ဖိတ်စာကဒ်ကို အရိုးရှင်းဆုံး လုပ်မယ်ဆိုရင်

ဖိတ်စာကဒ်ကို အရိုးရှင်းဆုံး လုပ်မယ်ဆိုရင် google

တစ်သက်မှာတစ်ခါအမှတ်တရဖြစ်ချင်လို့အကောင်းဆုံးတွေကို စဉ်းစားကြမယ်ဆိုရင်တော့ ကောင်းပါတယ်။

ငွေကြေးတတ်နိုင်တဲ့သူတွေမို့ ချဲ့ကားနိုင်သလောက် ချဲ့ကားတာအဆင်ပြေလှပါတယ်။ ပြည်တွင်းဖိတ်စာတွေက ဆွေစဉ်မျိုးဆက် ခုနစ်ဆက်လုံးအပြင် ဘွဲ့ထူးဂုဏ်ပကာသနတွေပါထည့်ကြတော့ မင်္ဂလာဖိတ်စာဖတ်ရတာ ၀တ္တုတိုတစ်ပုဒ်ဖတ်ရသလိုမျိုး အပိုစာသားတွေပါတာ မဆန်းတော့ပါဘူး။

 

 

ပြည်ပမှာတော့ အဖိုးနည်းဝန်ပါ Save the date ဆိုတဲ့ ကဒ်လေးတွေကို သုံးကြပါတယ်။ အချို့ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်နဲ့ စက္ကူတွေကတ်ပြားတွေမသုံးဘဲ စီဒီတွေကို သုံးကြပါတယ်။ Save the date ဆိုတဲ့ ကဒ်လေးကို အရိုးရှင်းဆုံး ပြင်ဆင်ပြီး မင်္ဂလာသတို့သား၊ သတို့သမီးနာမည်လေးနဲ့ မင်္ဂလာဆောင်မည့်နေ့ရက်၊ အချိန်၊ နာရီ၊ နေရာလေးကိုပဲ ဖော်ပြထားပါတယ်။ ဖိတ်စာကဒ်လုပ်မယ်ဆိုရင်တော့ အရိုးဆုံးက အရှင်းဆုံး အကောင်းဆုံးပါပဲလို့ ဆိုထားပါတယ်။ ကိုယ့်ရဲ့စိတ်ကူးကောင်းကောင်းနဲ့ လုပ်နိုင်မယ်ဆိုရင် ကိုယ်တိုင်လုပ်တဲ့ ရိုးရိုးစင်းစင်း Hand Made ဖိတ်စာလေးတွေကို ချစ်စဖွယ် ဖန်တီးနိုင်ပါတယ်။

 

 

ဖိတ်စာရိုက်ခသက်သာတဲ့အပြင် တစ်သက်လုံးမှာ တကယ့်ကို အမှတ်တရ ဖြစ်သွားနိုင်ပါတယ်။ Hand Made ဖိတ်စာလေးတွေအတွက် စက္ကူအရောင်စုံလေးတွေ၊ ကဒ်ပြားလှလှလေးတွေဝယ်ပြီး သာမန်စာစီစာရိုက်၊ ကွန်ပျူတာ၊ ပရင်တာလေးတွေနဲ့ လုပ်လို့ရနိုင်ပါတယ်။ ယခုလို အိုင်တီခေတ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်လေးနဲ့ ဖေ့ဘုတ်၊ အီးမေးလ်တွေ ကနေ တစ်ဆင့် မင်္ဂလာဖိတ်စာလေးတွေ ဖန်တီးနိုင်ပါတယ်။ မိမိဖိတ်လိုတဲ့သူတွေကို သီးသန့်ရွေးဖိတ်ပြီး စာမျက်နှာတွေပေါ်မှာ ပွဲလာနိုင် မလာနိုင် တစ်ခါတည်း အကြောင်းပြန်လို့ ရတဲ့အတွက် ဧည့်ခံရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ပါတယ်။

 

 

Author: NLP

 

Myanmar Wedding Guide

Read times
Rate this item
(2 votes)
Tagged under