မိန်းကလေးတိုင်းမှာ မဖြစ်မနေရှိနေသင့်တဲ့ နှုတ်ခမ်းနီအရောင်များ

မိန်းကလေးတိုင်းမှာ မဖြစ်မနေရှိနေသင့်တဲ့ နှုတ်ခမ်းနီအရောင်များ Google

အလှအပတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နှုတ်ခမ်းနီတွေက အရောင်လှလှလေးတွေ ထွက်လာတာအများကြီးပါပဲ။

 

မိန်းကလေးတိုင်းက နှုတ်ခမ်းနီကို ကြိုက်ကြပါတယ်။ နှုတ်ခမ်းနီ မကြိုက်ဖူးဆိုတဲ့ မိန်းကလေးဆိုတာ မရှိသလောက်ပါပဲ။

 

မကြိုက်တဲ့ သူရှိခဲ့ရင်တောင် သူတို့မှာ ပွဲလမ်းသဘင်သွားဖို့နဲ့ နှုတ်ခမ်းလေး ဖူးဖူးလေးဖြစ်နေဖို့တော့ နှုတ်ခမ်းနီ ၁ချောင်း ၂ချောင်းလောက်တော့ ဝယ်ထားတတ်ကြပါတယ်။

 

နှုတ်ခမ်းနီ ကြိုက်တဲ့ မိန်းကလေးတွေကတော့ အသစ်ထွက်သမျှကို ဝယ်ချင်တယ်။ ဝယ်မိတယ်။ ဝယ်ပြီးမှ မဆိုးဖြစ်လို့ ပစ်လိုက်ရတာတွေကို အားလုံးကြုံဖူးကြမယ် ထင်ပါတယ်။

 

ဒီတော့ အများကြီးထွက်သမျှ ကာလာတွေလိုက်ဝယ်နေမယ့်အစား နှုတ်ခမ်းနီး မကြိုက်တဲ့ မမတွေ ညီမလေးတွေ အတွက်ရော နှုတ်ခမ်းနီကို အရမ်းကြိုက်ပြီး မဆိုးထားရင် ကိုယ့်ကိုယ်ကို Confidence မရှိဘူးလို့ ခံယူထားတဲ့ အထိ ကြိုက်တဲ့ မိန်းမလှလေးတွေ အတွက်ပါ ဘယ်လို နှုတ်ခမ်းနီအရောင်လေးတွေ ရှိသင့်လဲဆိုတာကို မင်မင်က ဒီနေ့ ဝေမျှသွားမှာပါ။

 

 

အနီရောင်
အနီရောင်နှုတ်ခမ်းနီ ကတော့ မိန်းကလေးတိုင်းအတွက် ရှိကိုရှိသင့်တဲ့ အရောင်လေးဖြစ်ပါတယ်။ ခုနောက်ပိုင်း မိန်းကလေးတိုင်းရဲ့ နှုတ်ခမ်းပေါ်တွေမှာ ခေတ်စားလာတဲ့ အရောင်ဆိုရင် အနီရောင်ဖြစ်တဲ့အတွက် ကိုယ့်မှာလည်း ရှိကို ရှိနေသင့်ပါတယ်။

 

Image may contain: one or more people and close-up 

ပန်းရောင်
ပန်းရောင်နှုတ်ခမ်းနီ ကတော့ တကယ့်ကို Sweet ဖြစ်တဲ့အရောင်ပါ။ ထသွားထလာဆိုးဖို့ဆိုရင် ပန်းရောင်လေးက အားလုံးနဲ့လိုက်ဖက်တဲ့အရောင်လေးပါ။ ဘာလေးနဲ့ပဲဝတ်ဝတ် ပန်းရောင်လေးက အဆင်ပြေတယ်လို့ပြောလို့ရပါတယ်။

 

 Image may contain: one or more people and close-up

အညိုရောင်

အညိုရောင် ကိုတော့ တော်တော်များများကကြိုက်ပေမယ့် တချို့ကတော့မကြိုက်ကြပါဘူး။ ခပ်မိမိမိုက်မိုက် စတိုင်လ်တွေဝတ်တဲ့အခါ အညိုရောင်နှုတ်ခမ်းနီက သင့်ရဲ့ဖက်ရှင်ကို ပိုကြွလာအောင် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် အညိုရောင်လေးကလည်း ရှိထားသင့်ပါတယ်။

 

Pin on Xmas

အသားရောင်

အသားရောင်နှုတ်ခမ်းနီ ကတော့ နှုတ်ခမ်းသားနဲ့တစ်ထပ်တည်းဖြစ်တဲ့အတွက် ကိုယ့်ရဲ့မျက်နှာကို တည်ငြိမ်မှုအပြည့်ပေးပါတယ်။ ဒါကြောင့် ဒီလိုအရောင်လေးတွေကိုလည်း ဆောင်ထားဖို့လိုပါတယ်။

 

Image may contain: one or more people and close-up 

လိမ္မော်ရောင်

လိမ္မော်ရောင်နှုတ်ခမ်းနီ ကတော့ ခုနောက်ပိုင်းလူငယ်တွေကြားထဲမှာ ရေပန်းစားနေတဲ့အရောင်လို့ ပြောရင်လည်းမမှားပါဘူး။

 

ဒီတော့ ဒီနှုတ်ခမ်းနီအရောင် ၅ မျိုးကတော့ မိန်းကလေးတိုင်းအတွက် အဓိကရှိသင့်တဲ့ အရောင်လေးတွေလို့ ပြောရင်လည်း မမှားနိုင်ပါဘူးနော်...။

 

Myanmar Wedding Guide (By Sandi)
Ref: Myanmar Beauty and Cosmetic Guide

Read times Last modified on Thursday, 31 December 2020 16:09
Rate this item
(1 Vote)