ဘယ်အရာမဆိုအစီအစဉ်ချပြီးလုပ်ဆောင်မှသာအဆင်ပြေချောမွေ့တတ်တာသဘာဝပါနော်။
ဒီနေ့ခေတ်မှာ အိမ်ထောင်ပြုပြီး ကလေးယူခြင်းဆိုတဲ့ခေါင်းစဉ်အတွက်ဆို
ပိုလို့တောင် အစီအစဉ်ချပြီးလုပ်ဆောင်ဖို့လိုအပ်ပါတယ်နော်။ ဒါကြောင့်ဒီနေ့မှာတော့ မင်မင်က
Myanmar Wedding Guide ပရိတ်သတ်ကြီးအတွက် ကလေးမယူခင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့အချက်လေးတွေကို
ဖော်ပြပေးချင်ပါတယ်။
(၁)ကုန်ကျစရိတ်
အရင်ဆုံး အိမ်ထောင်ကျပြီး ကလေးယူတော့မယ်ဆိုတာနဲ့ဖခင်လောင်း မိခင်လောင်းတွေအနေနဲ့
ကလေးတစ်ယောက်အတွက် ကုန်ကျစရိတ်ကို စပြီး တွက်ချက်ထားသင့်ပါတယ်။
ကုန်ကျစရိတ်ဆိုတာ ကလေးမွေးဖွားပြီးရုံအတွက်တင်သာမက ကလေးကြီးပြင်းလာသည်အထိ
ပြုစုစောက်ရှောက်ဖို့အတွက်ကိုပါ မိမိတို့ရဲ့ဝင်ငွေပေါ်မူတည်ကာတွက်ချက်ထားရမှာပါနော်။
<<< Fitness Centre မာ်းကိုရွာရန္နွိပ္ပါ။ >>>
(၂)ကလေးကို ပြုစုစောက်ရှောက်ရမယ့်အချိန်
ကလေးတစ်ယောက် လူ့လောကထဲကိုရောက်ရှိပြီး အထိအခိုက်မရှိကြီးပြင်းလာဖို့ဆိုတာ
မိဘတွေအတွက် အရေးကြီးတဲ့တာဝန်တစ်ခုပါ။ဒါ့အပြင် မိဘအနေနဲ့ ကလေးအတွက် လုံခြုံစေရုံသာမက
နွေးထွေးတဲ့ရင်ခွင်တစ်စုံဖြစ်ပေးဖို့ လိုအပ်တာမို့ သေသေချာချာအချိန်ပေးနိုင်ပြီဆိုမှသာ ကလေးယူသင့်ပါတယ်နော်။
(၃)ကိုယ်ဝန်ဆောင်မယ့် မိခင်လောင်းရဲ့ကျန်းမာရေး
အရေးအကြီးဆုံးအချက်ကတော့ သန္ဓေဆောင်မယ့်မိခင်လောင်းရဲ့ ကျန်းမာရေးအခြေအနေကို ကြိုတင်စစ်ဆေးပြီး
ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားရမှာပါနော်။မိခင်ရောကလေးပါ ကျန်းမာနိုင်တဲ့အခြေအနေမျိုးရှိမှသာ
ကိုယ်ဝန်ယူဖို့သင့်တော်ပါတယ်နော်။
ဒီအခြေခံကျတဲ့အချက်အလက်လေးတွေကို သေချာ သုံးသပ်ပြီးသာယာတဲ့မိသားစုအသိုက်အမြုံလေးတွေတည်ဆောက်နိုင်ကြပါစေနော်။