မင်္ဂလာဆောင်မှတ်တမ်းဓာတ်ပုံအထွက်ကောင်းဖို့ ဘယ်လိုပုံစံနေမလဲ

မင်္ဂလာဆောင်မှတ်တမ်းဓာတ်ပုံအထွက်ကောင်းဖို့ ဘယ်လိုပုံစံနေမလဲ google

သင်တို့ ဇနီးမောင်နှံအတွက် တစ်သက်စာအမှတ်ရစေမယ့် မှတ်တမ်းဓာတ်ပုံလေးတွေရရှိစေမယ့်

ဓာတ်ပုံရိုက်စဉ် ရှိနေသင့်တဲ့ ပုံစံအနေအထားလေးတွေကိုဖော်ပြပေးထားပါတယ်။

 

ဒါမှလဲကိုကိုယ်တိုင်အပြင် မိမိဆွေမျိုးသားချင်းတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ နောင်ရရှိလာမယ့် မိမိရင်သွေးလေးတွေနဲ့ ပြန်လည်ကြည့်ရှုတဲ့အခါ စိတ်ကြည်နူးကျေနပ်ဖွယ် ပုံရိပ်ကောင်းလေးတွေ ရရှိမှာ ဖြစ်ပါတယ်။ ကဲဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။

 

မင်္ဂလာဆောင်နေ့မတိုင်မီ ပြုံးတတ်အောင်လေ့ကျင့်ပါ

 

ပြုံးတတ်အောင်လေ့ကျင့်ပါဆိုလို့ ရီစရာဖြစ်နေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် လေ့ကျင့်မှုပြုလုပ်ကြည့်ခြင်းဖြင့် ပြီးပြည့်စုံသော အပြုံးတစ်ခုကိုဖန်တီးနိုင်ပါလိမ့်မယ်။

 

သင့်ရဲ့ ပင်ကိုယ်ဟန် အပြုံးလေးဖြင့် သဘာဝကျကျလေး မြင်စေချင်ပါတယ်။ ဘာကိုဆိုလိုတာလဲဆိုတော့ သင့်ကိုယ်ပိုင် အပြုံးနဲ့ပြုံးပြီး ဓါတ်ပုံအရိုက်ခံခြင်းဟာ သင့်ကိုသက်တောင့်သက်တာဖြစ်စေသလို ပိုမိုစွဲဆောင်မှု ရှိပါလိမ့်မယ်။

 

မိမိကြည့်မယ့်မှန်နဲ့ကပ်လျက် မိမိအနှစ်သက်ဆုံးမိမိရဲ့ဓါတ်ပုံ ဒါမှမဟုတ် မိမိနှစ်သက်တဲ့ နာမည်ကြီး တစ်ယောက်ယောက်ရဲ့ပုံတစ်ပုံကို ကပ်ထားပြီး အဆိုပါပုံအတိုင်း အပြုံးနဲ့ ကိုယ်ဟန်အနေအထားကို ရရှိအောင်လေ့ကျင့်ပါ။

 

များများလေ့ကျင့်လေ လုပ်ယူတဲ့အပြုံးမဟုတ်ဘဲ မိမိကိုယ်ပိုင် အကောင်းဆုံး၊ အလှဆုံး ပြုံးတတ်တဲ့ သဘာဝကျကျ အပြုံးတစ်ခုကို သင်ရရှိမှာပါ။

 

သဘာဝကျကျ ဖြစ်နေပါစေ

 

ဓာတ်ပုံရိုက်တိုင်း ပြုံးနေတာမျိုးမဟုတ်ပဲ သဘာဝကျကျစကားပြောနေတာမျိုး သတို့သမီးနဲ့အကြည့်ချင်းဆုံနေတာမျိုးကလည်း သင်တို့မှတ်တမ်းဓာတ်ပုံတွေကိုပြန်ကြည့်မိတိုင်း အမှတ်တရဖြစ်နေမှာပါ။

 

မထင်မှတ်တဲ့ရိုက်ချက်တွေမှာလည်း ဆွဲဆောင်မှုရှိနေပါစေ

 

ဓာတ်ပုံရိုက်ချက်တိုင်း ဆွဲဆောင်မှုရှိနေစေဖို့ကတော့ အပြုံးကိုမျက်နှာပေါ်ကအပျောက်မခံတာအကောင်းဆုံးပါပဲ၊ အလုပ်တွေရှုပ်နေပေမယ့်လည်း စတိုင်ကျကျရှုပ်နေပါစေ။

 

ဒီအချက်လေးတွေသာ သတိထားလိုက်မယ်ဆိုရင် သင်တို့ရဲ့မင်္ဂလာဆောင်မှတ်တမ်းဓာတ်ပုံကတော့ အမှတ်တရများစွာနဲ့ ပုံအထွက်ကောင်းမှာအသေအချာပါပဲ။

 

Myanmar Wedding Guide

Read times Last modified on Tuesday, 05 February 2019 11:19
Rate this item
(0 votes)