သောက်စရာတွေကို မင်္ဂလာညစာစားပွဲမှာပြင်ဆင်တဲ့အခါ

သောက်စရာတွေကို မင်္ဂလာညစာစားပွဲမှာပြင်ဆင်တဲ့အခါ google.com

ညစာစားပွဲလေးမှာ လူဘယ်နှယောက်ဖိတ်မလဲ။

ဘယ်နှယောက်စာဆို သောက်စရာ ဘယ်လောက်စီစဉ်ထားသင့်သလဲဆိုတာအတွက် ခေါင်းကိုက်စရာ မလိုပါဘူး။ ခန့်မှန်းခြေ အကြမ်းဖျင်း ဘယ်လိုယမကာမျိုးကို ဘယ်လောက်ပမာဏ ပြင်ဆင်သင့်တယ်ဆိုတာကို ပြောပြပေးပါ့မယ်နော်။ လူတစ်ယောက်နဲ့တစ်ယောက်က အကြိုက်တူမှာမဟုတ်တဲ့အတွက် လူတိုင်းအတွက်အဆင်ပြေနိုင်မယ့်ပုံစံကို ဘယ်လိုစီစဉ်ရမလဲဆိုတာကိုပြောပြပေးမှာပါ။

 

အကြမ်းဖျင်းအားဖြင့် ပြောရရင် ဘီယာ ၇၀ % ၊ ဝိုင်နဲ့ ရှန်ပိန် ၂၅ % နဲ့ တခြား ယမကာ ၅ % လို့ ပြောလို့ရပါတယ်။

 

ဘီယာကတော့ Alcohol ပါဝင်နှုန်းသိပ်မများဘဲ ပေါ့ပေါ့ပါးပါး သောက်သုံးလို့ရမယ့် အရာဖြစ်တဲ့အတွက် ရာခိုင်နှုန်းအများဆုံး ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ယမကာကိုသောက်နိုင်တဲ့သူတွေနဲ့ မသောက်နိုင်တဲ့သူတွေအတွက်ပါ အဆင်အပြေဆုံး သောက်စရာဖြစ်လို့ပါ။

 

ဝိုင်နဲ့ရှန်ပိန်ကတော့ နည်းနည်းစီအရသာခံသောက်ရင်း မင်္ဂလာပွဲကိုဂုဏ်ပြုပေးဖို့အတွက် အကောင်းဆုံးရွေးချယ်မှုပဲဖြစ်ပါတယ်။ မင်္ဂလာမောင်နှံတွေတိုင်းကလည်း ညစာစားပွဲတွေမှာ ရှန်ပိန်ပုလင်းကို ဖောက်ရင်း မင်္ဂလာအထိမ်းအမှတ်အနေနဲ့ ဂုဏ်ယူပြီး ပြုလုပ်လာကြပါတယ်။

 

တခြားယမကာတွေအနေနဲ့ကတော့ ယမကာကိုကိုကြီးတွေအတွက် အပြင်းစားတွေလို့ ဆိုရမယ့် Alcohol ပါဝင်နှုန်းမြင့်မားတဲ့ယမကာတွေကို ပြောတာပါ။ ဝီစကီတွေ၊ ဂျင်တွေ ဆိုတာမျိုးပါ။

 

ညစာစားပွဲလေးအတွက် သောက်စရာကိုတွက်ချက်စီစဉ်တဲ့အခါ ဘယ်လိုယမကာတွေကို ဘယ်လောက်ရာခိုင်နှုန်းပြင်ဆင်ပေးရမလဲဆိုတာကို ပြောပြပေးထားတာတွေကို ဖတ်ကြည့်ပေးပြီး ပြီးပြည့်စုံတဲ့ မင်္ဂလာညစာစားပွဲလေး တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Tuesday, 02 April 2019 17:10
Rate this item
(1 Vote)
Tagged under