အချစ်ကို ဘယ်လိုအဓိပ္ပာယ်ဖွဲ့မလဲ-၂

အချစ်ကို ဘယ်လိုအဓိပ္ပာယ်ဖွဲ့မလဲ-၂

အချစ်ကိုတန်ဖိုးထားတတ်တဲ့သူတွေက အချစ်က တစ်ခါတစ်လေ ရှုံးတယ်။

 

တကယ်မချစ်လို့ မဟုတ်ဘူး။ အချစ်က သူတန်ဖိုးထားတာကို မမြင်သေးလို့ထင်တယ်။ အချစ်ကလူသားတိုင်းကို စိတ်ခံစားမူအမျိုးစုံပေးနိုင်စွမ်းရှိပါတယ်။

 

အချစ်ကြောင့် ရူးသွတ်ကြတယ်။ အဲဒီအချစ်ကပဲ ရူးသွတ်သွားနိုင်လောက်တဲ့ ပျော်ရွှင်မှုတွေပေးပါတယ်။

 

အချစ်က အတားအဆီးတွေကြောင့် ဝေးကွာဖို့ မဟုတ်ပါဘူး။

 

အချစ်ကြောင့် အရာရာ ကျော်ဖြတ်ပြီး သာယာလှပတဲ့ ဘဝတစ်ခုကို အတူရရှိဖို့ ၊ ပျော်ရွှင် ကြည်နူးရဖို့အတွက်ဖြစ်ပါတယ်။

 

အချစ်ကဝေးကွာ သွားရဖို့ တစ်ခုပဲလို့ မထင်ပါဘူး။ အခု ဝေးကွာသွားရမယ် ဆိုရင်တောင် အချစ်စစ်မယ်ဆိုရင် တစ်ချိန်မှာ
ပြန်လည်ဆုံဆည်းရမှာဖြစ်ပါတယ်။

 

အချစ်ကိုစိတ်ကူးနဲ့ ခံစားရတယ်ဆိုရင် နူးညံ့တယ်၊ တကယ်တမ်း ကိုယ်တိုင်ကြုံတွေ့  ရမယ်ဆိုရင် ကြမ်းတမ်းပါတယ်။

 

ဘယ်သူ့ကိုမှလည်း သေချာအောင် မပြေပြနိုင်ဘူး။ ဘာ့ကြောင့် ချစ်မိသွားကြလဲဆိုတာ ရှာဖွေရခက်တဲ့ အရာတွေထဲမှာ
အချစ်ဆိုတဲ့ အရာတွေလည်းပါပါတယ်။

Read times
Rate this item
(2 votes)
Tagged under