မင်္ဂလာစရိတ်ဘယ်လိုစုကြမလဲ...။.

မင်္ဂလာစရိတ်ဘယ်လိုစုကြမလဲ...။. google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်ချစ်သူစုံတွဲလေးတွေနဲ့ မင်္ဂလာစရိတ်ဘယ်လိုစုကြမလဲဆိုတဲ့အကြောင်းအရာလေးကိုဆွေးနွေးပေးချင်ပါတယ်။

လက်ထပ်ဖို့အတွက်ရည်ရွယ်ပြီးလက်တွဲကြတဲ့ ချစ်သူစုံတွဲတွေတိုင်း လက်ထပ်ပြီးအတူတူနေကြဖို့ကြိုးစားကြရတာဖြစ်လို့

အခုဖော်ပြပေးမယ့်နည်းလမ်းတွေက အထောက်အကူဖြစ်မယ်လို့ယုံကြည်ပါတယ်။

(၁) ဆွေးနွေးတိုင်ပင်ပါ။

ဘယ်နှနှစ်လောက်ကြာရင်လက်ထပ်ကြမယ်။ဘယ်လိုအခမ်းအနားမျိုးနဲ့လက်ထပ်ချင်တယ်။လက်ထပ်ပြီးနေဖို့အိမ် ကစလို့ ချစ်သူနှစ်ဦး သေချာအချိန်ပေးတိုင်ပင်သင့်ပါတယ်။

တိုင်ပင်တဲ့အခါမှာလဲ လိုချင်တာနဲ့လိုအပ်တာတွေကို တိတိကျကျ ပွင့်ပွင့်လင်းလင်း ပြောပြထားဖို့ကလည်း အရေးကြီးပါတယ်။

(၂)ဝင်ငွေကို ဖယ်ပြီး စုပါ။

လက်ထပ်ဖို့အချိန်အပိုင်းအခြားပေါ်တည်ပြီး နှစ်ဦးစလုံးရဲ့ဝင်ငွေ ဘယ်လောက်ရာခိုင်နှုန်းလောက်စုမလဲဆိုတာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

များများစုနိုင်လေ မြန်မြန်နီးနိုင်လေဖြစ်တာကြောင့် ငွေစုပါ။

(၄)စုငွေတွေကို ငွေရှင်ဖြစ်အောင်လုပ်ပါ။

ဥပမာ- ရွှေဝယ်စုတာမျိုးက တော်တော်လေးငွေပွားစေတာဖြစ်လို့ ငွေသားစုတာမျိုးမလုပ်ဘဲ ငွေပွားစေမယ့်နည်းလမ်းလေးတွေလုပ်ပါ။

(၆)စုံစမ်းပါ။

Wedding Fair တွေ ကျင်းပတဲ့အခါ သွားပြီး လေ့လာ စုံစမ်းပါ။ ဒီလိုအချိန်တွေမှာ လျော့ဈေးပေးတာတွေ ၊

မေတ္တာလက်ဖွဲ့ပေးတာတွေကြောင့် မူရင်းကုန်ကျစရိတ်ထက် သိသိသာသာ သက်သာနေတာ တွေ့ရမှာပါ။

အစားအသောက်ကိုလဲ ဘယ်နေရာက အရသာကောင်းလဲ ၊ ဈေးသင့်လဲ ၊ မိမိတို့ ပွဲလာဧည့်ပရိသတ်အတွက် သင့်တော်တာ ဘာဖြစ်မလဲ ဆိုတာကိုလဲ စုံစမ်းထားသင့်ပါတယ်။

အရေးကြီးဆုံးက ခန်းမပါ။ မိမိတို့ ဘယ်နေရာမှာ ပွဲအခမ်းအနားလုပ်မလဲ ၊

နေရာက ဘယ်လောက်ကြိုတင် စာရင်းပေးထားရလဲ ၊ အရေအတွက် ဘယ်လောက် ဆံ့မလဲ ဆိုတာတွေကို စုံစမ်းထားသင့်ပါတယ်။

(၇) ကြိုတင် ပြင်ဆင်ထားပါ။

မင်္ဂလာပွဲကြီးတစ်ခုလုံးအောင်အောင်မြင်မြင်ပြီးစီးသွားဖို့အတွက်အဓိက လိုအပ်တဲ့အချက်ကတော့ ကြိုတင်ပြင်ဆင်မှုပဲဖြစ်ပါတယ်။

ကြိုတင်ပြင်ဆင်နိုင်လေ စိတ်လက်ပေါ့ပါးလေဖြစ်တာကြောင့် မင်္ဂလာပွဲနဲ့ပတ်သက်သမျှအရာအားလုံးကို ကြိုတင်ပြင်ဆင်ထားပါ။

Reference: weddingbook.com

 

Air Ticketing/Airlines လေယာဉ်လက်မှတ်အရောင်းဌာန ၈၉၀ ကိုရှာရန်နှိပ်ပါ။

 

ig

 

 

Zawgyi ဖြင့်ဖတ်ရန်...




(၁) ဆွေးနွေးတိုင်ပင်ပါ။







(၆)စုံစမ်းပါ။










 

Air Ticketing/Airlines လေယာဉ်လက်မှတ်အရောင်းဌာန ၈၉၀ ကိုရှာရန်နှိပ်ပါ။

 

Myanmar Wedding Guide

 

1we

 

 

Read times
Rate this item
(0 votes)
Tagged under