အချစ်ဦးနဲ့ မှန်ကန်စွာရွေးချယ်ထားတဲ့ လက်ရှိ လက်တွဲဖော် ...

အချစ်ဦးနဲ့ မှန်ကန်စွာရွေးချယ်ထားတဲ့ လက်ရှိ လက်တွဲဖော်  ...

လူတိုင်းလူတိုင်းမှာ အချစ်ဦးနဲ့ အချစ်ဆုံး ဆိုတာရှိကြတယ် ဒီနှစ်ခု က အတော်လေး တိုင်ဆိုင်ဖို့ဆိုတာခဲယဉ်းတယ် လူတစ်ယောက်ထဲဖြစ်ဖို့ မလွယ်ဘူး။အကယ်၍ ဘ၀ မှာ အချစ်ဦး နဲ့ အချစ်ဆုံးနဲ့ ကထပ်တူကျရင် ထိုသူဟာ ကံအကောင်းဆုံးသူပဲ ဒါ့ထက် ဘယ်သူကမှတော့ အချစ်ဦးကို အချစ်ဆုံးမဖြစ်စေချင်စရာ အကြောင်း မရှိပါဘူး အခြေအနေ တွေကြောင့်သာ အချစ်ဦးဆိုတာ ဘဝတစ်စိတ် တစ်ပိုင်းအဖြစ်ကျန်ရှိခဲ့တာပါ။သင်တကယ်ချစ်ရမှာက သင့် အချစ်ဆုံးလက်ရှိလူပါ။

 

အချစ်ဦး

--------

ဇွန်လိုင်လရဲ့ မိုးများ ရွာသွန်းနေချိန် ကျွန်မ မျက်စိရှေ့ကို အရပ်က ခပ်မြှင့်မြှင့် ၊ ဆံပင် ရွှေရောင် အတိလေးနဲ့ ကောင်လေး ဂျိမ်း ကို တွေ့ခဲ့ရတယ် ဘေးအိမ်ကို ပြောင်းလာတဲ့ မိသားစုမှ သားအငယ်ဆုံးပင်ဖြစ်သည်။ ကျွန်မ မှာ အသက် ၁၇ လောက်သာ ရှိသေးသည် ဂျိမ်း ကတော့ ၁၈ နှစ်လောက်ရှိမည် ထင်ရသည် .... ကျွန်မ သူ့ကို ရင်ခုန်မိသည် ၊ ကြည်နူးမိသည် စိတ်ထဲတွင် လိပ်ပြာလေးတွေ ဝဲနေသည်... အားလပ်ချိန်တိုင်း သူနဲ့ စကားအနည်းငယ်ပြောဖြစ်သည် ဂျိမ်းက သူ့ အခန်းနံရံတွင် BonJovi ပုံ ကပ်ထားသည် ထိုခေတ် အခါ ဆယ်ကျော်သက်တွေ က ခပ်စူးရှရှ ရော့ဇ် ဂီတ တွေကို နားထောင်ကြသည်။ချစ်သူတွေဖြစ်သွားကြသည် အချိန်တစ်ခု ကြာကြာ ထိ သူနဲ့ မိုးရေထဲလျှောက်သွားသည် ၊ ဆော့သည် ၊ အနမ်းများ ဖလှယ်ကြသည် အတော်ပျော်စရာကောင်းတဲ့ ကာလ ဖြစ်မည်။တစ်ရက်မှာ သူတို့ မိသားစု အိမ်မှာ ပြောင်းတော့မည်ဟု စိတ်မကောင်းဖြစ်သဖွယ်ပြောလာသည် ကျွန်မ ထိုနေ့ က အစပိုင်းမှာ ထိုကိစ္စ တွေကို စိတ်ညစ်ကာ ငြိမ်နေသည် သို့သော် နောက်ပိုင်းပျော်လာသည် စကားတွေ ပြောကြရင်း မိုးချုပ်တော့ အိမ်ကိုယ်စီပြန်ကြသည် ထိုနေ့က သူ့ကို နောက်ဆုံးတွေ့လိုက်ခြင်းပင်ဖြစ်သည်။ကြားတွေထဲတွင်ဖုန်း တော့ ပြောသည် သို့သော် အိမ်မှာ ရှိတဲ့ မိသားစုသုံးဖုန်းတစ်လုံးသာ ဧည့်ခန်းတွေရှိသည်မို့ နောက်ပိုင်းသိပ်မပြောဖြစ်တော့ပါ။ကျွန်မကောလိပ်ရောက်သည် ကျွန်မ က ကောလိပ်တွင် အတော်လေး ငြိမ်သည် စာတော်သည် ထို့ကြောင့် အဆိုပါ ကိစ္စ များကို စိတ်ထဲ မထည့်တော့ ဒါ့ကြောင့် သူနောက်ရည်းစား ရသွားဟန်တူသည် အဆက်အသွယ်ပျက်သွားခဲ့သည်။

 

အချစ်ဆုံး

--------------

ကောလိပ်ပြီးသွားတော့ ကျွန်မ အလုပ်သင်ဝင်သည် ထိုစဉ်ကတည်းက ကျွန်မ ရည်းစားထားသင့်သည် ဟု တွေးကာ ကျွန်မရဲ့ ရည်းစား ဖြစ်နိုင်တဲ့ လူကို ရှာခဲ့တယ် ကြားထဲမှာ တော့ အတော်လေးခပ်များများ ကောင်လေးတွေနဲ့ သူတို့ကို ကို ရွေးချယ်သင့်လားဆိုကာတွေးဖူးသည် သို့သော် သိပ်အဆင်မပြေပါ ကျွန်မက စာတော်ခဲ့သူမို့ အလုပ်တွင်လဲ တော်သည် ရင်ဆိုင်မှု့တွေကို ကြိုက်သည် ဒါ့ကြောင့် ဘဝလက်တွဲဖော်ကိစ္စ တွင်လဲအတော်လေး ရွေးလွမ်းသည် ....အသက် ၂၄ အရွယ်မှာ ကျွန်မ အလုပ်ကနေမှ ဗစ်တာ ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ တွေ့သည် သူ့က အတော်လေး သပ်ရပ်သည် ရုပ်က လူကြီးလူကောင်း ဆန်သည် သူ့ အပြုအမှုများကလည်း အဆင့်အတန်း အင်မတန်မှ ရှိသည် ဒါ့ကြောင့် ကျွန်မသူ့ကို ရွေးချယ်ဖြစ်လိုက်သည်။ကျွန်မတို့တွေ သာမန် `ဧည့်ခံပွဲလေး လုပ်ပြီး ယူခဲ့ကြသည် အတော်သာယာပျော်ရွှင်တဲ့ ဘဝလေး ရနေလေပြီ။

 

ထိုထဲတွင် နှိုင်းယဉ်ပြောရမည်မှာ အချစ်ဦးသည် အသိဉာဏ်မဖွင့်ဖြိုးသေးချိန် စိတ်ကစားချင်းသာ ဖြစ်တယ်တစ်ခါ တစ်ခါ တိုက်ဆိုင်တာလေးများ ရှိလျှင် အချစ်ဦးကို သတိရမိမည် သို့သော် တကယ်တန်းက အချစ်ဦးကို ယူလို့ မဖြစ်နိုင်ပါ ကျွန်မ သိပ်မကြာသေးခင် က ကျွန်မ ကလေးတွေနဲ့ ဈေးဝယ်ထွက်စဉ် ထိုယခင် အချစ်ဦးကို ပြန်တွေ့လိုက်သေးသည် ခန္ဓာကိုယ်ဝ၀ ဖိုင့်ဖိုင့်နဲ့ အရင်လို မချေတော့တာတွေရသည်။

 

အချစ်ဆုံးဆိုတာကတော့ သင့်ဘဝ အတွက်ရောက်လာတဲ့ တကယ့် သင့်လျှော်တဲ့သူပဲ သူနဲ့ အချစ်တွေ က ပိုလေးနက်တယ်။သူဟာ သင့်အတွက် အကောင်းဆုံးပုံမှန်အနေအထား မှာ ရှိနေတယ်။ထို့အပြင် သင်နဲ့ သူ့စိတ်က ၅၀ / ၅၀ ကျတယ် စိတ်တူ ကိုယ်တူပေါ့။တကယ်တန်း လူတွေက အချစ်ဦးကို ဘာနဲ့ မှ နှိုင်းမရဘူးပြောရင်အိမ်ထောင်တောင်ထက်မပြုတဲ့ လူတွေအများကြီးရှိနေပါလိမ့်မယ် တကယ်တန်းမှာတော့ မရှိပါဘူး အချစ်ဆိုတာ နေရာ တစ်ခု လစ်ဟာနေသ၍ အထားထိုးလို့ရနေမဲ့ အရာပါ။

 

<<< Zawgyi >>>

 


--------------------------

 


 

အချစ်ဦး

-----------


 

အချစ်ဆုံး

-----------

 


 


 


 

Ref ; Pink Villa 

Read times
Rate this item
(0 votes)
Tagged under