The Penthouse: War In Life မင်းသမီးရဲ့ အရှုပ်တော်ပုံ

The Penthouse: War In Life မင်းသမီးရဲ့ အရှုပ်တော်ပုံ Google

Dispatch ကနေ ဖော်ထုတ်ခဲ့တဲ့ စုံတွဲတွေဟာ လက်ချိုးရေလို့တောင်မရတော့ပါဘူး။ Dispatch ဟာ ကိုးရီးယားလောကရဲ့ မယုံနိုင်စရာကောင်းလောက်တဲ့ relationship များစွာကို တူးဆွဖော်ထုတ်ခဲ့ပါတယ်။

 

အဲ့ဒီထဲမှာမှ ပရိသတ်တွေကို အံသြအောင်ပြုလုပ်နိုင်ခဲ့တဲ့နှစ်ကတော့ 2011ခုနှစ် လို့ဆိုရမှာပါ။ Dispatch ဟာ မတ်လ 11ရက်နေ့ 2011 ခုနှစ်မှာ မင်းသမီး Lee Ji Ah နှင့် Jung Woo Sung တို့စတင်ချိန်းတွေ့နေပြီဆိုတာကို ဖော်ထုတ်ခဲ့ပါတယ်။ ပဲရစ်မြို့ရဲ့ လမ်းမပေါ်မှာသူတို့နှစ်ဦးရဲ့ date လုပ်နေတဲ့ ပုံတွေနဲ့အတူ ညဘက်ကားထွက်စီးကြတဲ့ သူတို့စုံတွဲ့ရဲ့ပုံတွေကိုပါ Dispatch က ဖော်ပြခဲ့ပါတယ်။ Lee Ji Ah နှင့် Jung Woo Sung တို့ဟာ “Athena: Goddess Of War” ဒရာမာကိုရိုက်ကူးစဉ် တစ်ဦးနဲ့တစ်ဦး တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

 Jung Woo Sung Opens Up for the First Time About Breaking Up with Lee Ji Ah  | Soompi

2011 ခုနှစ်မတ်လ 20 ရက်နေ့တွင် Jung Woo Sung သည် ပရိသတ်များထံသို့စာတစ်စောင်ရေးသားကာ သူတို့နှစ်ဦး၏ relationshipကို အတည်ပြုခဲ့ပါတယ်။ Jung Woo Sung ရဲ့ပရိသတ်တွေအတွက် တကယ့်ကို အံအားသင့်စရာဖြစ်ခဲ့ပြီး သူ့ရဲ့ ပထမဦးဆုံးအကြိမ်RSဟာ celebrity တစ်ယောက်နဲ့ ဖြစ်နေတာကြောင့်လည်း ဖြစ်ပါတယ်။ အခုလို celebrity စုံတွဲတစ်တွဲ ပေါ်ထွက်လာတဲ့ အတွက် ပရ်သတ်တွေဟာ အံအားသင့်ခဲ့သလို အရမ်းလည်း ဝမ်းသာခဲ့ကြပါတယ်။ လိုက်ဖက်လှတဲ့စုံတွဲအတွက် လူတိုင်းဟာဂုဏ်ပြုချီးကျူးကြပြီး ထိုစုံတွဲကလည်း ပျော်ရွှင်စွာနဲ့ အဆင်ပြေစွာ ဖြတ်သန်းနေကြပါတယ်။ ဒါပေမဲ့ရုတ်တရက်ဆိုသလို အခြေအနေတွေက အရာရာတိုင်းကိုဇောက်ထိုးလှည့်လိုက်သလို ဖြစ်သွားခဲ့ပါတယ်။

No description available.

 

Lee Ji Ah ရဲ့ထိတ်လန့်စရာအတိတ်က ပေါ်ထွက်လာခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ relationship ဟာ Jung Sung Woo ရဲ့ ပရိသတ်တွေထံ အသိပေးစာရေးပြီးနောက် တစ်လအကြာ2011ခုနှစ်၊ဧပြီလ 21 ရက်နေ့မှာ လမ်းခွဲပြတ်စဲခဲ့ကြပါတယ်။ သတင်းများမှ ဖော်ပြချက်များအရ Lee Ji Ah သည် လျို့ဝှက်လက်ထပ်ထားသူဖြစ်ပြီး လျှို့ဝှက်ခင်ပွန်းဖြစ်သူမှာ K-Pop လောကရဲ့ ဂီတကို ဖန်တီးခဲ့သူ နာမည်ကြီး ရော့ခ်နှင့်ပေါ့ပ်ဂီတသမား Seo Taiji ဖြစ်ပါတယ်။ Lee Ji Ah နှင့် Seo Taiji တို့ရဲ့ တစ်ချိန်ကလက်ထပ်ခဲ့ကြခြင်းကြောင့် တစ်နိုင်ငံလုံးအနေဖြင့် အတော်လေးကို အံ့အားသင့်ခဲ့ရပါတယ်။ သတင်းတွေရဲ့ breaking news တွေမှာလည်း သူတို့နှစ်ဦးရဲ့ လက်ထပ်သတင်းတွေသာ ပြသလို့နေခဲ့ပါတယ်။

 

1996ခုနှစ်တွင် Seo Taiji သည် အနုပညာလောကမှ အနားယူကြောင်းကြေငြာခဲ့ပြီးနောက်အမေရိကန်သို့ထွက်ခွာခဲ့ပြီး တစ်နှစ်အကြာတွင်သူသည် Las Vegas မြို့တွင် Lee Ji Ah နှင့်လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့အိမ်ထောက်သက်တမ်းဟာ 9နှစ် ရှိပြီဖြစ်ပါတယ်။ Seo Taiji ဟာအောင်မြင်ကျော်ကြားလာသည်နှင့်အမျှ သူရဲ့private life ကို အသိမခံတတ်တဲ့ စတိုင် ဖြစ်တာ ကြောင့် အခုလို ဆယ်စုနှစ် တစ်ခုအကြာအထိ သူတို့ရဲ့ အိမ်ထောင်ရေးကိုလျှို့ဝှက်ကာ ဖုံးထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 2006 ခုနှစ်တွင် Lee Ji Ah သည်ကွာရှင်းခွင့်တင်သွင်းခဲ့ပြီး Seo Taiji ကတော့ တောင်ကိုရီးယားသို့ပြန်သွားခဲ့ပါတယ်။အဆိုပါကွာရှင်းမှုကိုထိုနှစ်တွင်ပင်အပြီးသတ်ခဲ့ကြပါတယ်။ အဲ့လို အဖြစ်အပျက်တွေကိုရင်ဆိုင်နေရတဲ့ Lee Ji Ah ဟာ အနုပညာလှုပ်ရှားမှုတွေကို ရပ်တန့်ခဲ့ပြီး သူမရဲ့ မြင့်တက်နေတဲ့ကျော်ကြားမှု အားလုံးဟာရုတ်တရက် ဆိုသလိုရပ်တန့်သွားခဲ့ကြပါတယ်။

No description available. 

 

ထိုအချိန်မှာပဲ Key East Entertainment မှလည်း Jung Woo Sung နှင့် Lee Ji Ah တို့ ပြတ်စဲလိုက်ပြီ ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ သူတိုနှစ်ဦးရဲ့ ပြတ်စဲသတင်းဟာ အကြောင်းအရင်းကိုမသိရပဲ ငြိမ်နေခဲ့ပြီးမှ 2012ခုနှစ် ဒီဇင်ဘာလ တွင် MBC ၏ Knee Drop Guru အစီအစဉ် တွင် Jung Woo Sung ကအခုလိုပဲရှင်းပြသွားခဲ့ပါတယ်။” ပြင်သစ်နိုင်ငံ တွင် အတူတူdate လုပ်ခဲ့တဲ့အချိန်တုန်းက သူမအကုန်လုံးကို ပြောပြခဲ့ပါတယ်။ Lee Ji Ah အရင်က လက်ထပ်ခဲ့ဖူးတာကိုလည်း ကျွန်တော်သိခဲ့ပါတယ်။” လို့ပြောပြခဲ့ပါတယ်။Jung Woo Sungက “အခုလို သူတို့ရဲ့လက်ထပ်ထားတဲ့သတင်းကြီးထွက်လာပြီးနောက်မှာ ကျွန်တော်တိတ်တိတ်လေးပဲ နေခဲ့ပါတယ်။ ဒါဟာ သူမအတွက် ကျွန်တော်အတတ်နိုင်ဆုံး လုပ်ပေးနိုင်တာလို့ပဲ ထင်လို့ပါ။”လို့လည်းပြောပြခဲ့တဲ့အပြင်သူဟာသူမနှင့်သူရင်ဆိုင်ခဲ့ရသော အခက်အခဲများကို စာနာမှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

Lee Ji-ah mentions Jung Woo-sung and Seo Taiji @ HanCinema :: The Korean  Movie and Drama Database

Jung Sung Woo ၏အခုလို ဖော်ပြချက်ပြီးနောက် နှစ်နှစ်အကြာတွင် Lee Ji Ah သည် SBS ၏Healing Camp အစီအစဉ်သို့လာရောက်ခဲ့ပြီး သူမနဲ့ပတ်သတ်တဲ့ကောလဟာလမှန်သမျှဟာ အမှန်ပင်ဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ သူမသည် Seo Taiji ရဲ့ လောင်းရိပ်ကြောင့် မှ နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်လာတယ်ဆိုတဲ့ကောလဟာလများကိုပါ အခုလိုရှင်းပြသွားခဲ့ပါတယ်။

 

” Seo Taiji ရဲ့ မန်နေဂျာဟောင်းကသရုပ်ဆောင် Bae Yong Joon ၏အစ်ကိုဖြစ်ပြီး သူက ကျွန်မကိုMBC ၏ “The Legend”တွင် ပွဲဦးထွက်နိုင်ဖို့အတွက် audition ဝင်ဖို့အခွင့်အရေးကိုဖန်တီးပေးခဲ့တာပါ။” လို့ ပြောပြခဲ့ပါတယ်။ Jung Woo Sung နှင့်သူမဆက်ဆံရေးကိုလည်းနောင်တရမိပြီးအနာဂတ်မှာ လည်းသူ့ရဲ့အချစ်ရေး ကံကောင်းဖို့ မျှော်လင့်ပါတယ် လို့လည်းဆုတောင်းပေးခဲ့ပါတယ်။

 Kim Hee-sun, "Hair removal by my daughter" happy mother @ HanCinema :: The  Korean Movie and Drama Database

“အခုလို နာမည်ကြီးသုံးဦး တစ်ပြိုင်ထဲပါဝင်တဲ့ scandal ကြီးပြီးနောက် အရာရာဟာ ငြိမ်သက်သွားခဲ့ပါတယ်။Seo Taiji ကတော့ သည်ဂီတပညာရှင်တစ် ဦး အဖြစ် ဆက်လက်၍ လုပ်ကိုင်ခဲ့ပြီး ကလေးတစ်ဦးနှင့်အတူ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပါတယ်။ Jung Woo Sung ကတော့ “ The King” ကဲ့သို့သောပြောင်မြောက်သည့်ဇာတ်လမ်းများတွင်ဆက်လက်ပါဝင်သရုပ်ဆောင်ခဲ့ပြီးLee Ji Ah ကတော့ ရုပ်ရှင်မှတစ်ဆင့်သရုပ်ဆောင်ခြင်းသို့တဖြည်းဖြည်းချင်းပြန်လည်စတင်ခဲ့ပါတယ်။

 

 

Yoma New

Read times Last modified on Thursday, 24 December 2020 14:21
Rate this item
(1 Vote)