LOTTE Hotel မှာကျင်းပမည့် ဒုတိယအကြိမ် Wedding Show ပွဲကြီး

LOTTE Hotel မှာကျင်းပမည့် ဒုတိယအကြိမ် Wedding Show ပွဲကြီ်းown

မြန်မာတို့၏ ဓလေ့ထုံးစံအတိုင်း တသက်မှာတစ်ခါ ကြီးကျယ် ခမ်းနားစွာ ကျင်းပလေ့ရှိသော မင်္ဂလာပွဲ အခမ်းအနားများအတွက် LOTTE Hotel Yangon မှ ဒုတိယအကြိမ် အဖြစ်

Feel The Pure and Elegant Style ဟုနာမည်ပေးထားသော LOTTE Wedding Show ပွဲကြီးကို ၂၀၁၉ ဇူလိုင်လ ၆ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် ကျင်းပသွားမည် ဖြစ်ပါသည်။ LOTTE Hotel ရဲ့ Wedding Show တွင် ဧည့်သည်တော်များ အတွက် ခမ်းနားပြီး တမူထူးခြားလှတဲ့ Feel The Pure and Elegant Style ကို ကိုယ်စားပြု သော Rose Gold and Ice blue Theme အပြင်အဆင်ကို ခင်းကျင်းပြသထားမှာ ဖြစ်ပါတယ်။

 

 

Image may contain: 2 people, text

 

 

ဒုတိယအကြိမ်အဖြစ် အခမ်းနားဆုံး ကျင်းပသွားမည့် Wedding Show ပွဲကြီးကို လာရောက်မည့် မင်္ဂလာမောင်နှံများ အတွက် မင်္ဂလာပွဲ စီစဉ်သည့်အခါ အဆင်ပြေချော့မွေ့စေရန် နှင့် ပွဲအတွက် လိုအပ်သော အကောင်းဆုံး ဝန်ဆောင်မှုများကို အချိန်အများကြီး ပေးစရာမလိုပဲ တနေရာတည်းမှာ တချိန်တည်းနဲ့ လွယ်ကူစွာ ရရှိနိုင်စေရန် ရည်ရွယ်ပြီး ပွဲကိုကျင်းပရခြင်းဖြစ်ပါတယ်။ ပွဲအတွက်ဖိတ်ခေါ်ထားတဲ့ မိတ်ကပ်ပညာရှင်များ၊ ဒီဇိုင်နာများရဲ့ မင်္ဂလာဝတ်စုံ ဒီဇိုင်းသစ်များကို ပြသပေးသွားမှာလည်းဖြစ်ပါတယ်။ တန်ဖိုးရှိလှသော အချိန်များအတွက် မင်္ဂလာပွဲ စီစဉ်ကျင်းပရသည့် အခါ အချိန်များစွာ ကုန်ဆုံးမည့် အစားယခု LOTTE Hotel Wedding Show မှတဆင်ပ တနေရာတည်းမှာ မင်္ဂလာပွဲနှင့် ပတ်သက်သမျှ ဝန်ဆော်မှု အားလုံးကို လွယ်ကူမြန်ဆန် အဆင်ပြေ ချော့မွေ့စွာ ဝန်ဆောင်မှု ပေးနိုင်ရန်လည်း ရည်ရွယ်ထားပါသေးတယ်။ မင်္ဂလာရှိသော ဝါလကင်းလွတ် သီတင်းကျွတ်ချိန်ခါ မင်္ဂလာရာသီ အမှီ မင်္ဂလာပွဲ ကျင်းပရန် ရည်ရွယ်ထားကြသည့် မင်္ဂလာမောင်နံများ နှင့် မိဘဆွေမျိုးများအတွက် အထူးရည်ရွယ်ထားသောကြောင့် လာမည့် ဇူလိုင်လ ၆ရက်နေ့နှင့် ၇ရက်နေ့ များမှာ LOTTE Hotel ၏ Wedding Show ကြီးကို ကိုယ်တိုင်သွားရောက် လေ့လာကြည့်ရှုဖို့ သွားရောက်သင့်ပါတယ်နော်။ ရင်ခုန်စရာ Promotion နှင့် Lucky Draw အစီအစဉ်များကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။

 

အချိန် ; မနက် ၁၀နာရီ ည ၇နာရီ  

 

နေရာ : Lotte Crystal Ballroom 

 

 

 

Myanmar Wedding Guide

Read times Last modified on Monday, 24 June 2019 11:26
Rate this item
(1 Vote)
Tagged under