မင်္ဂလာဆောင်နေ့လေး မရောက်ခင် ကြိုတင်ပြီးတော့ပြုလုပ်ထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်များ...

မင်္ဂလာဆောင်နေ့လေး မရောက်ခင် ကြိုတင်ပြီးတော့ပြုလုပ်ထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်များ... google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာ Myanmar Wedding Guide ရဲ့ သတို့သမီးလေးတွေအတွက်

အထိမ်းအမြတ်နေ့လေး ဖြစ်တဲ့ မင်္ဂလာဆောင်နေ့လေး မရောက်ခင် ကြိုတင်ပြီးတော့ပြုလုပ်ထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) မိတ်ကပ်နဲ့ ဆံပင်ကို အစမ်းလိမ်းကြည့်ပါ။

ကိုယ်လိမ်းမယ့် မိတ်ကပ်အပြင်အဆင်ဟာ ကိုယ်နဲ့လိုက်မလိုက်ဆိုတာကို ကိုယ်ရွေးချယ်ထားတဲ့ Makeu Artist နဲ့ အစမ်းလိမ်းကြည့်ထားလို့ရပါတယ်နော်။

မိတ်ကပ်လိမ်းကြည့်ပြီးသားဖြစ်မယ်ဆိုရင်တော့ Skincare Steps လေးတွေကိုပဲ သေချာလုပ်ကြည့်ထားလို့ရပါတယ်။

(၂) မင်္ဂလာဧည့်ခံပွဲမှာကျွေးမွေးဧည့်ခံမယ့်အစားအသောက်ကို မြည်းကြည့်ပါ။

ကိုယ်ဧည့်ခံကျွေးမွေးဖို့ရွေးချယ်ထားတဲ့ အစားအသောက်ကို သေချာမြည်းစမ်းကြည့်ပါ။အရသာအဆင်မပြေရင်

စိတ်တိုင်းကျတဲ့အထိပြင်ဆင်ခိုင်းပါနော်။

(၃) ဟန်းနီးမွန်းအတွက် အဝတ်အစား၊passport နဲ့ဗီဇာ စတဲ့ အရာတွေကို ပြန်စစ်ပါ။

ခရီးထွက်တဲ့အခါမှ ကတိုက်ကရိုက်တွေမဖြစ်ရအောင် လိုအပ်မည့်ပစ္စည်းလေးတွေကို သေချာပြင်ဆင်ထားပေးဖို့လိုပါမယ်နော်။

(၄) တစ်ခါမှ မသုံးဖူးတဲ့ Cosmetics တွေကို စမ်းသုံးကြည့်တာမျိုးတွေ လုံးဝလုံးဝမလုပ်ပါနဲ့။

မသုံးဖူးတဲ့ပစ္စည်းတွေကို စမ်းသုံးကြည့်ပြီး Allergics ထွက်တာမျိုး၊ဓာတ်မတည့်တာမျိုးတွေဖြစ်လာခဲ့ရင် ကုသဖို့အချိန်ကလည်းတော်တော်လေးယူရတာဖြစ်လို့

မင်္ဂလာဧည့်ခံပွဲရက်အမီ မပျောက်ကင်းခဲ့ရင်တော်တော်လေး စိတ်ဒုက္ခဖြစ်ရမှာဖြစ်ပါတယ်။ဒါကြောင့် ဒီအချက်လေးကို သတို့သမီးလေးတွေအနေနဲ့သတိထားပေးပါနော်။

(၅) လက်သည်း ခြေသည်း လေးတွေကိုလည်းမေ့မထားပါနဲ့။

ပုံဖော်ထားတဲ့လက်သည်း၊ခြေသည်းလေးတွေပုံမပျက်ဘဲလှပနေဖို့ကလည်းအရေးကြီးပါတယ်။

ဒါကြောင့် လက်သည်း၊ခြေသည်းအလှပုံဖော်တာမျိုးကိုတော့ မင်္၈လာရက်နီးမှလုပ်တာအဆင်ပြေပါလိမ့်မယ်နော်။

(၆) အိပ်ချိန်၈နာရီအပြည့်ရရှိပါစေ။

မင်္ဂလာပွဲအတွက်စိတ်လှုပ်ရှားပြီးအိပ်မပျော်တာမျိုးတွေမဖြစ်စေဖို့ အိပ်ခါနီးဖုန်းကိုအသုံးပြုတာမျိုးမလုပ်ပါနဲ့နော်။အိပ်ခါနီး ၁၅မိနစ်၊မိနစ်၂၀ လောက် တရားထိုင်ပေးတာမျိုးနဲ့

Joox က Meditation Songs တွေ နားထောင်တာမျိုးတွေပြုလုပ်ပေးခြင်းတွေပြုလုပ်ပေးပါနော်။

 

Air Ticketing/Airlines လေယာဉ်လက်မှတ်အရောင်းဌာန ၈၉၀ ကိုရှာရန်နှိပ်ပါ။

 

ig

 

Zawgyi ျဖင့္ဖတ္ရန္...

အားလုံးပဲ မဂၤလာပါရွင္။ဒီေန႔မွာ Myanmar Wedding Guide ရဲ႕ သတို႔သမီးေလးေတြအတြက္

အထိမ္းအျမတ္ေန႔ေလး ျဖစ္တဲ့ မဂၤလာေဆာင္ေန႔ေလး မေရာက္ခင္ ႀကိဳတင္ၿပီးေတာ့ျပဳုလုပ္ထားသင့္တဲ့ ေဆာင္ရန္ ေရွာင္ရန္ေလးေတြကို ေျပာျပေပးခ်င္ပါတယ္။

(၁) မိတ္ကပ္နဲ႔ ဆံပင္ကို အစမ္းလိမ္းၾကည့္ပါ။

ကိုယ္လိမ္းမယ့္ မိတ္ကပ္အျပင္အဆင္ဟာ ကိုယ္နဲ႔လိုက္မလိုက္ဆိုတာကို ကိုယ္ေ႐ြးခ်ယ္ထားတဲ့ Makeu Artist နဲ႔ အစမ္းလိမ္းၾကည့္ထားလို႔ရပါတယ္ေနာ္။

မိတ္ကပ္လိမ္းၾကည့္ၿပီးသားျဖစ္မယ္ဆိုရင္ေတာ့ Skincare Steps ေလးေတြကိုပဲ ေသခ်ာလုပ္ၾကည့္ထားလို႔ရပါတယ္။

(၂) မဂၤလာဧည့္ခံပြဲမွာေကြၽးေမြးဧည့္ခံမယ့္အစားအေသာက္ကို ျမည္းၾကည့္ပါ။

ကိုယ္ဧည့္ခံေကြၽးေမြးဖို႔ေ႐ြးခ်ယ္ထားတဲ့ အစားအေသာက္ကို ေသခ်ာျမည္းစမ္းၾကည့္ပါ။အရသာအဆင္မေျပရင္

စိတ္တိုင္းက်တဲ့အထိျပင္ဆင္ခိုင္းပါေနာ္။

(၃) ဟန္းနီးမြန္းအတြက္ အဝတ္အစား၊passport နဲ႔ဗီဇာ စတဲ့ အရာေတြကို ျပန္စစ္ပါ။

ခရီးထြက္တဲ့အခါမွ ကတိုက္က႐ိုက္ေတြမျဖစ္ရေအာင္ လိုအပ္မည့္ပစၥည္းေလးေတြကို ေသခ်ာျပင္ဆင္ထားေပးဖို႔လိုပါမယ္ေနာ္။

(၄) တစ္ခါမွ မသုံးဖူးတဲ့ Cosmetics ေတြကို စမ္းသုံးၾကည့္တာမ်ိဳးေတြ လုံးဝလုံးဝမလုပ္ပါနဲ႔။

မသုံးဖူးတဲ့ပစၥည္းေတြကို စမ္းသုံးၾကည့္ၿပီး Allergics ထြက္တာမ်ိဳး၊ဓာတ္မတည့္တာမ်ိဳးေတြျဖစ္လာခဲ့ရင္ ကုသဖို႔အခ်ိန္ကလည္းေတာ္ေတာ္ေလးယူရတာျဖစ္လို႔

မဂၤလာဧည့္ခံပြဲရက္အမီ မေပ်ာက္ကင္းခဲ့ရင္ေတာ္ေတာ္ေလး စိတ္ဒုကၡျဖစ္ရမွာျဖစ္ပါတယ္။ဒါေၾကာင့္ ဒီအခ်က္ေလးကို သတို႔သမီးေလးေတြအေနနဲ႔သတိထားေပးပါေနာ္။

(၅) လက္သည္း ေျခသည္း ေလးေတြကိုလည္းေမ့မထားပါနဲ႔။

ပုံေဖာ္ထားတဲ့လက္သည္း၊ေျခသည္းေလးေတြပုံမပ်က္ဘဲလွပေနဖို႔ကလည္းအေရးႀကီးပါတယ္။

ဒါေၾကာင့္ လက္သည္း၊ေျခသည္းအလွပုံေဖာ္တာမ်ိဳးကိုေတာ့ မ၈ၤလာရက္နီးမွလုပ္တာအဆင္ေျပပါလိမ့္မယ္ေနာ္။

(၆) အိပ္ခ်ိန္၈နာရီအျပည့္ရရွိပါေစ။

မဂၤလာပြဲအတြက္စိတ္လႈပ္ရွားၿပီးအိပ္မေပ်ာ္တာမ်ိဳးေတြမျဖစ္ေစဖို႔ အိပ္ခါနီးဖုန္းကိုအသုံးျပဳတာမ်ိဳးမလုပ္ပါနဲ႔ေနာ္။အိပ္ခါနီး ၁၅မိနစ္၊မိနစ္၂၀ ေလာက္ တရားထိုင္ေပးတာမ်ိဳးနဲ႔

Joox က Meditation Songs ေတြ နားေထာင္တာမ်ိဳးေတြျပဳလုပ္ေပးျခင္းေတြျပဳလုပ္ေပးပါေနာ္။

Air Ticketing/Airlines လေယာဉ်လက်မှတ်အရောင်းဌာန ၈၉၀ ကိုရှာရန်နှိပ်ပါ။

 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under