မင်္ဂလာဖိတ်စာ နဲ့ ပြန်ကမ်းလက်ဆောင်လေးတွေ ပြင်ဆင်ရမည့် ဆောင်ရန်ရှောင်ရန်များ

မင်္ဂလာဖိတ်စာ နဲ့ ပြန်ကမ်းလက်ဆောင်လေးတွေ ပြင်ဆင်ရမည့် ဆောင်ရန်ရှောင်ရန်များ google

တစ်သက်မှတစ်ခါသာ ပြုလုပ်ရတဲ့ မင်္ဂလာပွဲမှာ ဖိတ်စာ နှင့် Wedding door gifts အခန်းကဏ္ဏ လဲမေ့ထားလို့မရတဲ့ အခန်းကဏ္ဏ တစ်ခုပါ။

စုံတွဲလေးတွေက Wedding တွက် Venue တွေ ဝတ်စုံတွေ ကို သာဦးစားပေးပြီး ရွေးချယ်လေ့ရှိပေမယ့် မေ့မထားသင့်တဲ့ Wedding Invitation card ကို ဂရုပြုဖို့ မေ့နေတတ်ပါတယ်။ Wedding Invitation ကိုသေချာလေးရွေးချယ် ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် သင်ဖိတ်ကြားမယ့် ဧည့်သည်တော်တွေ ပထမဦးဆုံး သတိထားမိမယ့် အရာဟာ သင့်ရဲ့ Wedding Invitation Card မို့လို့ပါ။ Invitation card နည်းတူ Wedding door gift ကိုလဲမေ့ထားလို့မရပါဘူး။ ပွဲကို တက်ရောက်ချီးမြှင့်ပေးတဲ့ ဧည့်သည်တော်များကို ကျေးဇူးတင်သည့်အနေနှင့် ပြန်လည်လက်ဆောင်ပေးတဲ့ ဓလေ့က ဟိုးအရင် ခေတ်ထဲက ပြုလုပ်လာတဲ့ ဓလေ့တစ်ခုဖြစ်လို့ မမေ့မလျော့ထည့်သင့်တဲ့ အခန်းကဏ္ဏပါ။ ဒီနေ့မှာတော့ Wedding Invitation Gift cards နှင့် Wedding Door Gift ပြင်ဆင်ရန် ဆောင်ရန်ရှောင်ရန်လေးတွေရေးပေးလိုက်ပါတယ်။

 

 Set the Budget

 

Wedding Invitation cards နှင့် doors gift များအတွက် ဈေးနှုန်းက မလိုအပ်ပဲ ကြီးသွားနိုင်တဲ့အတွက် Budget ကို သတ်သတ်မှတ်မှတ် Set လုပ်ထားရမှာပါ။ မိမိတို့ သုံးမည့် ဖိတ်စာအမျိုးအစား၊ ပစ္စည်းအမျိုးအစားများ က အရေအတွက် အများကြီးမှာယူရမှာဖြစ်တဲ့အတွက် Budget ကိုကြည့်ပြီး မိမိတို့ budget ထဲဝင်မယ့် အမျိုးအစား ကိုသာ မှာယူသင့်ပါတယ်။

 

 

Listdown ချရေးထားပါ

 

မိမိတို့ဖိတ်ကြားမည့် ဧည့်သည်အရေအတွက်ကို List လုပ်ထားရပါမယ်။ ဒါမှသာ သင်ဖိတ်ကြားရမည့် ဧည့်သည် အရေအတွက်ကို သိရမှာဖြစ်ပြီး ဖိတ်စာနှင့် လက်ဆောင် မှာရမည့် အရေအတွက်ထွက်လာမှာဖြစ်ပါတယ်။ Extra အနည်းငယ်ပိုမို၍ မှာထားဖို့လဲမမေ့ပါနဲ့။

 

 

 ကြိုတင်ပြင်ဆင်ခြင်း

 

Invitation card ကိုစတင်ရွေးချယ်ရာတွင် ကိုယ့်စိတ်ကြိုက်ဒီဇိုင်းကို စိတ်ကြိုက်ရှာဖွေရပါမယ်။ Online Research တင်မဟုတ်ပဲ လူကိုယ်တိုင်သွားရောက်၍ လေ့လာသင့်ပါတယ်။ မိမိနှစ်သက်တဲ့ ဒီဇိုင်းကို တွေ့ပြီ စတင်အပ်ပြီဆိုရင်တော့ ကြာမြင့်မည့် အချိန်ကို မေးရမှာပါ။ စောစောရလေ ကောင်းလေဖြစ်လို့ တတ်နိုင်သမျှ ကြိုတင်ပြင်ဆင်ထားပါ။ Wedding door gift အတွက်လဲ ထိုနည်း၎င်း ပါပဲ။

 

 

 အကြိမ်ကြိမ်အခါခါ စစ်ပါ

 

အရေအတွက်အများကြီး မထုတ်ခင် Sample ထုတ်ခိုင်းပြီး Invitaion Card တွေ gift တွေက ကိုယ်လိုချင်တဲ့ ပုံစံ ဟုတ်မဟုတ်သေချာစွာ စစ်ပါ။ ရိုက်နှိပ်ထားတဲ့ စာလုံးပေါင်းတွေ မှန်ရဲ့လား၊ အချိန်တွေ နေရာတွေမှန်ရဲ့လား၊ မိမိ တို့လိုချင်တဲ့ အရောင် ဟုတ်ရဲ့လားဆိုတာ အခေါက်ခေါက် အခါခါ စစ်ဆေးသင့်ပါတယ်။

 

 

ဖိတ်ကြားခြင်း

 

ဖိတ်စာတွေရောက်လာသည့်အခါ မိမိဖိတ်မည့် လူစာရင်းကို သေချာစစ်ပြီး ဖိတ်ကြားရပါမယ်။ ဒီနေရာမှာ ရွေးချယ်စရာ ရှိတာက မိမိ ကိုယ်တိုင် လိုက် ဖိတ်မှာလား Delivery ကိုအပ်မလားဆိုတာပါ။ Delivery ကို အပ်ခြင်းက သင့်ရဲ့ အချိန်တွေကို save လုပ်ပေးနိုင်ပြီး တခြား ပြင်ဆင်စရာတွေအတွက် အချိန် ပိုထွက်လာမှာပါ။ Delivery ကိုအပ်မည်ဆိုပါက မိမိဖိတ်ကြားမည့် ဧည့်သည်စာရင်း၊ လိပ်စာနဲ့ နာမည် များကို သေချာ မှန်ကန်စွာ ရေးသားပေးဖို့လိုအပ်ပါတယ်။ အနည်းဆုံး တစ်လလောက် ကြိုတင်ပြီး ဖိတ်ကြားထားမှသာ ရပ်ဝေးမှ ဆွေမျိုးမိတ်ဆွေများ ပွဲတက်ရောက်ဖို့ ကြိုတင်ပြင်ဆင်ချိန်ရမှာပါ။ ကဲအခုဆိုရင်တော့ Wedding Invitation gift card နဲ့ door gift တွေပြင်ဆင်ဖို့ သိလောက်ပြီးထင်ပါတယ်။ 

 

 

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)