မင်္ဂလာမဆောင်ခင် ဖြစ်တတ်သော စိတ်ဖိစီးမှုများကို ဖြေရှင်းနည်း ရှစ်မျိုး

မင်္ဂလာမဆောင်ခင် ဖြစ်တတ်သော စိတ်ဖိစီးမှုများကို ဖြေရှင်းနည်း ရှစ်မျိုး google

မင်္ဂလာဆောင် ပွဲတစ်ပွဲ အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်မြောက်အောင် စီစဉ်ရတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

 

မိန်းကလေး တစ်ယောက်အတွက် တစ်သက်မှာ တစ်မင်္ဂလာ ဆိုတဲ့အတိုင်း ပွဲလယ်တင့်စေဖို့ ကြိုတင် ပြင်ဆင်မှုတွေလည်း များလှတာကြောင့် စိတ်ဖိစီးမှုတွေကို မလွဲမသွေ ခံစားရနိုင်ပါတယ်။ ဒါတွေကို ကျော်လွှားသွားနိုင်မယ့် နည်းလမ်း ရှစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

 

 

() အစီအစဉ် ချမှတ်ပါ

 

များပြားလှတဲ့ ကိစ္စတွေကြားမှာ စိတ်ဖိစီးမှုကြောင့် သင့်ကို စိုးရိမ်ပူပန်မှု၊ မွန်းကျပ်မှုနဲ့ မောပန်းနွမ်းနယ်မှုတွေ ခံစားရနိုင်တယ်လို့ Prof: Scott Sheperd က ဆိုပါတယ်။ စိတ်ဖိစီးမှုကို အနိုင်ယူဖို့ အတွက် မင်္ဂလာဆောင်နဲ့ ပတ်သက်ပြီး လုပ်ဆောင်သင့်တာတွေကို သေသေချာချာ တွေးတောပြီး အစီအစဉ် ချမှတ်ပါ။ ဘယ်လို အဆင်မပြေမှုမျိုးတွေနဲ့ ကြုံလာပါစေ စိတ်ကို အေးအေးထားပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းကို တွေးတော လုပ်ဆောင်ပါ။ အမှားအယွင်း၊ အလွဲအမှားပေါ်က သင့်စိတ်အာရုံကို ဖယ်ရှားပြီး လုပ်ဆောင်သင့်တာကိုသာ အာရုံစူးစိုက် လုပ်ဆောင်ပါ။

 

 

() တေးဂီတကို နားဆင်ပါ

 

သံစဉ်တေးသွားတွေ နားဆင်ပေးတာက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပါလို့ သြစတြေးလျနိုင်ငံ Monash University က သုတေသီတွေက ဆိုပါတယ်။ ငြိမ့်ညောင်းတဲ့ တေးဂီတက ဦးနှောက်နဲ့ အာရုံကြော အဖွဲ့အစည်းကို တည်ငြိမ်စေပြီး သွေးတိုးကျစေတာနဲ့ နှလုံးခုန်နှုန်းကို လျှော့ချနိုင်တာ စတဲ့ အကျိုးရလဒ်တွေ ခံစားရနိုင်တာကြောင့် မင်္ဂလာ ကိစ္စတွေနဲ့ မအားလပ်ပေမယ့် တေးဂီတကို မအိပ်ခင် အချိန်လေးမှာ ခဏလောက် အချိန်ပေးပြီး နားဆင်မယ်ဆိုရင် မနက် အိပ်ရာထချိန်မှာ စိတ်ကြည်လင် လန်းဆန်းနေပါလိမ့်မယ်။

 

 

() ငါးစားပါ

 

အိုမီဂါ-၃ အဆီကြွယ်ဝတဲ့ ငါးစားတာက စိတ်ကြည်နူးမှု ဖြစ်စေတဲ့ ဆီရိုတိုနင် ဟော်မုန်း ပမာဏကို မြင့်တက်စေတယ်လို့ National Institutes of Health ရဲ့ သုတေသီတွေက ဆိုပါတယ်။ ငါးတွေထဲက ဆယ်လမွန်ငါးက အိုမီဂါ-၃ အကြွယ်ဝဆုံးပါ။ တူနာငါး ဒါမှမဟုတ် သစ်ချသီးတွေ စားပေးလို့လည်း ရပါတယ်။

 

 

() ကော်ဖီ လျှော့သောက်ပါ

 

ကဖင်းဓာတ်က အာရုံကြော အဖွဲ့အစည်းကို လှုံ့ဆော်တာကြောင့် မင်္ဂလာဆောင်ရက် နီးလာချိန်မှာ ကော်ဖီကို သင်သောက်နေကျ ပမာဏအောက် လျှော့သောက်သင့်ပါတယ်။ သွေးထဲမှာ ကဖင်းဓာတ်တွေ များနေပါက ကဖင်းရဲ့ လှုံ့ဆော်မှုကြောင့် အာရုံကြော စနစ်က အနား မရတော့ပါဘူး။ ကော်ဖီသောက်မယ့်အစား လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါက အမိုင်နိုအက်စစ်တစ်မျိုး ဖြစ်တဲ့ အယ်လ်သီရာနင်း ပါဝင်လို့ ဦးနှောက်ကို ငြိမ်းချမ်းစေပါတယ်။

 

 

() ပြုံးရွှင်စွာ ရယ်မောပါ

 

ရယ်မောတဲ့အခါ သင့်နှုတ်ခမ်းတွေသာ မကဘဲ မျက်နှာမှာရှိတဲ့ ကြွက်သားတွေကိုပါ အသုံးပြုရပါတယ်။ အထူးသဖြင့် မျက်စိတစ်ဝိုက်မှာ ရှိတဲ့ ကြွက်သားတွေကို အသုံးပြုရပါတယ်။ ရယ်မောတာက သင့်ဦးနှောက် ခံစားမှု အပိုင်းအတွက် အကျိုးရှိစေပါတယ်လို့ ဆန်ဖရန်စစ္စကိုရဲ့ University of California က လုပ်တဲ့ သုတေသနတွေက ဖော်ပြခဲ့ပါတယ်။

 

 

() အားကစားခန်းမ သွားပါ

 

ဘယ်လို အားကစားနည်းမျိုး ဖြစ်ပါစေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး သင့်စိတ်ခံစားမှုကိုလည်း မြှင့်တင်ပေးတယ်လို့ Columbia University က ပါမောက္ခ Michael McKee က ဆိုပါတယ်။ အေရိုးဗစ် လေ့ကျင့်တာနဲ့ ယောဂ လေ့ကျင့်တာတွေက သင့်ဦးနှောက်မှာ အန်ဒေါ်ဖင်ဟော်မုန်း ထွက်စေပြီး စိတ်ဖိစီးမှုကို ပြေပျောက်စေပါတယ်။

 

 

() ဗီတာမင်ဘီအုပ်စု ပါအောင် စားပါ

 

American Journal of Clinical Nutrition ရဲ့ ဖော်ပြထားတဲ့ လေ့လာချက်အရ သင်စားတဲ့ အစားအသောက်ထဲမှာ ဗီတာမင်ဘီအုပ်စု ပါဝင်တာတွေ များများ စားသောက်တာက စိုးရိမ်သောက ဖြစ်ပွားမှုကို ၃၃ ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ဦးနှောက်အတွက် ကိုလင်း ထုတ်လုပ်မှုကို မြင့်မားစေတာက သင့်စိတ်ကို ထိန်းချုပ်နိုင်တယ်လို့ တခြားသော ဆေးသိပ္ပံ ပညာရှင်တွေက ဆိုပါတယ်။ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ အစေ့အဆန်တွေနဲ့ ဂေါ်ဖီထုပ် စတာတွေကို စားပေးပါ။

 

 

() အကောင်းဘက်က တွေးတောပါ

 

မင်္ဂလာဆောင်မယ့် နေ့အတွက် ကြိုတင် တွေးပူတာမျိုး မလုပ်ပါနဲ့။ ကားလမ်းယာဉ်ကြော ပိတ်ဆို့မှုတွေများ ဖြစ်မလား၊ မိတ်ကပ် ပြင်ဆင်မှုတွေနဲ့ လိုက်ဖက်ပါ့မလား၊ ဓာတ်ပုံရိုက်ရင် လှပါ့မလား၊ အစားအသောက်တွေကရော အဆင်ပြေပြေမှ ဖြစ်ပါ့မလား၊ ဧည့်ခံပွဲလာတဲ့ ပရိသတ်တွေ အားလုံးရော အဆင်ပြေပါ့မလားဆိုတဲ့ မေးခွန်းတွေ အားလုံးကို အကောင်းဘက်ကပဲ စဉ်းစား တွေးတောထားတာက သင့်ကို စိတ်ဖိစီးမှုတွေကနေ လွတ်မြောက်စေပြီး စိတ်သက်သာရာ ရစေပါတယ်။

 

 

Credit;Yatanarpon

Read times Last modified on Wednesday, 26 December 2018 13:31
Rate this item
(1 Vote)