ဘယ်လို မင်္ဂလာတေးသီချင်းမျိုး ကိုရွေးချယ်မလဲ

ဘယ်လို မင်္ဂလာတေးသီချင်းမျိုး ကိုရွေးချယ်မလဲ google

ဘဝမှာ တစ်ခါသာ မင်္ဂလာဆောင်ရတဲ့ တစ်သက်မမေ့စရာ အမှတ်တရတွေ ကျန်ရစ်နေမယ့် ဒီမင်္ဂလာပွဲမှာ မင်္ဂလာတေးသီချင်းတွေကို ဘယ်လိုရွေးချယ်ရမလဲဆိုတာ

ခေါင်းကိုက်နေတယ်ဆိုရင် ဒီစာလေးကို ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်ပါ။ မင်္ဂလာဆောင်တော့မယ့် သတို့သား၊ သတို့သမီးတွေအတွက် မင်္ဂလာသီချင်းရွေးရတဲ့ စိတ်ရှုပ်စရာ တစ်ခုလျော့အောင် ဒီစာလေးက ကူညီပေးမယ်လို့ ထင်ပါတယ်။ 

 

နှစ်ဦးသဘောတူ ရွေးချယ်ပါ


လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်ဆိုတာက မတူနိုင်ပါဘူး။ ဒီနေရာကစလို့ စိတ်တူကိုယ်တူနဲ့ တိုင်တိုင်ပင်ပင် ညှိနှိုင်းထားကြမယ်ဆို မင်္ဂလာပွဲမှာ နားဆင်ရမယ့် သီချင်းတွေက အမှတ်တရ ဖြစ်နေမှာပါ။

 

တခြားသူတွေဆီက အကြံဥာဏ် ရယူပါ


မင်္ဂလာဆောင်မှာ ဖွင့်လေ့ဖွင့်ထရှိတဲ့ သီချင်းတွေ အမြောက်အများရှိပေမယ့်လည်း အဲဒါတွေနဲ့တင် မကျေနပ်လိုက်ပါနဲ့။ သီချင်းနားထောင်ရတာ ဝါသနာပါပြီး ပြည်တွင်းပြည်ပက သီချင်းတွေအကြောင်း နှံနှံစပ်စပ် သိတဲ့ သူငယ်ချင်းတွေဆီကလည်း အကြံဥာဏ်တောင်းကြည့်ပါ။

 

ကိုယ်တိုင် အရင်နားဆင်ကြည့်ပါ


သူငယ်ချင်းတွေက အကြံဥာဏ်ပေးလို့ မင်္ဂလာပွဲနဲ့ သင့်တော်တဲ့ သီချင်းတွေ ရလာပြီဆိုရင် အဲဒိသီချင်းစာရင်းထဲမှာ ကိုယ်နားမထောင်ဖူးတဲ့ သီချင်းတွေ ပါကောင်းပါနိုင်ပါတယ်။ အဲဒိသီချင်းတွေကို အရင်ကိုယ်တိုင်နားထောင်ကြည့်ပြီးမှ မင်္ဂလာပွဲမှာ ထည့်သင့်မထည့်သင့် ပြန်လည်စဉ်းစားပါ။

 

တိုင်ဆိုင်မှုရှိတဲ့သီချင်းတွေကို ရွေးချယ်ပါ


မင်္ဂလာမောင်နှံတို့ရဲ့ အချစ်ဇာတ်လမ်းလေးနဲ့ တိုက်ဆိုင်မှုရှိတဲ့ သီချင်းလေးတွေကိုလည်း မင်္ဂလာဆောင်မှာ ဖွင့်ထားသင့်ပါတယ်။ ဒါဆိုရင်တော့ ချစ်သူဘဝက ပျော်စရာတွေ၊ အမှတ်ရစရာတွေက မင်္ဂလာပွဲနေ့မှာလည်း ပြန်လည်အသက်ဝင်လာနိုင်ပါတယ်။

 

ပွဲတက်ရောက်မယ့်ဧည့်သည်ကိုလည်း ပြန်ဆန်းစစ်ပါ


သီချင်းရွေးတာက မင်္ဂလာမောင်နှံစိတ်ကြိုက်ဖြစ်နေဖို့ လိုပေမယ့် ပွဲတက်ရောက်မယ့် ဧည့်သည်တွေက လူကြီးပိုင်းတွေလည်း ပါမှာမို့လို့ ခေတ်ပေါ်အမြူးအကြွတွေကိုပဲ ရွေးဖွင့်မနေပဲ လူကြီးပိုင်းတွေ နားထောင်လို့ အဆင်ပြေစေမယ့် သီချင်းအေးတစ်လှည့် သီချင်းမြူးတစ်လှည့် ဖွင့်ပေးသင့်ပါတယ်။ ရင်းနှီးတဲ့သူငယ်ချင်း မိတ်တွေတွေပဲ ဖိတ်တဲ့ ညစာစားပွဲလိုမျိုးဆိုရင်တော့ EDM သီချင်းမျိုးတွေ ရွေးချယ်နိုင်ပါတယ်။

 

သီချင်းတွေများများ ရွေးပေးထားပါ

 

မင်္ဂလာပွဲကြာချိန်က ၂ နာရီလောက်ရှိနိုင်တာမို့ ကြာချိန်နဲ့လိုက်ပြီး သီချင်းဘယ်လောက် ဖွင့်ရမလဲ ဆိုတာကလည်း ထည့်စဉ်းစားစရာပါ။ ရွေးထားတဲ့ သီချင်းတွေက နည်းလွန်းနေရင် ခဏခဏပြန်ဖွင့်နေရလို့ ဧည့်သည်တွေအနေနဲ့လည်း ငြီးငွေ့သွားနိုင်ပါတယ်။ အကောင်းဆုံးကတော့ မင်္ဂလာပွဲတစ်လျှောက်လုံး သီချင်းတစ်ပုဒ်ကို ၂ ခေါက်လောက်သာ ပြန်ဖွင့်တာ ကောင်းပါတယ်။

 

 

Myanmar Wedding Gudie

Read times Last modified on Friday, 17 May 2019 16:35
Rate this item
(0 votes)
Tagged under