မိန်းကလေးများတွင် ဆွဲဆောင်မှုရှိတဲ့အချက်များ

မိန်းကလေးများတွင် ဆွဲဆောင်မှုရှိတဲ့အချက်များ

မိန်းကလေးတစ်ယောက်ရဲ့ အပြုံးချိုချိုလေးတွေက ဆွဲဆောင်မှုရှိတယ်။

မိန်းကလေးတစ်ယောက်ရဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးအဆက်လေးတွေက ဆွဲဆောင်မှုရှိတယ်။

 

မိန်းကလေးတစ်ယောက်ရဲ့ အရေပြားပေါ်မှာရှိတဲ့ သနပ်ခါးပါးကွက်လေးတွေနဲ့ မိတ်ကပ်ပါးနီလေးတွေကလည်း
ဆွဲဆောင်မှုရှိနေတတ်တယ်။

 

မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုဆိုတာ ဒါတွေတင်ပဲလား?


မိန်းကလေးတစ်ယောက်မှာ အခြားသောဆွဲဆောင်မှုရှိတဲ့ အရာလေးတွေ အများကြီးရှိနေတတ်ပါတယ်။

 

နှလုံးသား
သူမရဲ့ ကြင်နာတတ်တဲ့ နှလုံးသား။ နူးညံ့တဲ့ နှလုံးသား။ မိန်းမဆန်တဲ့ နှလုံးသား။ ဒီနှလုံးသားဟာ
မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုအရှိဆုံး အရာတွေပဲဖြစ်ပါတယ်။

 

အမူအကျင့်
ထက်မြက်တဲ့ မိန်းကလေးက ထက်မြက်မှု။ နူးညံ့တဲ့ မိန်းကလေးက နူးညံ့မှု။ ဒီလို သွင်ပြင်လေးတွေဟာလည်း
ယောက်ျားတစ်ယောက်ရဲ့ စိတ်အာရုံကို ဆွဲဆောင်မှုပိုစေပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ပင်ကိုယ်ဟန်လေးကိုလည်း အထင်အရှား
ဖြစ်စေပါသေးတယ်။

 

စိတ်နေစိတ်ထား
စိတ်ထားဖြူစင်တဲ့ မိန်းကလေး။ စိတ်ထားဖြောင့်မတ်တဲ့ မိန်းကလေး။ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ထားဟာ
အရေးကြီးပါတယ်။ ယောက်ျားလေးတွေဟာ အဆင်းလှတဲ့ မိန်းကလေးအပေါ် သာယာမိတတ်ရင်တောင် စိတ်ထားလှတဲ့
မိန်းကလေးကိုတော့ တန်ဖိုးထားတတ်ကြပါတယ်။


စကားလုံးလေးတွေ
စကားချိုတဲ့ မိန်းကလေးဟာ အပြောကြမ်းတဲ့ မိန်းကလေးထက် ဆွဲဆောင်မှုပိုနေတတ်တာတော့ သဘာဝပါ။ စကားချိုတာနဲ့
စကားအီတာ မတူပါဘူး။ ချွဲပစ်တဲ့ အအီအပြောမျိုးမဟုတ်ဘဲ ချိုလွင်တဲ့ ပြောလေးတွေဟာ မိန်းကလေးတစ်ယောက်ရဲ့
သိမ်မွေ့မှုကို ဖော်ကျူးရာလည်း ရောက်ပါတယ်။

 

 

Read times
Rate this item
(3 votes)