မင်္ဂလာလက်မှတ်ရေးထိုးတဲ့ အခါ သိထားသင့် သောအကြောင်းအရာများ

မင်္ဂလာလက်မှတ်ရေးထိုးတဲ့ အခါ သိထားသင့် သောအကြောင်းအရာများ own

မင်္ဂလာလက်မှတ်ရေးထိုးမယ့် စုံတွဲလေးတို့အနေနဲ့ ကြိုတင်ပြီး ပြင်ဆင်ထားရမှာတွေ သိထားပြီးပြီဆိုတော့ မင်္ဂလာလက်မှတ်ရေးထိုးဖို့ လွယ်ကူမှာပါ။ 

သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာလက်မှတ်ရေးထိုးတယ်ဆိုတာ စုံတွဲလေးတို့အတွက် တကယ့်ကို အမှတ်တရ အရှိဆုံးပါ။ မင်္ဂလာပွဲအခမ်းအနားကြီးတွေ မလုပ်ဘူးဆိုရင်တောင် မင်္ဂလာလက်မှတ်ရေးထိုးပြီးပြီဆိုရင် တရားဝင် အကြင်လင်မယား ဖြစ်ပါပြီနော်။ ဒီလိုမျိုး အရေးပါတဲ့ မင်္ဂလာလက်မှတ်ရေးထိုးတဲ့အခါမှာ စုံတွဲလေးတို့ သိထားသင့်တဲ့အချက်တွေ ရှိပါတယ်။

 


မင်္ဂလာလက်မှတ်ရေးထိုးခြင်း

 

စုံတွဲလေးတို့ရေ မင်္ဂလာလက်မှတ်ရေးထိုးတဲ့အခါမှာ တရားရုံးချုပ်မှာ ထိုးလည်း ရသလို တရားသူကြီးနဲ့ တွေ့ဆုံပြီး ရေးထိုးတာမျိုးလည်း လုပ်လို့ ရပါတယ်နော်။ စုံတွဲလေးတို့ ကြိုက်နှစ်သက်သလို စီစဉ်ပြီး လက်မှတ်ထိုးလို့ ရပါတယ်။

 

တရားရုံးချုပ်မှာ လက်မှတ်ထိုးမယ်ဆိုရင်

 

တရားရုံးမှာ လက်မှတ်ထိုးမယ်ဆိုရင်တော့ ဇနီးမောင်နှံလေးတို့အပြင် အသိသက်သေတွေလည်း လိုပါတယ်နော်။ ဘယ်တရားရုံးမှာပဲ ထိုးထိုး ယူသွားရမယ့် စာရွက်စာတမ်းလေးတွေ ရှိပါတယ်။ အဲဒါတွေကတော့ လက်ထပ်စာချုပ်မူရင်း၊ မိတ္တူ(၂) စုံ၊ စုံတွဲလေးတို့ မှတ်ပုံတင် မူရင်းနဲ့ မိတ္တူ(၂) စုံ၊ အသိသက်သေ(၂) ဦးရဲ့ မူရင်းနဲ့ မိတ္တူတို့ ယူဆောင်သွားရမှာ ဖြစ်ပါတယ်။ နောက်ပြီး စောစော ကြိုသွားတာတွေ စာရင်းသွားတာတွေလည်း လုပ်ဖို့ လိုပါတယ်။ ရုံးက စာရေးမက ကိုယ့်နာမည်ခေါ်ပေးတဲ့အခါမှ ဝင်ပြီး တရားသူကြီးရှေ့မှောက်မှာ လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ စာရင်းသွင်းထားတဲ့ စာအုပ်မှာလည်း လက်မှတ်ထိုးရပါမယ်။ အကုန်လုံးပြီးပြီိဆိုရင်တော့ လက်မှတ်ထိုးတာ ပြီးဆုံးပါပြီ။ မှတ်ပုံတင်ကြေးဆိုပြီး ငွေကျပ် သွင်းရတာမျိုးရှိပါတယ်။

 

တရားသူကြီးနဲ့ တွေ့ဆုံပြီး ထိုးမယ်ဆိုရင်

 

တရားသူကြီးနဲ့ တွေ့ဆုံပြီး ထိုးမယ်ဆိုရင်တော့ တရားသူကြီးကို မင်္ဂလာပွဲ ကျင်းပမယ့် နေရာဆီ ဖိတ်ရမှာပါ။ စုံတွဲလေးတို့ရဲ့ မှတ်ပုံတင် မူရင်းနဲ့ အသိသက်သေ(၂)ဦးရဲ့ မှတ်ပုံတင် မူရင်း လိုပါတယ်နော်။ စာရင်းသွင်းတာမျိုးကိုတော့ တရားသူကြီးက ဆက်လက်ဆောင်ရွက်ပေးမှာပဲ ဖြစ်ပါတယ်။

 

စုံတွဲလေးတို့အတွက် ကြည်နူးစရာ အကောင်းဆုံး အချိန်

 

စုံတွဲလေးတို့ လက်ထပ်စာချုပ် ကိုယ်စီကိုင်ပြီး ကျမ်းကျိန်ရတဲ့အချိန်ဟာ ကြည်နူးစရာ အကောင်းဆုံး ဖြစ်မှာပါ။ စုံတွဲလေးတို့အတွက် ကြည်နူးစရာ ကောင်းတဲ့အချိန်လေး ဖြစ်လို့ အမိအရ မှတ်တမ်းတင်ထားနိုင်ဖို့လည်း မမေ့ပါနဲ့နော်။ မင်္ဂလာလက်မှတ်ရေးထိုးမယ့် စုံတွဲလေးတို့အနေနဲ့ ကြိုတင်ပြီး ပြင်ဆင်ထားရမှာတွေ သိထားပြီးပြီဆိုတော့ မင်္ဂလာလက်မှတ်ရေးထိုးဖို့ လွယ်ကူမှာပါနော်။

 Crd: Marry Myanmar

Myanmar Wedding Guide

Read times Last modified on Thursday, 23 May 2019 10:52
Rate this item
(2 votes)
Tagged under