မင်္ဂလာပွဲနေ့မှာ အလှဆုံးသတို့သမီးလေးဖြစ်စေဖို့

မင်္ဂလာပွဲနေ့မှာ အလှဆုံးသတို့သမီးလေးဖြစ်စေဖို့ google.com

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲနေ့မှာလှနေဖို့ဆိုတာ ကြိုတင်ပြင်ဆင်ထားမှုတွေနဲ့ သက်ဆိုင်ပါတယ်။ မင်္ဂလာပွဲနေ့မှာလှနေဖို့ဆိုတာ

မင်္ဂလာဆောင်မယ်လို့စပြီး စီစဉ်ကတည်းက ကြိုတင်ပြင်ဆင်ထားရမှာမို့ ဘယ်အချက်တွေကို အဓိကထားပြီး ပြင်ရမလဲဆိုတာ ပြောပြမယ်နော်။

 

Glow တဲ့ မိတ်ကပ်လေးရဖို့

သတို့သမီးလေးတို့ရေ ခုနောက်ပိုင်းမှာ Glow ဖြစ်တဲ့ မိတ်ကပ်ပါးပါးကြည်ကြည်လေးတွေ ပြင်ဆင်လာကြတယ်မလား၊ ခြောက်သွေ့အသားအရေဆိုရင် Glow ဖြစ်ဖို့ကမလွယ်ပါဘူး။ ဒီတော့ မင်္ဂလာပွဲမှာ မိတ်ကပ်ပါးပါးကြည်ကြည်စိုစိုလေးရဖို့ ခြောက်သွေ့တာတွေကိုဖယ်ရှားထားရပါမယ်နော်။ သတို့သမီးလေးတို့ Moisture သုံးတာ၊ ရေများများသောက်တာ၊ ရှားစောင်းလက်ဖက် ကပ်တာမျိုးလေးတွေလုပ်ပေးပါ။

 

အိပ်ရေးဝဝအိပ်ပါ

သတို့သမီးလောင်းလေးတို့ရေ တစ်ပတ်လောက်အလိုမှာတော့ စိတ်ကိုလျှော့ချလိုက်ပါ။ အဆင်ပြေမယ်လို့ပဲတွေးထားပါ။ အတတ်နိုင်ဆုံး အိပ်ရေးဝဝအိပ်ပါ။ ဒါမှ မင်္ဂလာပွဲနေ့မှာအဆင်ပြေမှာပါ။

 

ရေများများသောက်ပါ

သတို့သမီးလောင်းလေးတို့ ရေသောက်ဖို့ လုံးဝမမေ့ပါနဲ့နော်။ ဒီအချက်က အရေးကြီးပါတယ်။ ရေဓါတ် များများရတဲ့ မျက်နှာအသားအရေက Glow မိတ်ကပ်ဖြစ်စေတယ်ဆိုတာ သတိရပါ။

 

လက်သည်းခြေသည်း

မင်္ဂလာဆောင်ဖို့ တစ်ပတ်လောက်အလိုမှာ လက်သည်းခြေသည်း အလှဆင်တာတွေ လုပ်လို့ရပါပြီ။ အတုကပ်မှာလား၊ အစစ်ကို လှအောင် ဆိုးမှာလား၊ ရွေးချယ်ပါ။ လက်သည်းအတုကပ်မယ်ဆိုရင် Brand ကောင်းကောင်းလေး သုံးပါ။

 

အစားအသောက်

သတို့သမီးလောင်းလေးတို့ရေ အစားအသောက်စားတဲ့အခါ သတိထားရပါမယ်။ နေမကောင်းဖြစ်စေမယ့် အစားအစာတွေရှောင်စားပါ။ သတို့သမီးလောင်းလေးတို့နဲ့ မတည့်တဲ့ အစားအစားတွေ မင်္ဂလာပွဲနီးချိန်မှာမစားပါနဲ့။ ဗိုက်အောင့်စေနိုင်တာတွေ၊ အရေပြားယားယံစေတတ်တာတွေ မစားပါနဲ့။

 

ဝိတ်ချမယ်ဆိုရင်

သတို့သမီးလေးတို့ရေ ဝိတ်ကျလာဖို့ ဆန္ဒတွေမစောပါနဲ့။ အမြဲတမ်းရှိနေတဲ့ အဆီတွေကို ဖယ်ရှားပစ်ဖို့ဆိုတာ အချိန်ယူ ကြိုးစားရမှာပါ။ ဆန္ဒစောပြီး အဆီချဆေး၊ အဆီကျဆေး သောက်တာမျိုး မလုပ်ပါနဲ့။ ပုံမှန် Detox water သောက်တာမျိုးသာလုပ်ပါ။

 

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲနေ့မှာ လှနေဖို့အတွက် ကြိုတင်ပြင်ဆင်ရမယ့် အချက်လေးတွေအားလုံးသိထားသင့်ပါတယ်နော်။ ဒါမှသာ ပြင်ဆင်ထားမှ လှနေမှာပါ။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Friday, 05 April 2019 19:04
Rate this item
(1 Vote)