ဖိတ်စာအတွက် လုပ်ဆောင်သင့်တဲ့အချက်များ

ဖိတ်စာအတွက် လုပ်ဆောင်သင့်တဲ့အချက်များ

မင်္ဂလာ ပွဲမတိုင်ခင်၂လလောက်အလိုမှာ ဖိတ်မယ့်လူစာရင်းကိုချရေးပါ။

မြန်မာနိုင်ငံမှာ အများစုတွက်ကြတဲ့ တွက်နည်းကတော့ ဟိုတယ်ပွဲဆိုရင် ဖိတ်စာတစ်စောင်ကို လူ ၁.၅ ယောက်နှုန်းနဲ့တွက်ပြီး ဆွမ်းကျွေးဆိုရင်တော့ ဖိတ်စာတစ်စောင်ကို လူ ၂ ယောက်နှုန်း တွက်ပါတယ်။

 

ဥပမာ ဟိုတယ်မှာ လူ ၅ဝဝ ဖိတ်မယ်ဆိုရင် ၁.၅ ယောက်နှုန်းနဲ့တွက်ပြီး ဖိတ်စာအရေအတွက် ၃၃ဝ ရိုက်ရပါမယ်။ အမှတ်တရသိမ်းထားဖို့ ၄၊ ၅ စောင်အပါအဝင် အစောင် ၅ဝ လောက် ပိုပိုလိုလိုရိုက်ထားပါ။

 

ဖိတ်စာ စာစီပြီးတဲ့အခါ အမှားအယွင်းမရှိအောင် အထပ်ထပ်အခါခါသေချာစစ်ဆေးပါ။

 

ပြီးလျှင် ဆိုင်ကို ရမည့် ရက်ချိန်းသေချာမေးပါ။ တစ်လအလိုမှာ ဖိတ်စာတွေကိုယ့်လက်ထဲရောက်နေရင် အကောင်းဆုံးပါပဲ။

 

ပွဲမတိုင်မီ ၂ပတ်လောက်အလိုမှာ ဖိတ်စာကြိုဝေထားပါ။ အနီးမှကပ်ဝေရင် အာရုံများပြီး ဖိတ်ဖို့မေ့ကျန်ခဲ့တာမျိုး၊ အချိန်မရတော့တာမျိုးတွေနဲ့ အဆင်မပြေဖြစ်တတ်ပါတယ်။

 

ဖိတ်စာမလောက်တဲ့အခါလည်း အခက်တွေ့နိုင်ပါတယ်။ အရမ်းစောဝေထားတဲ့အခါမှာလည်း အချို့ ဧည့်သည်တွေအနေနဲ့ ဖိတ်စာပျောက်တာမျိုး၊ မေ့သွားတာမျိုး ဖြစ်တတ်ပါတယ်။

 

နယ်ဝေးကဧည့်သည်တွေကို ၃ပတ်လောက်ကြိုပို့ပြီး ဖုန်းဆက်အကြောင်းကြားထားပါ။ မဖြစ်မနေလာစေချင်တဲ့ ဧည့်သည်တွေကို ပွဲအနားနီးရင် ဖုန်းဆက်သတိပေးပါ။

 

ကိုယ်ကရုံးအလုပ်သမားဆိုရင် ဖိတ်စာအားလုံးကို ကိုယ်တိုင်ကိုယ်ကျဖိတ်ဖို့ဆိုတာ သိပ်မလွယ်ကုပါဘူး။ အဲ့လိုအခါမျိုးတွင် လူမှုကွန်ယက်မှတစ်ဆင့် သူငယ်ချင်းများကိုဖိတ်ကြားနိုင်ပါတယ်။

 

နောက်ထပ် မိသားစုနဲ့ သူငယ်ချင်းတွေရဲ့  အကူအညီကိုယူသင့်ပါတယ်။

Read times
Rate this item
(1 Vote)