အိမ်ထောင်ကျတဲ့ သူငယ်ချင်းကို မမေးသင့်တဲ့အချက်များ - ၂

အိမ်ထောင်ကျတဲ့ သူငယ်ချင်းကို မမေးသင့်တဲ့အချက်များ - ၂

သူငယ်ချင်းတွေဘက်က ပြန်ကြည့်တော့လည်း အရင်တုန်းက စကြနောက်ကြ ဆိုပေမဲ့ ဒင်းတို့က အမေနေရာ အဖေနေရာ ရောက်သွားပြီဆိုတဲ့ အသိဝင်သွားတော့ စနောက်ဖို့ တော်တော်လေး စဉ်းစားယူရပါတယ်။

 


မိခင်ဖြစ်သွားပြီဆိုတော့ မိသားစုက ပိုအရေးကြီးတယ်ဆိုတာ နားလည်ပေးခြင်း

 


ကိုယ်ခင်ရပါတယ်ဆိုတဲ့ သူငယ်ချင်း ကြီးက သူ့ကလေးနဲ့မိသားစုအတွက်ပဲ အမြဲတမ်း အချိန်ပေးချင်တယ်ဆိုတာ ဖြစ်သင့်ပါတယ်။

 


ဒါပေမဲ့  ကလေးရသွားတော့ ငါ့ကို သူက အာရုံထဲတောင် ရှိတော့မှာ မဟုတ်ဘူးဆိုပြီး ကလေးနဲ့ အပြိုင် ဂျေဝင်တာမျိုး ဖြစ်ဖူးလား။

 


ကိုယ်တကယ် အိမ်ထောင်ကျသွားမှ အိမ်ထောင်ရှင်ဘဝနဲ့ တစ်ကိုယ်တည်းဘဝရဲ့ ကွာဟချက်ကို ကိုယ်ချင်းစာနိုင်မှာပါ။

 


တကယ်လို့ ကိုယ့်ကို အရေးမပေးတာကို မကျေနပ်ဘူးဆိုလည်း သူ့ကို ပွင့်ပွင့်လင်းလင်း ပြောပြညှိနှိုင်းပြီး နည်းလမ်း ရှာသင့်ပါတယ်။

 


ရင်ဖွင့်ခံစားချက်တွေကို နားထောင် အကြံပေးခြင်း

 


အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းမှာလည်း သူ့ခံစားချက် အလုံးစုံကို ရင်ဖွင့်ပြောပြလို့ရမယ့်  မိတ်ဆွေတစ်ယောက်တော့ လိုအပ်သေးတာပါပဲ။

 


တကယ်လို့ ကိုယ်က သူငယ်ချင်းစစ်မှန်တယ်ဆိုရင်တော့ သူရင်ဖွင့်သမျှတွေကို သေချာနားထောင်ပြီး အကြံကောင်းတွေ ပေးလိုက်ပါ။

 

သူငယ်ချင်းရဲ့ကလေးကို ကိုယ့်ကလေးလို သဘောထားခြင်း

 


ဘယ်သူမဆို ကိုယ့်ရင်သွေးကို ဂရုစိုက်ချစ်ပေးတဲ့သူကို ခင်မင်တာ ထုံးစံပါပဲ။ အဲဒီသူက သူငယ်ချင်း ဖြစ်နေခဲ့ရင် ပိုလို့တောင် ဝမ်းသာဦးမှာပါ။

 


ဒီတော့ ကိုယ့်သူငယ်ချင်းရဲ့ ကလေးအတွက် လက်ဆောင်ပစ္စည်းလေးတွေ ဝယ်ပေးပြီး ဂရုတစိုက် ရှိပေးတာက သူငယ်ချင်းကို ချစ်တာနဲ့ တူတူပါပဲ။

 


ဒီအချက်လေးတွေကို သိထားရင်တော့ ကိုယ့်ရဲ့ သူငယ်ချင်းကြီးနဲ့ အခင်အမင် ပျက်စရာ မလိုတော့ပါဘူး။

Read times
Rate this item
(0 votes)
Tagged under