တစ်ပတ်စာ သင့်ကံကြမ္မာ ဇူလိုင် (၆)ရက်နေ့ မှ (၁၂)ရက်နေ့ထိ
တစ်ပတ်စာ သင့်ကံကြမ္မာ ဇူလိုင် (၆)ရက်နေ့ မှ (၁၂)ရက်နေ့ထိ
တစ်ပတ်စာ သင့်ကံကြမ္မာ ဇူလိုင် (၆)ရက်နေ့ မှ (၁၂)ရက်နေ့ထိ
တနင်္ဂနွေ
-------------
ဝန်ထမ်းများဖြစ်ပါက အပြောင်းအလဲတွေပေါ်တတ်ပါသည်။ ကောင်းသောအပြောင်းလဲဖြစ်ပါလိမ့်မည်။ အောက်လက်အောက်ငယ်သားများ သင့်ကိုဒုက္ခပေးတတ်ပါသည်။ ယခုအပတ်တွင်းလုပ်ငန်းသစ် စတင်လုပ်ကိုင်ခြင်း၊ သူတပါးကို အာမခံပေးခြင်းများရှောင်ကျဉ်ပါ။ ညံ့တတ်ပါသည်။ ငွေကြေးကံမှာ ကောင်းနေပါသော်လည်း သင့်လက်ထဲ၌ငွေတော့မမြဲတတ်ပါ။ ကျန်းမာရေးမှာ အစာမကြေရောဂါ ဖြစ်တတ်ပါသည်။ စိုးရိမ်စရာမရှိပါ။ ပညာရေးကံမှာတော့ကောင်းနေပါသည်။ ငယ်ရွယ်သူများဖြစ်ပါက အချစ်ရေးအတွက် စကားပြောအဆင်ခြင်ပါ။ ပြသနာဖြစ်တတ်ပါသည်။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေးသာယာပျော်ရွှင်ရပါလိမ့်မည်။ ယခုတစ်ပတ်အတွင်း ခရီးမထွက်ပါနှင့် စိတ်ညစ်စရာများ ကြုံတတ်သည်။ ကံကောင်းသောအရောင်မှာ အဝါရောင်ဖြစ်သည်။ ကံကောင်းစေသောဂဏာန်းမှာ(၂၊၇)ဖြစ်ပါသည်။
ယတြာ။ ။ မေမြို့ပန်း(၅)ပွင့်အိမ်ဘုရားတွင်လှူပြီးမိမိလိုရာဆုတောင်းပါ။
တနင်္လာ
------------
သင့်အတွက် ပျော်စရာအကောင်းဆုံးအချိန် ဖြစ်တတ်ပါသည်။ အလုပ်အကိုင်မှာတော်တော့ကို ကောင်းနေပါသည်။ လုပ်ငန်းသစ် စတင်လုပ်ကိုင်မည်ဆိုပါက အလွန်ကောင်းပါသည်။ ဝန်ထမ်းများ ဖြစ်ပါက ရာထူတိုးတက်ပါမည်။ အလုပ်တွင် နာမည်ကောင်းတွေလည်း ရရှိလာပါလိမ့်မည်။ အလှူမင်္ဂလာကိစ္စ ပေါ်လာလျှင် အလွန်ကောင်းပါသည်။ ပစ္စည်းဥစ္စာတွေလည်း တိုးတက်လာပါလိမ့်မည်။ ငွေကြေးကံ အလွန်ကောင်းပြီး လဘ်ရွှင်နေပါလိမ့်မည်။ ကျန်းမာရေးတွင်းလည်း ကောင်းနေပါသည်။ ပညာရေးကံမှာလည်း ကောင်းပါသည်။ အောင်မြင်မှု တွေ ရရှိပါလိမ့်မည်။ ငယ်ရွယ်သူများဖြစ်ပါက အချစ်ရေးမှာ ပျော်ရွှင်မှုတွေရရှိပါလိမ့်မည်။
အိမ်ထောင်ရှင်များအတွက်လည်း အိမ်ထောင်ရေးအလွန်ကောင်းပါသည်။ ခရီးကိစ္စကြုံလာလျှင်လည်း ပျော်ရွှင်သောခရီးစဉ်ဖြစ်တတ်ပါသည်။ သင်၏ကံကောင်းသောအရောင်မှာအပြာရောင်ဖြစ်သည်။
ယတြာ။ ။ သပြေ(၆)ညွန့်အိမ်ဘုရား လှူပြီးမိမိလိုရာဆုတောင်းပါ။
အင်္ဂါ
-------------
လုပ်ငန်းကိစ္စများမှာ အနည်းငယ်ညံ့နေပါသည်။ လုပ်ငန်း အကြံအစည်များ လွဲချော်နေပြီး မျှော်လင့်ချက်တွေလည်း မှုန်းဝါနေတတ်ပါသည်။ လုပ်ငန်းသစ် စတင်လုပ်ကိုင်မည်ဆိုပါက မလုပ်ပါနှင့်။ ရင်နှီးထားသမျှ အားလုံးကုန်သွားပါလိမ့်မည်။ သင့်စိတ်ကို သေချာထိမ်းပြီး အလုပ်လုပ်ပါ အဆင်ပြေသွားပါလိမ့်မည်။ ဝန်ထမ်းများဖြစ်ပါက အကြီးအကဲကြောင့် စိတ်ညစ်ရတတ်ပါသည်။ စာရင်းဇယားကိစ္စတွေလည်း ဖြေရှင်းရတတ်ပါသည်။ ယခုအချိန်တွင် ငြိမ်ငြိမ်နေတာ အကောင်းဆုံးပါပဲ။
ကျန်းမာရေးမှာ သွေးတိုးသောရောဂါဖြစ်တတ်ပါသည်။ သတိထားပါ။ ပညာရေးမှာတော့ ကောင်းနေပါသည်။ အာရုံစူးစိုက်မှုတော့ လိုအပ်ပါသည်။ ငယ်ရွယ်သူများဖြစ်ပါက အချစ်ရေးကံမှာ အနည်းငယ်ညံ့နေတတ်သည်။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေးစကားများရတတ်သည်။ ခရီးကိစ္စမှာတော့ ကောင်းပါသည်။ တောင်အရပ်ကိုတော့ရှောင်ပါ။ ကံကောင်းသောအရောင်မှာ အစိမ်းရောင်ဖြစ်သည်။ ကံကောင်းစေသောဂဏာန်းမှာ (၄၊၇)ဖြစ်ပါသည်။
ယတြာ။ ။ နှင်းဆီ(၇)ပွင့်အိမ်ဘုရား လှူပြီးမိမိလိုရာဆုတောင်းပါ။
ဗုဒ္ဓဟူး
----------
လုပ်ငန်းကိစ္စများမှာ အနည်းငယ်ညံ့နေပါသည်။ ဝန်ထမ်းဖြစ်ပါက အလုပ်မှာမလုပ်သင့်တာတွေ လုပ်ဖြစ်တတ်ပါသည်။ ဂရုစိုက်ပါ။ အလုပ်မှာလည်း မပျော်ရွှင်သလို ဖြစ်နေရတတ်ပါသည်။ ဒီအချိန်မှာ မိတ်ဆွေကလည်း ရန်သူဖြစ်သွားတတ်ပါသည်။ မကြာခင်တော့ အားလုံးကောင်းလာပါလိမ့်မည်။
ယခုအပတ်တွင် လုပ်ငန်းသစ် စတင်လုပ်ကိုင်မည်ဆိုပါက အကျိုးမပေးပါ။ ငွေကြေးကံမှာ လာဘ်ပိတ်နေတတ်ပါသည်။ ကျန်းမာရေးမှာ အစာအိမ်ရောဂါ ဖြစ်တတ်ပါသည်။ စိုးရိမ်စရာတော့မလိုပါ။ ပညာရေးကံကောင်းနေပါသည်။ ငယ်ရွယ်သူများ အချစ်ရေးကံမှာ ကောင်းနေပါသည်။ ချမ်းမြေ့ကြည်နူးဖွယ်များ ကြုံတွေ့ရတတ်သည်။
အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေး ကောင်းနေပါသည်။ ခရီးသွားမည်ဆိုပါက ကောင်းပါသည်။ ရေလမ်းခရီးကိုတော့ရှောင်ပါ။ ကံကောင်းသောအရောင်မှာ ခရမ်းရောင်ဖြစ်သည်။ ကံကောင်းစေသောဂဏာန်းမှာ (၃၊၉)ဖြစ်ပါသည်။
ယတြာ။ ။ သောက်တော်ရေ(၈)ခွက်၊ ယပ်(၈) ချောင်း အိမ်ဘုရားလှူပြီးမိမိလိုရာဆုတောင်းပါ။
ကြာသာပတေး
----------
လုပ်ငန်းကိစ္စများ ကောင်းနေပါသည်။ ဝန်ထမ်းများဖြစ်ပါက အလုပ်တွင်ရာထူးတိုးမည်။ အောက်လက်ငယ်သားရော အထက်လူကြီးပါ သင့်ကိုကူညီမှု့တွေပေးပါလိမ့်မည်။ ရတနာပစ္စည်းတွေလည်း ဝင်လာတတ်ပါသည်။ မိတ်ဆွေကောင်းတွေလည်း တိုးလာပါလိမ့်မည်။ ယခုအပတ်တွင် လုပ်ငန်းသစ်စတင်လုပ်ကိုင်ပါက ကောင်းပါသည်။
လုပ်ဖြစ်အောင်လုပ်ပါ အကျိုးပေးမည်။ ငွေကြေးကံမှာလည်း ကောင်းနေပါသည်။ လာဘ်လာဘပေါများသော အချိန်ဖြစ်ပါသည်။ ကျန်းမာရေးလည်း ကောင်းနေပါသည်။ ပညာရေးကံမှာလည်း ကောင်းနေပါသည်။ ထူးချွန်စွာ အောင်မြင်ပါလိမ့်မည်။ ငယ်ရွယ်သူများ အချစ်ရေးမှာလည်း ကောင်းနေပါသည်။ ကြည်နူးပျော်ရွှင်ရပါလိမ့်မည်။
အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေးသုခ အပြည့်အဝရရှိလိမ့်မည်။ ခရီးကံမှာလည်းကောင်းပါသည်။ ကံကောင်းသောအရောင်မှာ ဆင်စွယ်ရောင်ဖြစ်သည်။ ကံကောင်းစေသော ဂဏာန်းမှာ(၁၊၂) ဖြစ်ပါသည်။
ယတြာ။ ။ ငွေထီး(၁၁)လက်အိမ်ဘုရားလှူပြီးမိမိလိုရာဆုတောင်းပါ။
သောကြာ
----------
လုပ်ငန်းကံမှာ ကောင်းနေသည်ဆိုသော်လည်း အနည်းငယ်စိတ်ညစ်စရာလေးတွေ တော့ရှိနေတတ်ပါသည်။ ဒီအချိန်မှာ သင်စိတ်ဓာတ်မကျဖို့တော့ အရေးကြီးပါတယ်။ မကြာခင် ကံပြန်ကောင်းလာပြီး ဝန်ထမ်းများဖြစ်ပါက အခြေနေတွေတိုးတက်လာပါလိမ့်မည်။ အလုပ်နေရာကောင်းတွေလည်း ပြန်လည်ရရှိလာပါလိမ့်မည်။ ငွေကြေးကံမှာ ကောင်းနေပါသည်။
ရစရာရှိတာတွေလည်း ပြန်လည်ရရှိပါလိမ့်မည်။ ကျန်မာရေးကတော့ ဗိုက်ခဏခဏ အောင့်တတ်ပါသည်။ စိုးရိမ်စရာမလိုပါ။ ပညာရေးမှာကောင်းနေပါသည်။ အောင်မြင်မှု့တွေလည်းရရှိပါလိမ့်မည်။ ငယ်ရွယ်သူများ အချစ်ရေးကံမှာ ကောင်းနေပါသည်။ အိမ်ထောင်ရှင်များဖြစ်ပါက အိမ်ထောင်ဖက်ခရီးသွားရ၍ ခဏတာခွဲခွာရတတ်သည်။
သင်မရောက်ဖူးသော ခရီးသွားရတတ်ပါသည်။ အကျိုးပေးပါလိမ့်မည်။ ကံကောင်းသောအရောင်မှာအနီရောင်ဖြစ်သည်။ ကံကောင်းစေသောဂဏာန်းမှာ (၂၊၉)ဖြစ်ပါသည်။
ယတြာ။ ။ ဇော်စိမ်း(၁၂)ညွန့်အိမ်ဘုရားလှူပြီးမိမိလိုရာဆုတောင်းပါ။
စနေ
----------
အလုပ်အကိုင်ကိစ္စတွေလွှဲချော်နေတတ်ပါသည်။ ဝန်ထမ်းများဖြစ်ပါက အလုပ်၌ စိတ်အလွန် ရှုပ်နေရတတ်ပြီး အမြဲလိုလိုပြဿနာတွေ ဖြေရှင်းရတတ်ပါသည်။ သင်ယုံကြည်ရသောသူတွေကလည်း သင့်ကိုမကောင်းကြံတတ်သည်။ သတိထားပါ။ ဒီအချိန်မှာ သင့်အနေဖြင့် လမ်းပျောက်သလို ဖြစ်နေတတ်ပါသည်။
ရရှိမည့် အခွင့်အရေးကလည်း လွဲချော်နေတတ်သည်။ ယခုအပတ်တွင် လုပ်ငန်းသစ်များ စတင်လုပ်ကိုင်မည်ဆိုပါက လုံးဝမလုပ်ပါနှင့် အရှုံးပေါ်တတ်သည်။ သင်၏ငွေကြေးကံမှာကောင်းနေပါသည်။ ငွေကြေးအာမခံတော့မပေးပါနှင့် ပြဿနာပေါ်တတ်ပါသည်။ ကျန်းမာရေးမှာ အနည်းငယ်ညံ့နေတတ်ပါသည်။
သွေးအားနည်းခြင်း ရောဂါဖြစ်တတ်ပါသည်။ ယခုအပတ်အတွင် ပညာရေးကောင်းနေပါသည်။ သင့်ဖက်ကကြိုးစားဖိုတော့လိုနေပါသည်။ ငယ်ရွယ်သူများ အချစ်ရေးမှာကောင်းနေသော်လည်း အနည်းငယ်စကားများရတတ်သည်။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေးအတိုက်အခံ အနည်းငယ်ပေါ်လာမည်။
ယခုအပတ်အတွင်းပြည်တွင်းပြည်ပခရီးပေါ်လျှင်ကောင်းပါသည်။ မြောက်အရပ်ကိုတော့ရှောင်ပါ။ ကံကောင်းသောအရောင်မှာ နီညိုရောင်ဖြစ်ပါသည်။ ကံကောင်းစေသော ဂဏာန်းမှာ(၆၊၃) ဖြစ်ပါသည်။
ယတြာ။ ။ ရွက်လှ(၈)ညွန့်အိမ်ဘုရားလှူပြီးမိမိလိုရာဆုတောင်းပါ။
<<< Zawgyi >>>
တနင်္ဂနွေ
-------------
တနင်္လာ
------------
အင်္ဂါ
-------------
ဗုဒ္ဓဟူး
----------
ကြာသာပတေး
----------
သောကြာ
----------
စနေ
----------
#1875
Read times Last modified on Monday, 06 July 2020 17:39
Rate this item
(1 Vote)