First Date မလုပ်ခင်သိထားသင့်သောအရာများ

First Date မလုပ်ခင်သိထားသင့်သောအရာများ

Relationship တစ်ခုတိုင်း တစ်ခုစီတိုင်းရဲ့ အရေးကြီးတဲ့ အကြောင်းအရာကတော့ ပထမ စတွေ့တဲ့ First Date ပါပဲ။First Date ဟာ သင့်အချစ်ရေး မှ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုပါပဲ လွဲချော်ချွတ်ချော်ခဲ့ရင်တော့ သေချာပါပြီသင်အဲ့လူနဲ့ လွဲပြီလို့သာမှတ်ယူထားလိုက်ပါ။

 

• ကိုယ်ကတော့လူကိုအရင်ကြည့်တယ်အပြင်မှာတွေ့ခဲ့လို့ကိုယ်မကြိုက်ဘူးဆိုတဲ့အခြေနေဖြစ်လာခဲ့ရင် ကိုယ်စားတာကိုယ်ရှင်းခဲ့ပေးပါ ဒါကတော့ dateတာမဟုတ်ဘူးဆိုတဲ့အဓိပ္ပါယ်ရပါတယ်နော်

 

• Dateပြီးသူငယ်ချင်းတွေဆက်မဖြစ်ချင်ဘူးလို့စိတ်ထဲမှာတွေးထားတဲ့အခါ တအားရင်းနှီးသလို ကျွမ်းဝင်သလို မပြောပါနဲ့ ကိုယ့်ကို မိန်းကလေးလို့စဉ်းစားသလိုလေးပဲနေပြပါ

 

• Movie date , coffee date, Playground date အစရှိသဖြင့် ကြိုက်တာရွှေးလို့ရပါတယ်။အိုင့်အနေနဲ့ first date ကို movie date တာအဆင်မပြေဘူးလို့ ထင်မိတယ်။စကားပြောပြီးတစ်ယောက်နဲ့တစ်ယောက်နားလည်မှ movieကြည့်လို့အဆင်ပြေမယ်ထင်တယ်

 

• မိန်းကလေးတွေအနေနဲ့တအားကြွေတဲ့ crushနဲ့တွေ့တဲ့အခါ ညစ်ပေစေမယ့်အစားအသောက်မျိုးရှောင်ပေးပါနော်

 

• ယောင်္ကျားလေးတွေအတွက်ဆို Basic mannerလေးတွေရှိပေးပါ။ Eg: တံခါးဖွင့်ပေးတာမျိုးတို့, ခုံဆွဲပေးတာမျိုး စတာတွေပေါ့ ...

 

• စကားပြောတဲ့အခါ စာအုပ်တွေအကြောင်းဖြစ်ဖြစ်သူရော ကိုယ်ရော ဆွေးနွေးငြင်းခုန်နိုင်မယ့်အကြောင်းလေးတွေ ပြောပေးပါ ။

 

• ကဲနောက်ဆုံးအချက် ဒါကတော့ သူလက်ခံနိုင်တဲ့အကွာဝေးထိလိုက်ပို့ပေးပါ။ ဒါက တစ်ဖက်က မိန်းကလေးအတွက်အရမ်းနွေးထွေးတယ်ခံစားရပြီးနောက်တစ်ခါတွေ့ဖို့အလားအလာကောင်းတွေဖြစ်လာနိုင်ပါတယ်။

 

ဒါနဲ့၁၅မိနစ်ကြိုရောက်ဖို့တို့ မစောင့်ခိုင်းဖို့တို့ကတော့အကုန်လုံးနားလည်လောက်မယ်ထင်လို့ မပြောခဲ့တာပါနော်။

 

ကဲ covidကာလအတွင်းမှာ စကားပြောပြီးသဘောကျနေတဲ့ကောင်မလေး orကောင်လေး ကို dateဖို့ planလေးတွေ သိပြီထင်ပါတယ်နော်။

 

<<< Zawgyi >>>

 


----------------------------------------------------------

 


 


 


 


 


 


 


 



 


 

Ref : Seventeen

Read times
Rate this item
(0 votes)
Tagged under