မင်္ဂလာပွဲနေ့မှာ အမှားတွေမဖြစ်အောင် ရှောင်ရှားရန်

မင်္ဂလာပွဲနေ့မှာ အမှားတွေမဖြစ်အောင် ရှောင်ရှားရန် google

သတို့သား၊ သတို့သမီးလေးတို့ရေမင်္ဂလာပွဲ တစ်ခု စီစဉ်ရတာ မလွယ်ပါဘူးနော်။ အသေးအမွှားလေးတွေကစလို့ ကြီးကြီးမားမားထိ အားလုံး အသေးစိတ် ဂရုစိုက်ဖို့ လိုပါတယ်။

ဒီလိုမျိုး ဂရုစိုက်မှလည်း ခမ်းနားတဲ့ မင်္ဂလာပွဲလေးကို အမှားအယွင်းမရှိ ဆင်နွှဲနိုင်မှာပါ။ အဆင်ပြေစေဖို့ဆိုရင် မင်္ဂလာပွဲနေ့မှာ ဖြစ်တတ်တဲ့အမှားလေးတွေကို သိထားပြီး ကြိုတင်ပြင်ဆင် ရှောင်ရှားရပါမယ်။ ဘာတွေဖြစ်မလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

 

ဝန်ဆောင်မှုတွေဆီဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်

 

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲ စီစဉ်နေတဲ့တစ်လျှောက်မှာ ဆိုင်တွေရဲ့ ဖုန်းနံပါတ်တွေ၊ service တစ်ခုခုရဲ့ လိပ်စာတွေ အစရှိတာတွေ အများကြီး ရှိနေမှာပါ။ သတို့သမီးလေးတို့ ဆက်သွယ်ရမယ့် ပန်းဆိုင်၊ မိတ်ကပ်၊ ဝတ်စုံ ၊ အကျွေးအမွေး မှာယူတဲ့နေရာ စတာတွေရဲ့ လိပ်စာ၊ ဖုန်းနံပါတ်တွေကို တစ်စုတစည်းထဲ စာရွက်ပေါ်မှာ ရေးထားပါ။ မိသားစုဝင်ဆီ ပေးထားပါ။ ဒီလိုမှမဟုတ်ဘဲ ကိုယ့်တစ်ယောက်တည်းဆီမှာပဲ ဖုန်းထဲ ထည့်ထားမယ်ဆိုရင် မင်္ဂလာပွဲနေ့မှာ တစ်ခုခုဆီဆက်မယ်ဆိုတာနဲ့ သတို့သမီးကို လိုက်ရှာရ၊ ဖုန်းထဲကနေ ပြန်ရှာထုတ်ပေးရနဲ့ အချိန်ကြာပြီး အဆင်မပြေနိုင်တာ ဖြစ်နိုင်ပါတယ်။

 

ဓါတ်ပုံဆရာကို အသေးစိတ်မှာနိုင်ဖို့

 

မင်္ဂလာပွဲနေ့မှာ ဓါတ်ပုံ ရိုက်တဲ့အခါ မှာထားရမှာတွေ ရှိပါတယ်။ လနဲ့ချီပြီး ပြင်ဆင်ထားတဲ့ မင်္ဂလာပွဲလေးဟာ (၂) နာရီလောက် ကျင်းပပြီးတဲ့အချိန်မှာတော့ ကျန်ရှိခဲ့မယ့် မင်္ဂလာပွဲအမှတ်တရဆိုတာ ဓါတ်ပုံတွေပါပဲ။ ဒီတော့ မင်္ဂလာပွဲနေ့ ဓါတ်ပုံတွေကို သတိထားရပါမယ်နော်။ ဓါတ်ပုံဆရာကို အဆင်ပြေသလို ရိုက်ပေးပါဆိုတာထက် ကိုယ်ဘယ်လိုပုံတွေ ပါချင်တယ်ဆိုတာ အတိအကျ ပြောထားပါ။ ပုံမှန်ရိုက်နေကျ ပွဲထွက်တဲ့ပုံ၊ မိသားစု၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ရိုက်တဲ့ပုံတွေအပြင် မင်္ဂလာလက်စွပ်၊ လက်ကိုင်ပန်း၊ ဝတ်စုံ၊ အစရှိတဲ့ အသေးအမွှားလေးတွေကအစ အမှတ်တရမို့ ဓါတ်ပုံရိုက်ပေးဖို့ ကြိုတင်မှာထားပါနော်။

 

မိသားစုဝင်တွေကို မှာထားရမယ့်အရာ

 

မင်္ဂလာပွဲမှာ အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူတတ်တာ သတို့သမီးလေးတိုင်းဖြစ်နေကျပါပဲ။ မင်္ဂလာပွဲနေ့မှာ အရမ်းစိတ်ပူလွန်းတာက သတို့သမီးလေးတို့ မျက်နှာအနေအထားကို ပြောင်းစေတာ သတိရပါနော်။ စိုးရိမ်စိတ်တွေ လျှော့ထားပါ။ ဒါမှ ဓါတ်ပုံထဲမှာ လှနေမှာပါ။ အစားအသောက် မလောက်ငှတာ၊ တစ်ခုခုဖြစ်တယ်ဆိုတာနဲ့ အကုန်အစင် သတို့သမီးလေးကို လာမပြောဘဲ (မပြောလည်းရတဲ့ကိစ္စဆိုရင်) အဆင်ပြေသလို ဖြေရှင်းလိုက်ဖို့ပါ။ ဒီအချက်လေးတွေ မိသားစုဝင်တွေဆီ မှာထားပါ။

 

ကြိုတင်ပြင်ဆင်ဖို

 

မင်္ဂလာပွဲနေ့မှာ သတိထားရမယ့် အချက်ကတော့ ပွဲပြီးတဲ့အချိန်ပါ။ ပွဲပြီးသွားတဲ့အခါမှာလည်း ဘယ်သူက ဘယ်တာဝန်ကို ယူမယ်ဆိုပြီး ခွဲထားဖို့ လိုပါတယ်။ မင်္ဂလာခန်းမကနေ သယ်ဖို့လိုတဲ့ ပစ္စည်းတွေ ပြန်သယ်ဖို့အတွက် ကြိုတင်စီစဉ်ထားတာမျိုး ရှိဖို့ လိုပါတယ်နော်။ ဒါမှ မင်္ဂလာပွဲနေ့မှာ အလွဲလွဲ အချော်ျေချာ် မဖြစ်ဘဲ အဆင်ပြေနေစေမှာပါ။

 

 

Myanmar Wedding Guide

Read times Last modified on Wednesday, 12 June 2019 14:15
Rate this item
(1 Vote)
Tagged under