နှစ်ဖက်မိဘ သဘောတူကြည်ဖြူတဲ့စေ့စပ်ပွဲလေးဖြစ်စေဖို့

နှစ်ဖက်မိဘ သဘောတူကြည်ဖြူတဲ့စေ့စပ်ပွဲလေးဖြစ်စေဖို့ google

တူနှစ်ကိုယ်ဘဝတစ်ခုရယ်လို့ ထူထောင်တော့မယ်ဆိုရင် နှစ်ဖက်မိဘတွေ့ဆုံပြီး စေ့စပ်ပွဲလေး အရင်ဆုံးလုပ်ကြပါတယ်။

စေ့စပ်ပွဲလေးလုပ်ဖို့ဆိုတာ နှစ်ဖက်မိဘရဲ့ ဆက်ဆံရေးတွေ ပြေပြစ်အဆင်ပြေနေဖို့လည်း အရေးကြီးပါတယ်။ တချို့စုံတွဲလေးတွေမှာ နှစ်ဖက်မိဘဆက်ဆံရေးမပြေလည်တာတွေကြောင့် စိတ်ညစ်နေရတာမျိုးရှိပါတယ်။ ဒီလိုမျိုး ပြဿနာတွေမဖြစ်ရလေအောင် နှစ်ဖက်မိဘတွေကြားမှာ ကိုယ်တို့နှစ်ယောက်က အဆင်ပြေပြေဖြစ်အောင် ညှိနှိုင်းပေးရမှာတွေ ရှိပါတယ်။

 

ပြေလည်စေမယ့် စကားမျိုးတွေကိုပဲပြောပါ

နှစ်ဖက်မိဘတွေကြားမှာ စေ့စပ်ပွဲလေးလုပ်ဖို့ညှိနှိုင်းစရာတွေရှိမှာပါ။ အဲဒီထဲမှာ အဆင်ပြေတာတွေရော၊မပြေတာတွေရော ရှိမှာသေချာပါတယ်။ နှစ်ဖက်မိဘရဲ့နားထဲကိုတော့ အဆင်ပြေမယ့်စကားတွေပဲ ပြန်ရောက်ပါစေ။ ကျန်တဲ့ကိစ္စတွေကိုတော့ ကိုယ်တို့အချင်းချင်းပဲညှိနှိုင်းပါနော်။

 

အမြင်ကြည်အောင်ပြုလုပ်ပေးပါ

မစေ့စပ်ခင်မှာ နှစ်ဖက်မိဘတွေပြေလည်အောင် စုံတွဲလေးတို့ကကြားထဲကနေ ညှိနှိုင်းပေးဖို့လိုပါတယ်။ ကိုယ့်လက်တွဲဖော်ရဲ့ မိသားစုဝင်တွေအကြောင်း ကောင်းကြောင်းလေးနည်းနည်းပိုပိုသာသာ ပြောထားပါ။ ဒါမှ ကိုယ့်ရဲ့မိဘတွေက အိမ်ထောင်ဘက်ရဲ့ မိသားစုဝင်တွေကိုအမြင်မကြည်တာတွေ မဖြစ်မှာပါနော်။

 

နှစ်ဖက်မိသားစုချင်း ရင်းနှီးနေအောင်လုပ်ပါ

စေ့စပ်ပွဲမလုပ်ခင်ကတည်းက တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖူးကြဘူးဆိုရင်တောင် ဖုန်းကတစ်ဆင့်၊ အကြောင်းအရာစကားတွေက တစ်ဆင့် အချင်းချင်းရင်းနှီးနေပါစေ။ ဒါကတော့ စုံတွဲလေးတို့ရဲ့ စွမ်းဆောင်ရည်ပေါ်မှာ အများကြီး မူတည်ပါတယ်။ ကိုယ့်အိမ်ထောင်ဘက်ရဲ့ညီအကိုမောင်နှမတွေနဲ့ ကိုယ့်ရဲ့ညီကိုမောင်နှမတွေကို အရင်ဆုံးပေးတွေ့တာမျိုးလုပ်ပါ။ တစ်ဦးချင်း၊ တစ်ဆင့်ချင်းစီရင်းနှီးသွားမယ်ဆိုရင် နောက်ဆုံးမှာနှစ်ဖက်မိဘအချင်းချင်းလည်း ဆက်ဆံရေးပြေလည်သွားမှာပါ။

 

စေ့စပ်တောင်းရမ်းဖို့ကိစ္စပြောတဲ့အခါ

စေ့စပ်တောင်းရမ်းတယ်ဆိုတာ ဒေသအလိုက်ကွဲပြားမှုရှိပေမယ့် တောင်းရမ်းတာမျိုးတော့ဒေသတိုင်းမှာရှိပါတယ်နော်။ တောင်းရမ်းတဲ့အခါမှာလည်း သတို့သားဘက်ကတင်တောင်းမယ့်ကိစ္စတွေကို အရင်ဆုံး သတို့သမီးကိုတိုင်ပင်ပါ။ သတို့သမီးရဲ့ မိသားစုဝင်တွေကရောစေ့စပ်တောင်းရမ်းဖို့ ဘာတွေပြောမလဲဆိုတာမျိုးနားစွင့်ပါ။ တတ်နိုင်သမျှလိုက်လျောပေးပါ။ နှစ်ဖက်မိဘက ဘာတွေပဲပြောပြော ပြေလည်အောင်စုံတွဲလေးတို့က ကြားထဲကနေ အဆင်ပြေအောင် ညှိနှိုင်းပေးပါ။

 

ယောက္ခမလောင်းနဲ့ ရင်းနှီးအောင်နေပါ

စေ့စပ်မယ့် သတို့သမီးလောင်းလေးရော သတို့သားလောင်းလေးရော ယောက္ခမနဲ့ အဆင်ပြေရင်းနှီးအောင် အရင်ဆုံးဆောင်ရွက်ထားပါ။ ဒါမှ မိဘတွေ အချင်းချင်းရင်းနှီးချစ်ခင်လာမှာပါ။ ယောက္ခထီး၊ ယောက္ခမနဲ့ တည့်အောင်နေပါ။ အကူးအသန်း၊ အသွားအလာရှိအောင်လုပ်ထားပါ။ ဒါမှ ကိုယ်တွေကနေတဆင့် နှစ်ဖက်မိဘက ရင်းနှီးလာမှာပါနော်။

 

စေ့စပ်ပွဲလေး မလုပ်ခင်မှာ နှစ်ဖက်မိဘအချင်းချင်း အဆင်မပြေတာတွေဖြစ်နေတယ်ဆိုရင် ပြောပြထားတဲ့အချက်လေးတွေနဲ့ညှိနှိုင်းဆောင်ရွက်ကြည့်ပါနော်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Thursday, 28 February 2019 10:36
Rate this item
(0 votes)