ချစ်သူသက်တမ်း လပိုင်းအတွင်း မင်္ဂလာဆောင်တော့မယ့် ရွှေထူးနှင့် ရွှေမှုံရတီ

ချစ်သူသက်တမ်း လပိုင်းအတွင်း မင်္ဂလာဆောင်တော့မယ့် ရွှေထူးနှင့် ရွှေမှုံရတီ Shwe Mhone Yati's Facebook

မင်္ဂလာဆောင်တော့မည်ဟု လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် တေးသံရှင်/သရုပ်ဆောင်ရွှေထူးနှင့် သရုပ်ဆောင်ရွှေမှုံရတီတို့ တရားဝင် ကြေညာလိုက်ပြီဖြစ်ပါတယ်။

 

တေးသံရှင်/သရုပ်ဆောင်ရွှေထူးနှင့် သရုပ်ဆောင်ရွှေမှုံရတီတို့ဟာ နိုဝင်ဘာလ ၂ ရက်တွင် ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် မင်္ဂလာဖိတ်စာများကိုတင်ကာ မင်္ဂလာဆောင် အစီအစဉ်ကို ကြေညာခဲ့ခြင်းဖြစ်ပါတယ်။

 

invitation

 

မင်္ဂလာဧည့်ခံပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ (၆) နာရီမှ ည (၉) နာရီအထိ မင်္ဂလာညစာစားပွဲကို အင်းယားလိပ်ဟိုတယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

 

ချစ်သူသက်တမ်း လပိုင်းအတွင်း မင်္ဂလာအခမ်းအနားကို ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Monday, 05 November 2018 11:30
Rate this item
(2 votes)
Tagged under