Shangri-La Hotel ‘s December Promotion for Wedding Dinner

Shangri-La Hotel ‘s December Promotion for Wedding Dinner

Sule Shangrila Hotel မှာ နှစ်သစ်အတွက် promotionလေး ရှိတယ်လို့ မင်္ဂလာမောင်နှံများကို အသိပေးလိုက်ပါတယ်။

 

ပထမဦးဆုံး Sule Shangrila ရဲ့ Dinner package လေးအကြောင်းကို ပြောပြပေးလိုက်ပါတယ်။

 

Promotion မလုပ်ခင် မူလ Original Dinner Package လေးမှာတင် ပေးထားတဲ့ ဝန်ဆောင်မှုတွေက သိပ်ကျေနပ်စရာကောင်းတာမို့ သဘောကျမိတဲ့ ဟိုတယ်ထဲမှာ ပါဝင်ပါတယ်။

 

Dinner အတွက်ဆိုရင်တော့ တစ်ယောက်ကို US$ 45 , US$ 55 ဝန်းကျင်ကနေ စပါတယ်။

 

အနည်းဆုံး လူ၃၀၀ဝန်းကျင်ယူမယ်ဆိုရင် မင်္ဂလာမောင်နှံအတွက် တစ်ညတာတည်းခိုခွင့် မနက်စာ ဘူဖေး Package ပါဝင်တဲ့ အစားအသောက် ၉မျိုးကို လူ ၁၀ဦးစာ တည်ခင်းဧည့်ခံပေးမှာဖြစ်ပါတယ်။

 

ရှန်ပိန်လက်ဆောင်ပေးခြင်း၊ နိုင်ငံတကာမှာရှိတဲ့ Shangri-La Hotels, Hotel Jen Hotels များမှာ ၂ ညတာ free တည်းခိုခွင့်ရရှိခြင်း၊ ရန်ကုန် Shangri-La Hotel ရဲ့ Cafe Sule မှာ ဘူဖေး ၆ဦးစာ Gift Voucher ထုတ်ပေးခြင်းအပြင် Dinnerအတွက်လည်း Blue Label - 6 ပုလင်းကို မေတ္တာလက်ဆောင်ပေးမယ့် Service လည်း ပါဝင်ပါတယ်။

 

မူလ Dinner ပွဲအတွက် ဝန်ဆောင်မှုတွေအပြင် December လအတွက်ပါ ထပ်ရမယ့် Promotion လေးပါရှိနေတော့ အရမ်းကို အဆင်ပြေမှာဖြစ်ပါတယ်။

 

Tea Reception အတွက်ကိုလည်း တစ်ယောက်စာ 17$, 18$, 19$ ဆိုပြီးရှိပါတယ်။ အခြား Hotel တွေမှာ မုန့်၃မျိုးက စတာများပေမယ့် Sule Shangri-La ကတော့ မုန့် ၄မျိုးက စတာ ဖြစ်ပါတယ်။

အပိုထပ်ဆောင်းရမယ့်ဝန်ဆောင်မှုတွေလည်း အများကြီးရရှိမှာ ဖြစ်ပါတယ်။

 

အစားအသောက်Tea Reception မှာ ဆိုရင် ရွေးချယ်စရာ မုန့်အမျိုးအစား ရာချီပြီးရှိတဲ့အပြင် ပွဲမတိုင်ခင် Package ထဲက အစားအသောက်အမျိုးအမည်တွေကို လူ၎ဦးစာ မြည်းစမ်းခွင့်ရမှာမို့ အဆင်ပြေစေမှာဖြစ်ပါတယ်။

ခန်းမအနေအထားကလည်း အချို့လူတွေက ကျဉ်းတယ်လို့ပြောကြပေမယ့် မကျဉ်းပါဘူး။

 

အခြား Five Star Hotel ကြီးတွေလိုပဲ ကျယ်ဝန်းပါတယ်။ ဝိုင်းတွေလည်း အများကြီးထပ်ထည့်လို့လည်း ရပါတယ်။

 

ကားပါကင် နေရာလည်း ကျယ်ပါတယ်။ Sule Square ရဲ့ ကားပါကင်မှာလည်း ရပ်လို့ရပါတယ်။ တစ်နာရီ ၃၀၀ ကျပ်တော့ ကျသင့်ပါတယ်။ တကယ်လို့ မင်္ဂလာမောင်နှံက VIP ဧည့်သည်တွေအတွက် အကုန်ကျသက်သာအောင် စီစဉ်ပေးချင်တယ်ဆိုရင်လည်း Hotel နဲ့ ညှိလို့ရပါတယ်။

 

ဒီဇင်ဘာ ၃၁ ရက်နေ့ နှစ်သစ်ကူးအကြိုညအတွက် တရုတ်ရိုးရာမင်္ဂလာဆောင် ညနေခင်းပွဲကို ဘိုကင်တင်လိုက်ရုံနှင့် ဟိုတယ်ရဲ့ အခမ်းနားဆုံး Presidential Suite တွင် ၂ ညတာတည်းခိုခွင့်ကို ရရှိမယ့် အခွင့်အရေးပဲဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:49
Rate this item
(1 Vote)