၂၀၂၀ခုနှစ်မှာရေပန်းစား လူကြိုက်များလျက်ရှိတဲ့ မင်္ဂလာဧည့်ခံပွဲကျွေးမွေးမှုပုံစံနဲ့ မင်္ဂလာကိတ်ပုံစံလေးတွေကဘာတွေဖြစ်မလဲ...။

၂၀၂၀ခုနှစ်မှာရေပန်းစား လူကြိုက်များလျက်ရှိတဲ့ မင်္ဂလာဧည့်ခံပွဲကျွေးမွေးမှုပုံစံနဲ့ မင်္ဂလာကိတ်ပုံစံလေးတွေကဘာတွေဖြစ်မလဲ...။ google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာ ၂၀၂၀ခုနှစ်အတွင်းကျင်းပပြုလုပ်လျက်ရှိတဲ့ မင်္ဂလာဧည့်ခံပွဲတွေမှာ လူကြိုက်များရွေးချယ်မှုများလျက်ရှိနေတဲ့ ကျွေးမွေးဧည့်ခံမှုပုံစံနဲ့

မင်္ဂလာကိတ်ပုံစံလေးတွေကို Myanmar Wedding Guide. ကဝေမျှဖော်ပြပေးသွားချင်ပါတယ်။


2020မှာ ခေတ်စားလာတဲ့ မင်္ဂလာဧည့်ခံပွဲကျွေးမွေးဧည့်ခံမှုပုံစံကတော့ ကိုယ်တိုင်ရွေးချယ်ယူ စားသောက်တဲ့ (Buffet)စနစ်ပဲဖြစ်ပါတယ်။

Buffet စနစ်ရဲ့အားသာချက်က ဧည့်သည်အနေနဲ့အစားစားချင်စိတ်မရှိဖြစ်နေရင်တောင်Drink တစ်ခုခုပဲသောက်ပြီး မင်္လာပွဲကိုချီးမြှင့်ပေးလို့ရပါတယ်။

မိမိစားနိုင်လောက်မယ့်ပမာဏကို ဧည့်သည်ကိုယ်တိုင်ယူပြီးသုံးဆောင်နိုင်တာဖြစ်လို့ အစားအစာ‌တွေမကုန်တာမျိုး၊လေလွင့်တာမျိုးတွေလည်း မဖြစ်စေပါဘူး။

ကုန်ကျစရိတ်ကိုလျှော့ချပေးနိုင်သလို အသားမစားတဲ့ဧည့်သည်တွေအနေနဲ့လည်း အရွက်သုပ် သို့မဟုတ် အရွက်ကြော်တစ်မျိုးမျိုးကို ရွေးချယ်သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

ဖိတ်ကြားထားတဲ့ဧည့်သည်အရေအတွက်ထက် ပိုမို အရံသင့်ပြင်ဆင်နိုင်မှာဖြစ်တာကြောင့်မလောက်ငှတာမျိုးလည်း မဖြစ်စေပါဘူး။

အနောက်တိုင်းအစားအစာတွေအပြင်မြန်မာအစားအစာတွေကိုပါ Menu ၃မျိုးလောက်ရွေးချယ်နိုင်တာဖြစ်လို့ မင်္ဂလာပွဲစီစဉ်သူအတွက်ရော ကြွရောက်ကြမယ့်

ဧည့်သည်တွေအတွက်ပါ အဆင်ပြေတဲ့ ကျွေးမွေးဧည့်ခံမှုပုံစံပဲဖြစ်ပါတယ်။


မင်္ဂလာကိတ်ကို ကိတ်အဖြူပြောင်ပေါ်မှာ ပန်းပွင့်တစ်ရောင်တည်းနဲ့အလှဆင်တဲ့ပုံစံလေးတွေက ၂၀၂၀မင်္ဂလာပွဲတွေမှာ ခေတ်စားလာပါတယ်။

တချို့က ကိတ်မုန့်ပေါ်မှာ King&Queen ဆိုတဲ့စာလေးတွေနဲ့ပုံဖော်ကြသလို တချို့ကလည်း သူတို့ရဲ့ နာမည်အတိုကောက်လေးတွေ၊nick name လေးတွေနဲ့ ရိုမန်တစ်ဆန်ဆန်လေးတွေပုံဖော်လာကြပါတယ်။

အခု ဖော်ပြပေးခဲ့တာတွေက ၂၀၂၀ခုနှစ်မှာရေပန်းစား လူကြိုက်များလျက်ရှိတဲ့ မင်္ဂလာဧည့်ခံပွဲကျွေးမွေးမှုပုံစံနဲ့ မင်္ဂလာကိတ်ပုံစံလေးတွေပဲဖြစ်ၔပါတယ်။

အားလုံးပဲ ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေးတွေကို ကျင်းပနိုင်ကြပါစေရှင်။

 


 

ig

Zawgyi ဖြင့်ဖတ်ရန်

 


 




 


 


 


 


 


 




 


 


 


 

Fashion Designer ဖက်ရှင်ဒီဇိုင်နာ ၄၁၅ ယောက်ကိုရှာရန်နှိပ်ပါ။

 

Myanmar Wedding Guide

 

1we

Read times Last modified on Saturday, 28 March 2020 16:47
Rate this item
(0 votes)
Tagged under