ကိုရိုနာရောဂါကြောင့် မင်္ဂလာပွဲ ရက် ရွေ့ဆိုင်းလိုက်တဲ့ Jennifer Lopez

ယခုကိုရိုနာ ရောဂါ ဖြစ်နေစဉ်ကာလ အတွင်း လူအစုအဝေးပြု မင်္ဂလာဆောင်ပါက ထောင်ဒဏ်နဲ့ ငွေဒဏ်ကျ သင့်ပါတယ်ဒါကြောင့် ယခုအချိန်မှာ မင်္ဂလာပွဲကျင်းပမည့် ဇနီးမောင်နှံတွေ အကျပ်တွေ့ နေတာပေါ့ ထိုအထဲမှာမှ တကယ့် ဒိတ်ဒိတ်ကြဲ အနုပညာရှင်ဖြစ်တဲ့ Jennifer Lopez လည်းပါဝင်ပါတယ်။

JLo ဟာ ရွှေကမ္ဘာလုံး ဇကာတင် စာရင်းဝင် တစ်ဦးဖြစ်ပြီး သူမချစ်သူဖြစ်သူ Alex Rodriguez ကို ယခုကာလမှာ လက်ထက်ဖို့နှစ်ဦးပိုင်းထဲက ရည်ရွယ်ထားသူပါ ယခု ကိုရိုနာ ရောဂါ ကမ္ဘ ာနှင့်တစ်ဝှမ်းဖြစ်ပွား မှုကြောင့် သူမ မင်္ဂလာဧည့်ခံပွဲ လုပ်ဖို့ ရွေးချယ်ထားတဲ့ နေ့ကို သူအနေနဲ့ ပွဲ ဖျက်ရပါတော့မယ်လို့သိရပါတယ်။

JLo ဟာ ပြီးခဲ့တဲ့ မတ်လက စေ့စပ်ခဲ့သူဖြစ်ပြီး သူမ ရဲ့ စိတ်ကူးထားတဲ့ မင်္ဂလာပွဲ အစီအစဉ် လေးက ကိုရိုနာရောဂါ ဖြစ်ပွားနေမှု့ ကြောင့် ယာယီ ဖြတ်သိမ်းထားပါတယ်လို့ The Ellen DeGeneres Show မှာ Ellen ကို သူမ ပြောကြားခဲ့ပါတယ်။

The Ellen DeGeneres Show မှာ JLo ပြောခဲ့တာကတော့ ‘ အမှန်ပြောရရင် ကိုရိုနာ ရောဂါ ဖြစ်နေတာက အနည်းငယ်တော့ လူတွေကို သက်ရောက်မှု့ ရှိတယ်လို့ ပြောရမယ် အခုပဲ ကြည့်လေ အစီအစဉ်သေချာဆွဲ ထားတဲ့ မင်္ဂလာပွဲ ကိစ္စလေး ယာယီရပ်ဆိုင်းလိုက်ရပြီ ’ ဆိုကာပြောကြားထားပါတယ်။

ဒါ့အပြင် Elle မဂ ္ဂဇင်းမှာ JLo ပြောသွားခဲ့တာကတော့ ‘ ယခု ကမ္ဘာကြီးရဲ့ အနေအထားက ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာကို ပြောလို့ မရသေးဘူး ဒီတော့ကား ကိုယ်တွေအနေနဲ့ လအနည်းငယ်စောင့် ကြည့်လိုက်တာ အကောင်းဆုံးပါပဲ ‘ လို့ သူမကပြောထားတာတွေ့ရပါတယ်။

လောလောဆယ်မှာ JLo အနေနဲ့ အိမ်မှ အလုပ်လုပ် ကိုင်လျက်ရှိနေပြီး တစ်ကိုယ်ထဲ သီးခြားခွဲ နေ နေတယ်လို့ သိရပါတယ်။အခုလို အနေအထားမျိုးမှာ သူမတို့ အနေနဲ့ ကျန်းမာနေတာကို ကျေးဇူးတင်ကြောင်း , အိမ်တွင် အေးဆေးစွာ အနားယူသင့်ကြောင်း ပြောကြားခဲ့တဲ့ အပြင် သူမအနေနဲ့ အိမ်မှ အလုပ်လုပ်နေသည်ဆိုတာကတော့ ဇာတ်ညွှန်းတွေ ထိုင်ဖတ်နေတာ ဖြစ်ကြောင်း , အက အသစ်အဆန်းတွေ လေ့ကျင့်နေတာဖြစ်ကြောင်း နှင့် အလှ မပျက်အောင် လေ့ကျင့်ခန်းပုံမှန် လုပ်နေတယ်လို့ သိရပါတယ်။

Jennifer Lopez နဲ့ Alex Rodriguez တို့ မင်္ဂလာပွဲ ကို ကိုရိုနာရောဂါ ငြိမ်သက်သွားချိန် ဒီနှစ် မကုန်ခင် သူတို့ ကျင်းပ သွားဖို့ ရှိပြီး သူမရဲ့ ချစ်ရသော သူ Alex နဲ့ အတူတူ ရှိရဖို့ အရေး JLo က မည်မျှ ပင်စောင့်ရစေကာမှု သူမ စောင့်မယ်လို့ ကြားသိရပါတယ်။

<<< Zawgyi >>> 

ကိုရိုနာ ရောဂါကြောင့် မင်္ဂလာပွဲ ရက် ရွေ့ဆိုင်းလိုက်တဲ့ Jennifer Lopez

----------------------

3

Myanmar Wedding Guide

Read times Last modified on Thursday, 09 April 2020 09:05
Rate this item
(0 votes)