ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းတော့မယ့် မင်းသမီး Hwang Jung Eum

ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းတော့မယ့် မင်းသမီး Hwang Jung Eum

၁၉၈၅ခုနှစ် ဇန်နဝါရီလ ၂၅ရက် နေ့တွင် မွေးဖွားခဲ့သော မင်းသမီး Hwang Jung-eum (အသက် ၃၅နှစ်) က ကိုရီးယားနိုင်ငံရဲ့ Drama Queen တစ်ယောက်ဖြစ်ပါတယ်။

 

황정음 - 황정음 - Rakuten Viki

 

မင်းသမီးဟာဆိုရင် ၂၀၀၁ခုနှစ်က စတင်ပြီး အနုပညာလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပါတယ်။ Hwang Jung-eum က Television series, Film, Variety show & Music video ပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး Award ၂၄ခု ကိုလဲ ရရှိထားတာ ဖြစ်ပါတယ်။ ယခုနှစ်တွင် မင်းသမီးသည် drama စီးရီးနှစ်ခုဖြစ်သော JTBC မှ “Mystic Pop-up Bar” နှင့် KBS မှ ထုတ်လွှင့်တဲ့ “Men are Men” တွင်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

 

JTBC's New K-Drama "Mystic Pop-Up Bar" Brings A+ Graphics To Screen — And  Viewers Are Hooked - Koreaboo

 

Hwang Jung Eum finds love between two guys in the upcoming rom-com drama  'To All The Guys Who Love Me'

 

မင်းသမီး Hwang Jung-eum သည် ၂၀၁၆ ခုနှစ်တွင် စွန့် ဦးတီထွင်သူလုပ်ငန်းရှင် (ယခင်ဂေါက်သီးသမား) Lee Young-don နှင့် Hotel Shilla တွင် လက်ထပ်ခဲ့ပါတယ်။ လက်ထပ်အပြီး ၁ နှစ် အကြာမှာ ပထမဆုံးကလေးကို မွေးခဲ့ပါတယ်။ 

 

9 Photos from Hwang Jung Eum's glamorous wedding! | K-Drama Amino

 

Hwang Jung Eum ဟာ အိမ်ထောင်သက်တမ်း ၄ နှစ် အကြာမှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲတော့မှာ ဖြစ်တယ်လို့ မင်းသမီးရဲ့ အေဂျင်စီကနေ စက်တင်ဘာ ၃ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ “ကွာရှင်းဖို့ စာတင်ထားတယ် ဆိုတဲ့ သတင်းတွေက အမှန်ပါပဲ။ နှစ်ဦးနှစ်ဖက် အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ကိစ္စတွေ ပြီးပြတ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ ကွာရှင်းရတဲ့ အကြောင်းအရင်းကတော့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေဖြစ်တာမို့ အားလုံးသိအောင် ပြောပြပေးဖို့ မဖြစ်နိုင်ပါဘူး” လို့ C-JeS Entertainment က ထုတ်ပြန်ထားပါတယ်။

 

 

By SD (The Myanmar Wedding Guide)

Source: Wikipedia , Koreajoongangdaily

Read times Last modified on Monday, 07 September 2020 12:30
Rate this item
(0 votes)
Tagged under