မင်္ဂလာပွဲတက်ရောက်မယ့် လူအရေအတွက်ကိုဘယ်လိုခန့်မှန်းမလဲ

မင်္ဂလာပွဲတက်ရောက်မယ့် လူအရေအတွက်ကိုဘယ်လိုခန့်မှန်းမလဲ google.com

မင်္ဂလာပွဲတစ်ပွဲ ပြုလုပ်တော့မယ်ဆိုရင် တက်ရောက်ချီးမြှင့်ပေးမယ့် ဧည့်သည်တွေကို ဖိတ်စာလေးကမ်းပြီးဖိတ်ကြားတတ်ပါတယ်။

ဒီလိုအချိန်မှာ ဖိတ်စာအရေအတွက်နဲ့ မင်္ဂလာပွဲကို တက်ရောက်မယ့် လူအရေအတွက် ဘယ်လို သတ်မှတ်လို့ရမလဲ ဆိုတဲ့တွက်ချက်ပုံလေးကို ပြောပြပေးချင်ပါတယ်။

 

.၅ နဲ့ မြှောက်ပါ

.၅ နဲ့ မြှောက်ပါ ဆိုတာကတော့ ဖိတ်စာအရေအတွက်ကို ၁.၅ နဲ့ မြှောက်ပြီး လူအရေအတွက်ကိုခန့်မှန်းတာပဲ ဖြစ်ပါတယ်။

ဥပမာ – ဖိတ်စာက ပုံမှန်အစောင် ၃၀၀ ဆိုရင် ၃၀၀ × .= ၄၅၀ ယောက်

 

ဖိတ်စာ အစောင် ၃၀၀ ဖိတ်တယ်ဆိုရင်တော့ လူအရေအတွက်ကို ပျှမ်းမျှ ၄၅၀ အတွက် ပြင်ဆင်ထားရမှာပဲ ဖြစ်ပါတယ်။ ပိုတာတွေ၊ လိုတာတွေ အတွက်ကတော့ အယောက် ၁၀၀ စာလောက်ပြင်ဆင်ထားပါ။ မဟုတ်ရင် ဧည့်သည်တွေ များပြီး ဧည့်ခံဖို့ပြင်ဆင်ထားတာတွေ မကိုက်တော့ဘဲ မင်္ဂလာပွဲမှာ အဆင်မပြေဖြစ်နိုင်လို့ပါ။

 

ဖိတ်စာ အရေအတွက်ကိုတော့ ပျှမ်းမျှ အစောင် ၂၀၀ ကနေ ၃၀၀ ရိုက်ကူးတတ်ပါတယ်။ နှစ်ဖက်ဆွေမျိုး အပေါင်းအသင်းတွေများတဲ့ မင်္ဂလာမောင်နှံတို့ အနေနဲ့ကတော့ ဖိတ်စာကို ၅၀၀ ကနေ ၁၀၀၀၊ ၁၅၀၀ အထိ ရိုက်နှိပ်တတ်ပါတယ်။

 

ဖိတ်စာအစောင်ရေကိုလိုက်ပြီး လူအရေအတွက်ကိုတွက်ချက်တဲ့အခါ ၁.၅ နဲ့ မြှောက်တဲ့နည်းကို အသုံးပြုပြီးတွက်မယ်ဆိုရင် ပိုအဆင်ပြေမှာပါနော်။

 

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Thursday, 07 March 2019 10:10
Rate this item
(1 Vote)