on Monday, 11 March 2019 10:26
Rate this item
(1 Vote)