မင်္ဂလာပွဲပြီးမှ နောင်တမရအောင်

မင်္ဂလာပွဲပြီးမှ နောင်တမရအောင် google

သတို့သမီးတော်တော်များများ မင်္ဂလာပွဲပြီးမှ နောင်တရနေတတ်တဲ့ကိစ္စမျိုးလေးတွေရှိတတ်ပါတယ်။

ဒါကြောင့် အနာဂတ်သတို့သမီးလောင်းလေးတို့ နောင်တရစရာတွေမလုပ်မိရလေအောင် ရှောင်သင့်တဲ့အချက်လေးတွေကို ပြောပြပေးပါ့မယ်။

 

နားယောင်ခြင်း

မင်္ဂလာပွဲတစ်ပွဲစီစဉ်တဲ့အခါ ဘေးလူတွေရဲ့ ပါဝင်မှု၊ဆရာလုပ်မှုတွေ မိဘတွေရဲ့သဘောထားတွေကိုပါအရမ်းထည့်တွက်ပီး နားယောင်တဲ့အခါ ကိုယ်တကယ်လုပ်ချင်တာလေးတွေကိုမလုပ်မိတာ၊ ပွဲပြီးမှ ငါ့စိတ်ကြိုက်ဒါလေးမပါသွားဘူး ဒါလေးမလုပ်လိုက်ရဘူးဆိုပီး နောင်တရတတ်ပါတယ်။

 

ငွေချေးခြင်း

မင်္ဂလာပွဲလုပ်ဖို့ရည်ရွယ်ထားရင်ကြိုစုဆောင်းပြီးမိမိကိုယ်ပိုင်ငွေနဲ့ မင်္ဂလာဆောင်တာသာအကောင်းဆုံးပါ။ ချဲ့ကားရင်း ငွေမနိုင်တော့လို့ ချေးငှားပီးဆောင်တဲ့အခါ ပွဲပြီးတာနဲ့ မပျော်ရွှင်ရပဲ အကြွေးတွေ၊အတိုးတွေအတွက်ခေါင်းလေးပြီး ချဲ့ကားမိတာကိုနောင်တရပါလိမ့်မယ်။

 

Photographer ကောင်းကောင်းမသုံးခြင်း

၂နာရီနဲ့ပြီးသွားမယ့်ပွဲတခုမှာ တစ်သက်လုံးကျန်နေမယ့်အရာဆိုလို့ photo/videoပဲရှိတာပါ။ ကောင်းတယ်မကောင်းဘူးသေချာမသိပဲ ဈေးပေါတဲ့ photographer ကိုငှားမိရင် ပုံတွေပြန်ကြည့်မိတိုင်းနောင်တရပါလိမ့်မယ်။

 

ဧည့်သည် အများကြီးဖိတ်မိတာ

ဖိတ်စာဖိတ်ဖို့ စာရင်းလုပ်တဲ့အခါမှာ သေချာမစီစစ်ပဲ စာရင်းထဲပါသမျှ အကုန်ဖိတ်တာမျိုးရှောင်သင့်ပါတယ်။ ဖိတ်မယ်ရည်ရွယ်ထားတဲ့ လူတွေထဲကမှ ပြန်စီစစ်ပြီး လူလျော့တာမျိုးလုပ်သင့်ပါတယ်။ ဧည့်သည်လိုအပ်တာထက်အရမ်းများတဲ့အခါကုန်ကျစရိတ်ပါပိုသလို အလုပ်လည်းပိုရှုပ်တတ်ပါတယ်။

 

အရံ/ပန်းကြဲ/ဗန်းကိုင် အရွေးမှားတာ

မင်္ဂလာဆောင်မယ်ဆိုတဲ့အသံကြားတာနဲ့ ဆွေမျိုးထဲက မိန်းကလေးတွေကအစ နည်းနည်းသိကျွမ်းရုံမိန်းကလေးတွေအဆုံး သတို့သမီးလောင်းကို အရံလုပ်ချင်တယ်၊ပန်းကြဲမယ် စသဖြင့်ပူဆာတတ်ကြပါတယ်။ အဲ့ဒါကိုအားနာပြီး အရံများများထည့်မိတာတို့ ကိုယ်နဲ့ ပွဲထွက်ဖို့မလိုက်ဖက်တဲ့သူကို အားနာပြီး ထည့်လိုက်ရတာတို့က အလွန်နောင်တရဖို့ကောင်းပါတယ်။ ကိုယ့်တစ်သက်တစ်ခါ ကိုယ့်ချစ်သူနဲ့ မင်္ဂလာယူမယ့်အချိန်မှာ ကိုယ့်အတွက် အဓိပ္ပာယ်ရှိစေသူ၊ ကိုယ့်အတွက်အနှောက်အယှက်မဖြစ်စေမယ့်သူတွေကိုသာထည့်သင့်ပါတယ်။

 

ပြန်ကမ်း

တစ်ခါတစ်လေမှာ သတို့သမီးလောင်းတွေဟာ ပြန်ကမ်းပစ္စည်းရွေးတဲ့အခါ ပစ္စည်း လှတာမက်ပြီး တကယ်အသုံးမဝင်မယ့်ပစ္စည်းကမ်းမိတတ်ကြပါတယ်။ ပွဲပြီးလို့ ကိုယ့်ပြန်ကမ်းကိုယ့်ပြန်ကြည့်ရင်းကိုယ်တိုင်အသုံးမဝင်မှ နောင်တရတာမျိုး ဖြစ်တတ်ပါတယ်။

 

DIYများတာ

တချို့စုံတွဲတွေက အမှတ်တရများအောင်ဆိုပီး ဖိတ်စာကို ကိုယ်တိုင် hand made လုပ်၊ ပြန်ကမ်းကိုကိုယ်တိုင်ထုတ်၊ စီးမယ့်ကတ္တီပါဖိနပ်က အစကိုယ်တိုင်ကျောက်ထိုးတာမျိုး လုပ်တတ်ကြပါတယ်။ တကယ်တော့ပွဲနီးလေ အလုပ်များလေမို့ ကိုယ်တိုင် လုပ်ရတာတွေများလာရင် လူတအားပင်ပန်းပီး ပွဲနေ့မှာ ရုပ်ပါနွမ်းနေတတ်ပါတယ်။

 

Credit : Myanmar Wedding Talk

Myanmar Wedding Guide

Read times Last modified on Saturday, 16 February 2019 11:47
Rate this item
(0 votes)