မင်္ဂလာပွဲအတွက် ကိတ်မုန့် ကို ဘယ်လိုရွေးချယ်မလဲ

မင်္ဂလာပွဲအတွက် ကိတ်မုန့် ကို ဘယ်လိုရွေးချယ်မလဲ google

မင်္ဂလာကိတ်ရွေးချယ်ရာတွင် ကိုယ့်စိတ်တိုင်းကျ အကောင်းဆုံးကို ရွေးချယ်ဖို့လိုပါတယ်။ နောက်ပြီးဘတ်ဂျက်အပေါ် မူတည်ပြီး ကိတ်ကိုရွေးချယ်စေချင်ပါတယ်။

မင်္ဂလာကိတ်ရွေးချယ်ဖို့ ဆိုရင် တစ်ခြားလုပ်ဆောင်ချက်တွေအကုန်လုပ်ပြီးမှ နောက်ဆုံးထားလုပ်ဆောင်ပေးရပါမယ်။ နောက်ဆုံးထားရွေးချယ်မှုက အနည်းငယ်ပိုမိုလွယ်ကူစေနိုင်ပါတယ်။

 

မင်္ဂလာ ကိတ်မုန့်စတင်ရွေးချယ်မယ်ဆိုရင် Facebook ၊ Website တွေမှာ ရှာကြည့်ပြီး ရွေးချယ်စေချင်ပါတယ်။ ရှေ့စီနီယာတွေရဲ့ အကြံတောင်းဖို့လဲလိုသေးတယ်နော်။ ကိတ်မုန့်အမျိုးအစားအချို့ စိတ်ကူးပြီးတာနဲ့ ကိုယ့်ရဲ့ ဘတ်ဂျက်ပေါ် ဆုံးဖြတ်ပါ။ မင်္ဂလာကိတ်မုန့်အဖြစ်နဲ့ အရောင်ကို စဉ်းစားကြတဲ့အခါ အဖြူကိုပဲစဉ်းစားကြပေမဲ့ အဖြူအခြေခံအရောင်တွေကိုလည်း ရွေးချယ်ကြည့်ပါ။ ခေတ်လည်းမီသလို ရိုးရိုးလေးနဲ့ဆန်းတယ်ဆိုတဲ့ ကိတ်မုန့်ဒီဇိုင်းလေးက ခရမ်းရောင်အသည်းပုံလေးတွေနဲ့  ပြုလုပ်ရတာလည်း လွယ်ကူသလို လှပတဲ့ဒီဇိုင်းလေးလည်း ဖြစ်ပါတယ် မင်္ဂလာကိတ်မုန့်အဖြစ် အသုံးပြုဖို့ စဉ်းစားတဲ့အခါ သုံးဆင့်ကိတ်လေး ပြုလုပ်မယ်ဆို ခရမ်းရောင်အသည်းပုံလေးတွေပါတဲ့ ကိတ်မုန့်ကို ရွေးချယ်ဖို့ အကြံပေးလိုက်ပါတယ်။ ရိုးရှင်းသလို လှပခေတ်မီတဲ့ ဒီဇိုင်းလေးပေါ့။ မတူညီတဲ့အရောင်၊ အရွယ်အစားတွေနဲ့ အသည်းပုံလေးတွေဟာ ကိတ်မုန့်လေးကို သိမ်မွေ့ပြီး အနုပညာဆန်ဆန် လှပနေစေပါတယ်။ အထက်တန်း ဆန်ဆန် အပြင်အဆင်တွေကို နှစ်သက်သဘောကျတဲ့ မင်္ဂလာမောင်နှံတွေနဲ့ လိုက်ဖက်ပါတယ်။

 

 

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)
Tagged under