Pre wedding နဲ့ မင်္ဂလာပွဲမှာ မျက်ကပ်မှန်တပ်မယ်ဆိုရင်သိထားသင့်တာလေးတွေ

Pre wedding နဲ့ မင်္ဂလာပွဲမှာ မျက်ကပ်မှန်တပ်မယ်ဆိုရင်သိထားသင့်တာလေးတွေ google

သတို့သမီးလေးတို့ရဲ့မျက်လုံးအလှလေးတွေ ပိုပြီးပေါ်လွင်စေဖို့အတွက် မျက်ကပ်မှန် တပ်မယ်စိတ်ကူးထားလား၊

သတို့သမီးလေးတို့ Pre wedding အတွက် ဖြစ်ဖြစ် မင်္ဂလာပွဲနေ့မှာပဲဖြစ်ဖြစ် မျက်ကပ်မှန်တပ်မယ်ဆိုရင် သိထားသင့်တဲ့ဆောင်ရန် ရှောင်ရန်လေးတွေရှိပါတယ်။ အဲဒီလို မဟုတ်ဘူးဆိုရင် မျက်ကပ်မှန်ကြောင့် စိတ်ညစ်နေရနိုင်ပါတယ်နော်။


မျက်ကပ်မှန် ရွေးချယ်တဲ့အခါ
သတို့သမီးလောင်းလေးတို့ မျက်ကပ်မှန် ရွေးချယ်တဲ့အခါမှာ ပုံမှန်နဲ့ Big Eye ဆိုပြီး ရွေးချယ်လို့ ရပါတယ်။ သတို့သမီးလောင်းလေးတို့က မျက်ကပ်မှန် တပ်နေကျ မဟုတ်ဘူးဆိုရင်တော့ ပုံမှန် မျက်ကပ်မှန်လေးပဲ ရွေးချယ်ပေးတာ ပိုကောင်းပါတယ်။အဆင်မပြေတာ၊ မနေတတ်တာ ဖြစ်နိုင်တာကြောင့်ပါ။

 

မျက်ကပ်မှန်အရောင်
သတို့သမီးလောင်လေးတို့ရေ မျက်ကပ်မှန်အရောင် ရွေးချယ်တဲ့အခါမှာလည်း ဝတ်စုံ၊ မိတ်ကပ်အပြင်အဆင်နဲ့ လိုက်ဖက်ရင် ပိုကောင်းပါတယ်နော်။ ဒါကြောင့် ဝတ်စုံရွေးပြီးမှ မျက်ကပ်မှန်အရောင် ရွေးချယ်ပါနော်။

 

ဆောင်ရန်
သတို့သမီးလောင်းလေးတို့ရေ Pre wedding ရိုက်တဲ့အချိန်ပဲ ဖြစ်ဖြစ်၊ မင်္ဂလာပွဲနေ့ပဲ ဖြစ်ဖြစ် မျက်ကပ်မှန်တပ်မယ်ဆိုရင် မျက်စဉ်းဆေးလေး ယူသွားဖို့ မမေ့ပါနဲ့နော်။မိတ်ကပ်မလိမ်းခင်မှာ မျက်ကပ်မှန် တပ်ပါနော်။ ဒါမှမဟုတ် အိမ်ကနေ ကြိုတပ်သွားပါ။

မျက်ကပ်မှန် ဝယ်ယူတဲ့အခါမှာလည်း မျက်မှန်ဆိုင်တွေမှာ ရောင်းတဲ့ မျက်ကပ်မှန်ဆိုရင်ပိုကောင်းပါတယ်နော်။ကွာလတီကို ဦးစားပေးပြီး ရွေးချယ်ပေးပါ။ ဒါမှ ကိုယ့်ရဲ့ အမှတ်တရ နေ့လေးမှာ အနှောင့်အယှက်မဖြစ်ရမှာပါ။

 

ရှောင်ရန်
သတို့သမီးလောင်းလေးတို့ရေ ရှောင်ရမှာဆိုတာထက် သတိထားရမယ့် အချက်လေးတွေပါ။ အဲဒါကတော့ မျက်ကပ်မှန်က တပ်နေကျ မဟုတ်ဘူးဆိုရင် အခန့်မသင့်တဲ့အခါမှာ မျက်လုံးရဲလာတာ၊ ယောင်လာတာတွေ ဖြစ်တတ်တာပါ။

မျက်ကပ်မှန်ကို ထိတွေ့တဲ့ပစ္စည်းလေးတွေ သန့်ရှင်းနေဖို့ သတိပြုပါနော်။

 

ကိုယ့်ရဲ့အမှတ်တရနေ့လေးမှာ မျက်ကပ်မှန်တပ်မယ်လို့ စိတ်ကူးထားရင်တော့ အပေါ်မှာ ပြောပြထားတဲ့ ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို သတိထားပေးပါနော်။ ဒါဆို သတို့သမီးလေးတို့ရဲ့ မျက်ဝန်းလေးတွေ ရွှန်းစိုပြီး လှပနေမှာအသေအချာပါပဲနော်။

 

Credit : Marry 

Read times Last modified on Wednesday, 06 February 2019 13:20
Rate this item
(1 Vote)