Prudential နှင့် SuperM ကေပေါ့ပ်အဖွဲ့တို့ ပူးပေါင်းတင်ဆက်မည်

Prudential နှင့် SuperM ကေပေါ့ပ်အဖွဲ့တို့ ပူးပေါင်းတင်ဆက်မည်

Prudential နှင့် SuperM ကေပေါ့ပ်အဖွဲ့တို့က “ဒို့တွေအတူ ကျန်းမာပျော်ရွှင်အောင် နေကြတယ်” (We DO Well Together) အစီအစဉ်ကို

ပူးပေါင်းတင်ဆက်မည်။

“ဒို့တွေအတူ ကျန်းမာပျော်ရွှင်အောင် နေကြတယ်” – Prudential နှင့် ကေပေါ့ပ်လောကရှိ အနုပညာကြယ်ပွင့်များ ဖြစ်ကြသော SuperM တို့က ကျန်းမာပျော်ရွင်စွာ နေထိုင်နိုင်ရေးကို မီးမောင်းထိုးပြသွားမည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ - Prudential Corporation Asia (Prudential) သည် ကိုရီးယား ပေါ့ပ်ဂီတ (ကေပေါ့ပ်) အထူးအဖွဲ့ဖြစ်သော SuperM နှင့် ပူးပေါင်းကာ အာရှနိုင်ငံတစ်လွှားရှိ ပြည်သူများအား ကျန်းမာပျော်ရွှင်စွာ နေထိုင်ကြရန် တိုက်တွန်းအားပေးနိုင်ပြီး အလွယ်တကူ ပေါ့ပေါ့ပါးပါး ပါဝင်လုပ်ဆောင်နိုင်ကြမည့် “ဒို့တွေအတူ ကျန်းမာပျော်ရွှင်အောင် နေကြတယ်” (We DO Well Together) အစီအစဉ်သစ်တစ်ခု ပြုလုပ်မည် ဖြစ်ပါသည်။

Prudential သည် ယခုကဲ့သို့ ကေပေါ့ပ်အဖွဲ့နှင့် လက်တွဲဆောင်ရွက်နိုင်ခဲ့သည့် အာရှဒေသတွင်း ပထမဦးဆုံးသော အသက်အာမခံလုပ်ငန်းအဖြစ် ဂုဏ်ယူစိတ်လှုပ်ရှားစွာ ထုတ်ပြန်ကြေညာလိုက်ပါသည်။ SuperM အဖွဲ့ကို ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော ပရိတ်သတ်များ၏ ချစ်ခင်အားပေးမှုကို ရရှိထားသည့် ထိပ်တန်းကေပေါ့ပ်အဖွဲ့များအတွင်းမှ အဖွဲ့ဝင် (၇) ဦးဖြင့် SM Entertainment နှင့် Capitol Music Group တို့က ၂၀၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ SuperM အဖွဲ့၏ ခွန်အားအပြည့်ဖြင့် မြူးကြွသွက်လက်သော ဂီတနှင့် ဖျော်ဖြေရေးပုံစံမှာ ယနေ့ခေတ် လူငယ်များ၏ အားကြိုးမာန်တက် ဆောင်ရွက်မှုနှင့် အကောင်းမြင်စိတ်များကို မြှင့်တင်ပေးနေသည့် Prudential ၏ “ဒို့တွေတစ်ကယ် လက်တွေ့လုပ်ကြတယ်” ဆိုသည့် အရင်းခံစိတ်ထားကို ကိုယ်စားပြုလျက် ရှိပါသည်။

Prudential Corporation Asia ၏ Chief Executive ဖြစ်သူ Nic Nicandrou က "Prudential နဲ့ SuperM မှာ တူညီတဲ့ ရည်မှန်းချက် ပန်းတိုင်တွေရှိနေပါတယ်။ ကျွန်တော်တို့ Prudential အနေနဲ့ အထူးသဖြင့် ဒီလိုကာလမျိုးမှာ ကျန်းမာကြံ့ခိုင်အောင် နေထိုင်ခြင်းရဲ့ အရေးကြီးပုံကို ပိုပြီး တိုက်တွန်းအားပေးချင်ပါတယ်။ ကျွန်တော်တို့ အတူလက်တွဲပြီး ပျော်ရွှင်ကျန်းမာတဲ့ ဘဝကို စိတ်ချမ်းမြေ့သာယာစွာနဲ့ ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ရင်း ရယူနိုင်တယ်ဆိုတာ အသိပေးလှုံ့ဆော်ချင်ပါတယ်” ဟု ပြောသည်။

လူအများ၏ ဘဝကို အကောင်းဆုံး နေထိုင်နိုင်ရန် အလေးထား ကူညီပံ့ပိုးပေးနေသည့် ထိပ်တန်း အာမခံလုပ်ငန်းတစ်ခု ဖြစ်သည်နှင့်အညီ Prudential သည် အာရှဒေသတစ်ဝန်းရှိ သန်းပေါင်းများစွာသော customers များ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန်၊ တိုးတက်ကြီးပွားစေရန် ပံ့ပိုးပေးခြင်းဖြင့် ဘဝရည်မှန်းချက် ပန်းတိုင်များကို ရယူနိုင်ရန် အထောက်အကူပြုလျက် ရှိပါသည်။

“Prudential က ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို အလုံးစုံရယူနိုင်အောင် ပေးအပ်နေတဲ့အပြင် အများပြည်သူ အနေနဲ့ ကျရောက်လာတဲ့ ရောဂါဘယတွေကနေ ကာကွယ်၊ တားဆီးနိုင်အောင်လည်း ကူညီပေးနေပါတယ်။ ဒါတွေကို ကျွန်တော်တို့ Prudential ရဲ့ ကျန်းမာရေးလုပ်ဆောင်ချက်တွေ အားလုံး စုစည်းပါရှိတဲ့ Pulse အက်ပလီကေးရှင်းကနေ တစ်ဆင့် ဆောင်ရွက်ပေးနေတာပါ။ ဒါ့အပြင် လူအများ ကျန်းမာပျော်ရွှင်ပြီး အသက်ရှည်ရှည် နေထိုင်နိုင်အောင် ကူညီပေးနိုင်တဲ့ အကောင်းဆုံး ဖြေရှင်းလုပ်ဆောင်ချက်တွေ၊ ဝန်ဆောင်မှုတွေကိုလည်း စုံစုံလင်လင် ရယူနိုင်အောင် ပေးအပ်ထားပါတယ်။ အခုနောက်ဆုံး မိတ်ဆက်ပေးလိုက်တဲ့ အစီအစဉ်ကလည်း ကျန်းမာပျော်ရွင်စွာ နေထိုင်နိုင်ရေးကို အထူးအလေးပေးထားတာဖြစ်တဲ့အတွက် customers တွေရဲ့ အကျိုးကိုပဲရှေးရှုတဲ့ လုပ်ငန်းတစ်ခုဖြစ်ရမယ်ဆိုတဲ့ ကျွန်တော်တို့ အစဉ်အလေးထားရတဲ့ ကတိကဝတ်ကိုလည်း ထင်ဟပ်စေမှာ ဖြစ်ပါတယ်” ဟု Mr Nicandrou က ထပ်လောင်းပြောကြားခဲ့သည်။

SuperM အဖွဲ့ကလည်း “ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းမှာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ကာလမှာ ကိုယ်ကျန်းမာရေး သာမက စိတ်ချမ်းသာ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အတွက်ကိုပါ ကူညီပေးနိုင်အောင် တက်ကြွတဲ့ ခွန်အားတွေ မျှဝေပေးနိုင်ဖို့ ဆိုတာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါပဲ။ ကျွန်တော်တို့နဲ့ Prudential ဟာ ပျော်စရာ အချိန်မှာပဲဖြစ်ဖြစ်၊ ဝမ်းနည်းစရာ အချိန်မှာပဲဖြစ်ဖြစ် လူတွေ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ကြဖို့နဲ့ အကောင်းမြင်စိတ်တွေ ပိုရှိလာအောင် မြှင့်တင်ပေးနိုင်ဖို့ ကူညီပေးမယ်ဆိုတဲ့ တူညီတဲ့ မျှော်မှန်းချက်တစ်ခု ရှိနေကြပါတယ်။ “ဒို့တွေအတူ ကျန်းမာပျော်ရွှင်အောင် နေကြတယ်” ဆိုတဲ့ အစီအစဉ်ကနေတစ်ဆင့် “ဒို့တွေတစ်ကယ် လက်တွေ့လုပ်ကြတယ်” ဆိုတဲ့ ခွန်အားတွေ၊ စိတ်ဓာတ် အားအင်တွေ ရရှိကြပြီး ကျွန်တော်တို့တွေရဲ့ ဘဝရည်မှန်းချက်တွေ အားလုံးကို အတူတကွ ရယူနိုင်ဖို့ ကြိုးစားကြပါစို့လို့ တိုက်တွန်းအားပေးလိုက်ပါတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ် တစ်လျှောက်လုံးတွင်လည်း Prudential နှင့် SuperM တို့သည် လူအများအား ပိုမို ပျော်ရွှင်ကျန်းမာသော ဘဝများကို ပိုင်ဆိုင်နိုင်စေရန် တိုက်တွန်းအားပေးမည့် ပွဲအစီအစဉ်များစွာကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ယခု အစီအစဉ်ကို ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ထိုင်း၊ စင်ကာပူနှင့် ဗီယက်နမ် စသည့် အာရှဒေသအတွင်းရှိ နိုင်ငံပေါင်း (၁၁) နိုင်ငံတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်များနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား Prudential မှ လာမည့် ရက်သတ္တပတ် အနည်းငယ် အတွင်း ကြေညာသွားမည် ဖြစ်ပါသည်။


SuperM အကြောင်း ဗီဒီယိုအား ကြည့်ရှုနိုင်ပါသည်။

 

Prudential Myanmar Life Insurance အကြောင်း

Prudential Myanmar သည် Prudential Corporation Asia လက်အောက်ရှိ အပိုင် အသက် အာမခံလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ရေရှည် ယုံကြည်စိတ်ချရသည့် ကာကွယ်စောင့်ရှောက်မှုနှင့် လိုအပ်ချိန်တွင် အထောက်အပံ့ဖြစ်စေမည့် စုဆောင်းငွေများ ပိုမို တိုးပွားလာစေမည့် အသက်အာမခံ ပေါ်လစီ ထုတ်ကုန်များနှင့် နည်းပညာဖြေရှင်းမှုစနစ်များကို ပေးအပ်ရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MoPF) မှ ပေးအပ်သည့် အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့် လိုင်စင်ကို လက်ခံရရှိခဲ့ပါသည်။

Prudential Myanmar သည် မြန်မာနိုင်ငံ၏ အသက်အာမခံနယ်ပယ် တိုးတက်ပျံ့နှံ့လာစေရန်နှင့် ပြည်သူ အားလုံးပါဝင် အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလေးထား ကြိုးစားဆောင်ရွက်မည် ဖြစ်သည်။ Prudential Myanmar ၏ နည်းပညာ ဦးစားပေးချဉ်းကပ်မှုဖြင့် အာမခံ ဝန်ဆောင်မှု များကို ရိုးရှင်းလွယ်ကူပြီး အဆင်ပြေချောမွေ့စွာ ရယူနိုင်မည့်အပြင် မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိနိုင်ရန် ကတိကဝတ်ပြုထားသည်။

အသေးစိတ်ထပ်မံ သိရှိလိုပါက Prudential Myanmar Life Insurance ဝက်ဘ်ဆိုက် www.prudential.com.mm နှင့် Facebook စာမျက်နှာ www.facebook.com/PrudentialMyanmarLifeInsurance တို့တွင် ဝင်ရောက်လေ့လာကြည့်ရှု နိုင်ပါသည်။

 

Prudential Corporation Asia အကြောင်း

Prudential Corporation Asia သည် Prudential plc* လက်အောက်ရှိ လုပ်ငန်းခွဲတစ်ခု ဖြစ်ပြီး အာရှဒေသ အတွင်းနှင့် အာဖရိကနိုင်ငံရှိ အသက်အာမခံလုပ်ငန်းများနှင့် Eastspring Investments ၏ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲ့မှု လုပ်ငန်းတို့ ပါဝင်သည်။ ရုံးချုပ်မှာ ဟောင်ကောင်တွင် တည်ရှိပြီး Prudential အနေဖြင့် လူအများ၏ လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းပေးနိုင်မည့် ရေရှည် အာမခံစုဆောင်းငွေ ဝန်ဆောင်မှုများ၊ ရင်းနှီးမြုပ်နှံမှုနှင့် ကာကွယ်စောင့်ရှောက်မှု ဆိုင်ရာ အာမခံအမျိုးအစားများကို ပေးအပ်ထားပါသည်။

Prudential သည် ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနှင့် ဗီယက်နမ် စသည့် အာရှဒေသတစ်လွှားရှိ ဈေးကွက် (၁၃) ခု၏ ထိပ်တန်းအသက်အာမခံ ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်သည်။ အာဖရိကတိုက်တွင် ကင်မရွန်း၊ ကုတ်အိုင်ဗွီ၊ ဂါနာ၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ တိုဂို၊ ယူဂန်ဒါနှင့် ဇမ်ဘီယာ စသည့် ဈေးကွက် (၈) ခုကို လွှမ်းခြုံထားပြီးဖြစ်သည်။ Prudential ၏ အာမခံလုပ်ငန်းများအား နေရာမျိုးစုံမှတစ်ဆင့် အလွယ်တကူ ချိတ်ဆက်ရယူနိုင်ရသော ယုံကြည်စိတ်ချရသည့် ပလက်ဖောင်းမှတစ်ဆင့် ကမ္ဘာ့တိုက်ကြီးနှစ်တိုက်မှ customer ပေါင်း (၁၆) သန်းကျော်အတွက် အမျိုးအစား စုံလင်ပြီး တီထွင်ဆန်းသစ်သည့် နည်းပညာ ဖြေရှင်းလုပ်ဆောင်ချက်များကို ပေးအပ်လျက်ရှိသည်။

Eastspring Investments သည် ကြီးမားကျယ်ပြန့်သည့် အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြုပ်နှံသူများကိုယ်စား အာရှဒေသ အတွင်းရှိ အကြီးဆုံး ရင်းနှီးမြုပ်နှံမှုများကို စီမံခန့်ခွဲပေးလျက် ရှိပါသည်။ အာရှဈေးကွက်ကြီး (၁၁) ခုအပြင် မြောက်အမေရိက၊ ဥရောပတို့တွင် လုပ်ငန်းအမြောက်အမြားရှိခြင်းတို့ကြောင့် အာရှအခြေစိုက် ထိပ်တန်းရင်းနှီးမြုပ်နှံမှု ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းသည် ၂၀၂၀ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ စာရင်း အရ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၂၀) ဘီလီယံကျော် တန်ဖိုးရှိ ပစ္စည်းဥစ္စာများကို စီမံခန့်ခွဲလျက်ရှိပြီး စတော့ရှယ်ယာများနှင့် ပုံမှန်ဝင်ငွေတို့ အပါအဝင် ငွေကြေး ပိုင်ဆိုင်မှုအမျိုးမျိုးကို စီမံခန့်ခွဲလျက် ရှိပါသည်။

လူတိုင်းအတွက် ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူရယူနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် ဟူသည့် ကုမ္ပဏီ၏ မျှော်မှန်းချက်နှင့်အညီ Prudential မှ မိတ်ဆက်လိုက်သည့် Pulse အက်ပလီကေးရှင်းကို မလေးရှားနိုင်ငံတွင် ၂၀၁၉ ခုနှစ် ဩဂုတ်လက စတင်မိတ်ဆက်ခဲ့ပါသည်။ ယနေ့အချိန်တွင် Pulse ကို အာရှနှင့် အာဖရိကနိုင်ငံတစ်ဝန်းရှိ ဈေးကွက် (၁၂) ခုတွင် သုံးစွဲနိုင်ပြီဖြစ်သည်။ Pulse အက်ပလီကေးရှင်း၏ AI နည်းပညာဖြင့် ပံ့ပိုးပေးထားသော အချိန်နှင့်တပြေးညီရယူနိုင်သော သတင်းအချက်အလက်များ၊ တစ်ဦးချင်းစီ၏ လိုအပ်ချက်အရ ကိုယ်တိုင်ရယူနိုင်သော ပံ့ပိုးမှုများဖြင့် အသုံးပြုသူများအတွက် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး ကူညီစောင့်ရှောက်ပေးမည် ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ အဖော်မွန်တစ်ဦး ရှိထားသကဲ့သို့ ရောဂါဘယများ စတင်ဖြစ်ပွားမှုမှ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန် ကူညီပေးမည် ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအထိ အာရှဒေသတွင် အက်ပလီကေးရှင်း ဒေါင်းလုဒ်ရယူမှုပေါင်း အကြိမ်ရေ (၁၅) သန်းကျော် အထိ ရှိခဲ့ပြီဖြစ်သည်။ အက်ပလီကေးရှင်းအကြောင်း ပိုမိုသိရှိလိုပါက www.wedopulse.com သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

* Prudential plc သည် လန်ဒန် (PRU.L) ၊ ဟောင်ကောင် (2378.HK) ၊ စင်ကာပူ (K6S.SG) နှင့် နယူးယောက် (PUK.N) စတော့အိတ်ချိန်း ဈေးကွက်များတွင် စာရင်းဝင်ခဲ့ပြီး ဖြစ်သည်။ Prudential plc သည် အမေရိကန်ပြည်ထောင်စုတွင် အဓိက လုပ်ငန်းအခြေစိုက်သည့် Prudential Financial, Inc. နှင့် United Kingdom ရှိ M&G plc ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် Prudential Assurance Company တို့နှင့် လုပ်ငန်းဆက်စပ်မှု မရှိပါ။

 

SuperM အကြောင်း

ကေပေါ့ပ်လောကတွင် “The Avengers of K-pop” ဟု တင်စားခေါ်ဝေါ်ကြသည့် SuperM အဖွဲ့အား SM Entertainment နှင့် Capitol Music Group တို့က ၂၀၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ အထူးအဖွဲ့တွင် ဂီတအယ်လ်ဘမ်ပေါင်း သန်းပေါင်းများစွာ ရောင်းချနိုင်ခဲ့သည့် SM Entertainment ၏ အမျိုးသား ကေပေါ့ပ်အဖွဲ့များဖြစ်သည့် SHINee အဖွဲ့မှ TAEMIN ၊ EXO အဖွဲ့မှ BAEKHYUN နှင့် KAI ၊ NCT 127 အဖွဲ့မှ TAEYONG နှင့် MARK ၊ WayV အဖွဲ့မှ TEN နှင့် LUCAS စသည့် အဖွဲ့ဝင် (၇) ယောက် ပါရှိပါသည်။ SuperM အဖွဲ့သည် စတင်ပွဲဦးထွက်စကပင် နာမည်ကျော် အမေရိကန် Billboard 200 အယ်လ်ဘမ်စာရင်းတွင် နံပါတ် (၁) နေရာကို ရရှိခဲ့သော ပထမဦးဆုံးအဖွဲ့အဖြစ် အာရှဂီတ သမိုင်းကြောင်းတွင် မှတ်ကျောက်တင်နိုင်ခဲ့သည်။ SuperM အဖွဲ့သည် Billboard's Artist 100 တွင် နံပါတ် (၁) နေရာ၊ အယ်လ်ဘမ် ရောင်းချနိုင်မှု အများဆုံး၊ လက်ရှိ အယ်လ်ဘမ်များ၊ ဒစ်ဂျစ်တယ် အယ်လ်ဘမ်များ၊ အင်တာနက် အယ်လ်ဘမ်များ၊ ကမ္ဘာ့တစ်လွှားရှိ အယ်လ်ဘမ်များနှင့် ကမ္ဘာ့ဒစ်ဂျစ်တယ် တေးသီချင်း အရောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်လျက် ရှိပါသည်။

Read times Last modified on Friday, 08 January 2021 18:17
Rate this item
(0 votes)