မောင်အောင်မျိုးခိုင် နှင့် မကေသီမင်းသိန်း

မောင်အောင်မျိုးခိုင် နှင့် မကေသီမင်းသိန်း

အခုပြောပြပေးမှာကတော့ မင်းကွန်းတိပိဋကကျောင်းတိုက်မှာ မြန်မာဆန်ဆန် ထိမ်းမြားလက်ထပ်ခဲ့တဲ့

သတို့သား မောင်အောင်မျိုးခိုင်နှင့် သတို့သမီး မကေသီမင်းသိန်း တို့ရဲ့ထိမ်းမြားမင်္ဂလာပွဲအကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။

10 min

 

မောင်အောင်မျိုးခိုင်နှင့် မကေသီတို့ဟာ Logistics Media Company Ltd. မှာ Department တစ်ခုထဲအတူတူလုပ်ကိုင်ရင်း ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ ချစ်သူတွေစဖြစ်တဲ့အချိန်မှာ ကိုအောင်မျိုးခိုင်ကတော့ Data Department ရဲ့ Assistant Manager အဖြစ်လုပ်ကိုင်နေပြီး မကေသီကတော့ Customer Services Manager အဖြစ်တာဝန်ယူဆောင်ရွက်နေတာပါ။ သူတို့ဟာ ချစ်သူသက်တမ်း () နှစ်ကျော်အကြာမှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

 

2 min

 

လက်ထပ်ဖို့အတွက် နှစ်ဦးနှစ်ဖက်မိဘများကို အသိပေးပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ မှာစေ့စပ်ကြောင်းလမ်းခဲ့ပါတယ်။ နှစ်ဦးစလုံးက ပွဲထွက်ရတာသိပ်မကြိုက်တဲ့အတွက် အရိုးရှင်းဆုံးမင်္ဂလာပွဲလေးပြုလုပ်ဖို့တိုင်ပင်ခဲ့ကြပြီးတော့ နှစ်ဖက်မိဘကလည်း သဘောတူကြည်ဖြူစွာဖြင့် မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်() ရက်၊ ခရစ်သက္ကရာဇ် ၂၄.၁၁.၂၀၁၈ (စနေနေ့) မှာ မင်္ဂလာပွဲပြုလုပ်ခဲ့ကြတာပါ။

 

မင်္ဂလာပွဲလေးကိုတော့ အမှတ်(၁၂)၊ စကားဝါလမ်း၊ ဒဂုံမြို့နယ်မှာရှိတဲ့ မင်းကွန်းတိပိဋကကျောင်းတော် (ငွေရတုခန်းမ) မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ အကျွေးအမွေးအနေနဲ့ကတော့ သီးစုံထောပတ်ထမင်းနဲ့ကြက်သားဆီပြန်၊ ငါးဖယ်၊ ဗာလချောင်ကြော်၊ ကျောက်ပွင့်သုပ်၊ တုန်ရမ်းဟင်းချို၊ ရေခဲမုန့် တို့ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပြီး မင်းကွန်းတိပိဋကကျောင်းတိုက်ကပဲ အစစအရာရာပြင်ဆင်ပေးခဲ့ပါတယ်။ ငွေရတုခန်းမကတော့ လူ (၄၀၀)ဆံ့ပါတယ်။ ဖိတ်စာဒီဇိုင်းကတော့ နှစ်ယောက်သားကြိုက်နှစ်သက်တဲ့ ကာဗာကို ငွေရောင်စာလုံးရေးထိုးပြီး အတွင်းသားစာမျက်နှာကိုတော့ ဖယောင်းစက္ကူပေါ်မှာ စာသားကို အနက်ရောင်နှင့် ဒီဇိုင်းဆင်ထားတာလေးကို ရွေးချယ်ခဲ့ပါတယ်။ ဖိတ်စာအစောင်ရေ ၃၅၀ ဖိတ်ခဲ့ပြီးတော့ ဖိတ်စာကို ကျောက်တံတားမြို့နယ်မှာ ကိုယ်တိုင်သွားရောက်မှာယူခဲ့ပါတယ်။

 

5 min

 

 

7 min

 

မင်္ဂလာလက်မှတ်ရေးထိုးတာကိုတော့ ရန်ကုန်တိုင်းဒေသကြီး တရားရုံးမှာရေးထိုးခဲ့တာဖြစ်ပြီး အဲ့ဒီနေ့ မိတ်ကပ်ပြင်ဆင်တာကိုတော့ လင်းလင်း(တောင်ကြီး) ကပြင်ပေးခဲ့တာပါ။ PreWedding ကိုတော့ Aroma Zulu Wedding Studio မှာရိုက်ခဲ့တာပဲဖြစ်ပါတယ်။

 

မင်္ဂလာပွဲနေ့မှာတော့ မြန်မာဝတ်စုံကိုပဲ ဝတ်ဆင်ခဲ့ပြီး မိတ်ကပ်ပြင်ဆင်တာကို လင်းလင်း(တောင်ကြီး) ကပဲပြင်ပေးခဲ့တာဖြစ်ပါတယ်။ ပွဲနေ့မိတ်ကပ်ပြင်ဆင်စရိတ်ကတော့ ၁၅၀၀၀၀ ကုန်ကျခဲ့ပြီးတော့ ဝတ်စုံကိုတော့ မိမိကိုယ်ပိုင်စိတ်ကူးထဲကပုံစံတိုင်းပုံဖော်ပြီး ဝတ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။ ပွဲနေ့နဲ့ မင်္ဂလာလက်မှတ်ရေးထိုးတဲ့ အမှတ်တရပုံရိပ်တွေကိုတော့ Photo Magic က ပုံဖော်ရိုက်ကူးပေးခဲ့တာပဲ ဖြစ်ပါတယ်။

 

8 min

 

ညစာစားပွဲကိုတော့ ရွှေဘုံသာလမ်းမှာရှိတဲ့ ရွှေဘဲစားတော်ဆက်မှာ သူငယ်ချင်းမိတ်ဆွေများနဲ့ ပျော်ပျော်ပါးပါးဖြတ်သန်းခဲ့ကြတာပါ။ မင်္ဂလာပွဲကျင်းပပြုလုပ်ပြီး ပင်ပန်းခဲ့သမျှတွေကို ချင်းပြည်နယ်မှာရှိတဲ့ နတ်မတောင်ကို နှစ်ညအိပ်သုံးရက်ခရီး ဟန်းနီးမွန်းသွားပြီး Win Unity Hotel မှာ အပန်းဖြေရင်း အနားယူခဲ့ပါတယ်။ မင်္ဂလာပွဲအစအဆုံးကုန်ကျစရိတ်ကတော့ ၈၅ သိန်းခန့်ကုန်ကျခဲ့ပါတယ်။

 

Myanmar Wedding Guide 

Read times Last modified on Thursday, 28 March 2019 15:38
Rate this item
(2 votes)
Tagged under