သတို့သမီးလေးတို့လက်ကိုင်ပန်းကိုင်မလား၊ လက်ပွေ့ပန်းကိုင်မလား

သတို့သမီးလေးတို့လက်ကိုင်ပန်းကိုင်မလား၊ လက်ပွေ့ပန်းကိုင်မလား google.com

ပန်းရွေးချယ်တဲ့နေရာမှာ () မျိုးရွေးချယ်လို့ရပါတယ်။

မင်္ဂလာပွဲမှာသတို့သမီးလေးတို့ ဘယ်လိုပန်းအမျိုးအစားကိုင်ရမလဲဆိုတာလည်း စဉ်းစားစရာကိစ္စတွေထဲကတစ်ခုပါပဲ။ ဒါမှလည်းမင်္ဂလာပွဲလေးမှာ အမှတ်တရအဖြစ်ကျန်ခဲ့ပြီး ဘယ်ချိန်ပြန်ကြည့်ကြည့် ပျော်ရွှင်စရာလေးဖြစ်နေမှာပါ။ သတို့သမီးလေးတို့အနေနဲ့ ပန်းရွေးချယ်တဲ့နေရာမှာ()မျိုးရွေးချယ်လို့ရပါတယ်။ လက်ကိုင်ပန်းကိုင်မလား၊ လက်ပွေ့ပန်းကိုင်မလားဆိုပြီး ရွေးချယ်ရမှာပဲဖြစ်ပါတယ်။

 

ရင်ပွေ့ပန်း သို့မဟုတ် လက်ပွေ့ပန်း

သတို့သမီးလေးက ရင်ပွေ့ပန်းလေးကိုင်မယ်ဆိုရင်တော့ ခန္ဓာကိုယ်ဝတဲ့သူလေးတွေအတွက် ပိုအဆင်ပြေပါတယ်။ သတို့သမီးလေးကဗိုက်နားမှာအဆီရှိနေတာကြောင့် ဖုံးထားချင်တယ်ဆိုရင် လက်ပွေ့ပန်းကပိုပြီးကောင်းပါတယ်။ ခန္ဓာကိုယ်ဝတာ မသိသာသလိုလေးဖြစ်သွားတာပေါ့။ ထိုင်မသိမ်းလေးနဲ့ဆိုရင်ရင်ပွေ့ပန်းလေးကပိုပြီးတော့ လိုက်ဖက်ပါတယ်။ တချို့သတို့သမီးလေးတွေက ပွဲထွက်တဲ့အခါ လက်ပွေ့ပန်းကိုင်မယ်ဆိုရင် နှစ်နာကျော်လောက်လက်ကွေးထားရတာမို့ အရမ်းညောင်းပြီး စိတ်ရှုပ်စရာကောင်းတယ်လို့ဆိုထားပါတယ်။ သတို့သမီးလေးတွေအနေနဲ့ ရင်ပွေ့ပန်းမကိုင်ချင်ဘူးဆိုရင်တောင် Pre Wedding ရိုက်တဲ့အခါမှာတော့ ရင်ပွေ့ပန်းကိုင်ပါ။ နှစ်မျိုးစလုံးကိုင်ဖြစ်သွားအောင်ပါ။

 

လက်ကိုင်ပန်း

လက်ကိုင်ပန်းကတော့ သတို့သမီးလေးတို့ အနောက်တိုင်းဝတ်စုံနဲ့ဆိုရင် ပိုပြီးတော့လိုက်ဖက်ပါတယ်။ လက်ကိုင်ပန်းလေးကတော့ သတို့သမီးလေးတို့လက်ထဲမှာ ရိုးရိုးရှင်းရှင်းလေးနဲ့လှနေစေမှာဖြစ်ပါတယ်။လက်ကိုင်ပန်းလေးကတော့ သတို့သမီးလေးတို့ ပန်းစည်းပစ်မယ် စိတ်ကူးထားရင် ပိုအဆင်ပြေနိုင်ပါတယ်။ ရင်ပွေ့ပန်းလေးရဲ့အလှကပိုပေါ်တာဖြစ်လို့ လက်ကိုင်ပန်းလေးကိုင်မယ်ဆိုရင်နည်းနည်းကြီးတာလေးရွေးကိုင်မှ သတို့သမီးလေးတွေအဆင်ပြေမှာပါ။ နည်းနည်းပိုပေါ်မယ့် လက်ကိုင်ပန်းပေါ့။ သတို့သမီးလေးတို့အနေနဲ့ လက်ကိုင်ပန်းရော၊ ရင်ပွေ့ပန်းရောနှစ်ခုလုံးကိုင်ချင်တယ်ဆိုရင်တော့ လက်ကိုင်ပန်းလေးကို အရိုးရှည်ရှည်လေးလုပ်ပြီးကိုင်လို့ရနိုင်မှာဖြစ်ပါတယ်။

 

Source: Marry

Myanmar Wedding Guide

Read times Last modified on Tuesday, 19 March 2019 18:39
Rate this item
(1 Vote)
Tagged under