ကျက်​သ​ရေမင်္ဂလာရှိတဲ့လက်​ထပ်​ပွဲဖြစ်​လာဖို့အတွက်​ မဖြစ်​မ​နေလုပ်​ရမယ့်​အချက်များ

ကျက်​သ​ရေမင်္ဂလာရှိတဲ့လက်​ထပ်​ပွဲဖြစ်​လာဖို့အတွက်​ မဖြစ်​မ​နေလုပ်​ရမယ့်​အချက်များ google

ချစ်​သူရည်းစားတိုင်းရဲ့ပန်းတိုင်​က အတူ​ပေါင်းဖက်​လက်​ထပ်​ခြင်းပါ။

အခု​ခေတ်​သတို့သား​လောင်း၊သတို့သမီး​လောင်း​တွေအ​နေနဲ့ခမ်းနားပီးကျက်​သ​ရေမင်္ဂလာရှိတဲ့လက်​ထပ်​ပွဲဖြစ်​လာဖို့အတွက်​မဖြစ်​မ​နေလုပ်​ရမယ့်​အချက်​​တွေကိုပြောပြပေးပါ့မယ်။

 

နှစ်​ဖက်​မိဘ​တွေ့ဆုံမှု နဲ့ ရက်မြတ်မင်္ဂလာ

ချစ်​သူစုံတွဲ​တွေအ​နေနဲ့အတူတူ​ပေါင်းဖက်​နိုင်​ဖို့ဆိုတာ နှစ်​ဖက်​မိဘ​တွေရဲ့သ​ဘောတူညီမှုရဖို့ကအ​ရေးကြီးပါတယ်​။

ဒါကြောင့် မိမိတို့ရဲ့ လူကြီးမိဘများဆီ အကျိုးအ​ကြောင်း​ပြောဆိုပြီး နှစ်​ဖက်​မိဘချင်း​တွေ့ဆုံနိုင်​ဖို့ကြိုးစားသင့်​ပါတယ်​။ နှစ်​ဖက်​မိဘသ​ဘောတူပြီဆိုရင်​​တော့လက်​ထပ်​ဖို့အတွက်​​ဗေဒင်​​နေ့နံများတွက်​ချက်​ကာရက်​​ကောင်းရက်​မြတ်​​ရွေးချယ်​သင့်​ပါတယ်​။ အနည်းဆုံးတတ်​နိုင်​သမျှကိုယ်​လိုချင်​တဲ့အချိန်​အခါနဲ့ ၆လ​လောက်​ခွာပြီးကြိုတင်​​လေ့လာစီစဉ်​သင့်​ပါတယ်​။

 

လက်မှတ်ရေးထိုးခြင်း နဲ့ မင်္ဂလာဆွမ်း​ကျွေး

လက်​မှတ်​​ရေးထိုးတာနဲ့ မင်္ဂလာဆွမ်း​ကျွေးက​တော့ရက်​​ကောင်း​ရွေးပြီးတစ်​ရက်​တည်း(သို့) ရက်​ခြားပြီးဖြစ်​ဖြစ်​အဆင်​​ပြေ​အောင်​​ဆောင်​ရွက်​နိုင်​ပါတယ်​။အခု​ခေတ်​မှာ​တော့ လက်မှတ်ရေးထိုးခြင်းကိုထူးထူးခြားခြားဓာတ်​ပုံရိုက်​ပြီး အမှတ်​တရ​လေး​တွေလုပ်နိုင်​​နေပါပြီ။ မင်္ဂလာဆွမ်း​ကျွေးကလဲ လူကြီး​တွေစီစဉ်​လိုတဲ့နေရာမျိုးတွေမှာ နှစ်​ဖက်​မိဘ​ဆွေမျိုး​တွေနဲ့မိတ်​​ဆွေ​တွေဖိတ်​ပြီးစီစဉ်​နိုင်​ပါတယ်​။

 

မင်္ဂလာခန်းမ နဲ့ ပြင်​ဆင်​မှု

ရက်​​ကောင်း​ရွေးပြီးရင်​ ခမ်းခမ်းနားနားနဲ့ မင်္ဂလာရှိ​သော လက်​ထပ်ပွဲဖြစ်​ဖို့ အဆင်​​ပြေနိုင်​မဲ့ Hotels နဲ့ ခန်းမ​တွေကိုကြိုတင်​​လေ့လာ​မေးမြန်းစုံစမ်းထားသင့်​ပါတယ်​။အများကြီးထဲကမှမိမိတို့ နှစ်​သက်​တဲ့ခန်းမရဲ့ အ​နေအထား၊ဝန်​​ဆောင်​မှုနဲ့ အစားအ​သောက်​ပုံစံ​တွေကို မိမိတို့မှန်းထားတဲ့​ငွေ​ကြေး၊ လူဦး​ရေ နဲ့ချိန်​ပြီးတွက်​ချက်​ပြင်​ဆင်​ရမှာပါ။ခန်းမ​သေချာရင်​​တော့ အခမ်းအနားမှုး၊ Decor နဲ့ ပန်းအလှစတဲ့ကိစ္စ​တွေကိုလိုအပ်​သလိုစီစဉ်​နိုင်​ပါတယ်​။ ဖိတ်​စာနဲ့ပြန်​ကမ်းကိစ္စကိုလဲ​ကြိုတင်စုံစမ်းသင့်​ပါတယ်​။

 

အဝတ်​အစား နဲ့ Make Up အပြင်​အဆင်

Wedding Planners နဲ့ Studio ​တွေက​နေရှာ​ဖွေစုံစမ်းထားနိုင်​သလို ကိုယ်​တိုင်​လဲ စီစဉ်​နိုင်​ပါတယ်​။ ဒါ​ပေမယ့်​ Fashion ဆိုတာအမြဲဆန်းသစ်​​နေလို့ မင်္ဂလာပွဲနေ့မတိုင်​မီ တစ်​လအလို​လောက်​ဆိုလုံ​လောက်​နိုင်​ပါတယ်​။ မိတ်​ကပ်​က​တော့ သတို့သမီးအတွက်​အက္ခရာပါ။ အလှဆုံးဖြစ်​​နေဖို့အတွက်​မိမိကြိုက်​နှစ်​သက်​တဲ့ Artist ကို ကိုယ်​တိုင်​ပဲဖြစ်​စေ၊Planner နဲ့ပဲဖြစ်​စေ ကြိုတင်​ချိတ်​ဆက်​ထားသင့်​ပါတယ်။(အ​မေ​တွေနဲ့ အရံပန်းကြဲတွေ အတွက်​လဲမ​မေ့နဲ့​နော်​)

 

PreWedding နဲ့ Photography

မင်္ဂလာကိစ္စစီစဉ်​ခဲ့သမျှ နဲ့ မင်္ဂလာပွဲနေ့အပြီး ပင်​ပန်းခဲ့ရသမျှ အလှဆုံးနဲ့အခမ်းနားဆုံးပွဲရဲ့အမှတ်​တရ ရလဒ်​ကဓာတ်​ပုံ​တွေပါပဲ။ ဒါ​ကြောင့်​အားကျရ​လောက်​အောင်ရှုထာင့်​မျိုးစုံကရိုက်​ချက်​​ကောင်း​ကောင်းရိုက်​နိုင်​ပြီး မိမိနှစ်​သက်​တဲ့ Service ​ကောင်း​ကောင်း​ပေးနိုင်​မယ့် Photographers ​တွေကိုမိမိစိတ်​ကြိုက်​ကြိုတင်​ချိတ်​ဆက်နိုင်သလို Planner နဲ့လဲအပ်​နိုင်​ပါတယ်​။

 

Author : Shinn Khant

Read times Last modified on Monday, 11 February 2019 10:59
Rate this item
(1 Vote)