အသက် ၂၅ နှစ်မတိုင်မီ လက်ထပ်သင့်တဲ့အကြောင်းအရင်း -၂

အသက် ၂၅ နှစ်မတိုင်မီ လက်ထပ်သင့်တဲ့အကြောင်းအရင်း -၂

ယခုခေတ် လူငယ်တွေက တော်ရုံနဲ့ လက်မထပ်ကြတော့ပါ။ ဘာဖြစ်လို့လဲဆိုရင်တော့ ပြောစရာတောင်မလိုဘူးလို့ထင်ပါတယ်။

 

ငယ်တုန်းဆိုရင် ကလေးထိန်းနိုင်ခြင်း

 

ကလေးကိုကြည့်ရတာဟာ စိတ်ကောလူကော မောမှာဖြစ်တာကြောင့် အသက်ငယ်တုန်းမှာ ကလေးကိုယူထားရင်တော့ ခံနိုင်ရည်ရှိမှာပါ။

 

နို့တိုက်အရွယ်ကလေးအရွယ်ဆိုရင် နေ့နှင့်ည ကိုမှားတဲ့အခါမျိုးလည်း ရှိတာကြောင့် အသက် ၃၀ မတိုင်မီမှာ ကလေးကို ယူနိုင်ရင်တော့အကောင်းဆုံးပါ။

 

မိခင်တွေလည်း အလုပ်ပြန်လုပ်နိုင်ခြင်း

 

ယခုအခါမှာ အလုပ်မှာ ကိုယ်ဝန်ဆောင် မိခင်တွေအတွက်လည်း အလုပ်ခွင့်ကိုပေးတဲ့အတွက် ကလေးမွေးဖွားပြီး အချိန်အတိုင်းအတာ တစ်ခုအနားယူပြီးလျှင် အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက်နိုင်တဲ့ အခွင့်အရေးတွေလည်းရှိလာပြီး ဖြစ်သောကြောင့် အသက် ၃၀ မကျော်မီ ကလေးယူလိုက်ရင်လည်း အလုပ်ပြန်လုပ်နိုင်ပါတယ်။

 

ကလေးတွေ အရွယ်ရောက်ရင် မိဘတွေက အသက် ၄၀ ပတ်ဝန်းကျင်ပဲရှိခြင်း

 

ကလေးတွေ အရွယ်ရောက်ချိန်မှာ မိဘတွေက အသက် ၄၀ ပတ်ဝန်းကျင်ပဲရှိအုံးမှာဆိုတော့ ကိုယ့်ရဲ့အလုပ်ကိုသော်လည်းကောင်း လင်မယားနှစ်ယောက် ကိုယ်ပိုင်အချိန်လေးကို ပိုပြီး ပိုင်ဆိုင်နိုင်မှာပါ။

 

ပိုက်ဆံမရှိသော အချိန်မှာ ကြိုးစားပြီး ပိုက်ဆံရှိသော အသက်အရွယ်မှာတော့ လွတ်လပ်သွားခြင်း

 

လူငယ်ဘဝမှာတော့ ပိုက်ဆံမရှိလည်း ပျော်အောင်နေတတ်ပါတယ်။ ကလေးအတွက်လည်း အပင်ပန်းခံနိုင်ပါတယ်။ အသက် ၄၀ ကျော်ပြီး ပိုက်ဆံလေးလည်း နည်းနည်းရှိလာချိန်မှာတော့ ကိုယ်နဲ့ ဇနီးအတွက်ကို အေးအေးဆေးဆေး စဉ်းစားလာနိုင်သော အချိန်ကောင်းဖြစ်မှာပါ။

Read times Last modified on Saturday, 24 November 2018 11:36
Rate this item
(0 votes)
Tagged under