အလှတရားအစစ်ဆိုတာဘာလဲ ?
အလှတရားအစစ်ဆိုတာဘာလဲ ?
အလှတရား ဆိုတာ လူတိုင်းကြိုက်တဲ့အရာပေါ့။အလှဆိုတဲ့စာလုံးလေး မြင်တာနဲ့တင်စိတ်ကြည်နူး ရစေတယ်နေရာတိုင်း လူမျိုး တိုင်း ယဉ်ကျေးမှုတွေတိုင်းမှာအလှတရားကို လက်ခံ ကြတယ်။
လူတိုင်းလှချင်ကြတယ်။ပြောရရင် အမျိုးသမီးတွေက ပိုပြီးလှချင်ကြတယ်။ဒါပေမဲ့ အလှတရားနောက်ကွယ်မှာနာကျင်မှု မွန်းကြပ်စေမှုကမသိမသာ အရိပ်မည်းကြီးလိုကပ်ပါလို့ နေတယ်။
ဆိုတော့ နာကျင်မှုကအလှတရားများလား စဉ်းစား မိပြန်တယ်နေ့စဉ်ကမ္ဘာ တဝှမ်းမှာလှချင်လို့ Botox တွေထိုးကြတယ် တချို့ဆိုမပြုံးနိုင်အောင် မျက်နှာ ထုံသွားတဲ့အထိ surgery လုပ်ကြတယ် ကောင်းမွန်တဲ့အစိတ်အပိုင်းကို လှီးဖြတ်ကြတယ်။
ဖြူဖျော့ဖျော့ကလေးမက ၊ ပူပြင်းတဲ့နေရောင်တွေလှုံရင်း ၊ အရေပြား ကင်ဆာအထိရတယ်၊ညိုညက်ညက် မိန်းကလေးကေ ဆးတွေသောက်ရင်းကျောက်ကပ် တွေထိ လို့နေတယ်။ပိန်သေးသေးကလေးမလေးကပြည့်ချင်လို့အစားတွေနင်းကန်စားရချိန်မှာခပ်ပြည့်ပြည့် ကောင်မလေးတွေကတနေလုံး ဘာမှမစား တဲ့အထိ လုပ်ရှာတယ်။ကလီစာတွေကျင်းကျပ်တဲ့အထိခါးသေး ချင်လို့ ဗိုက်စီးကြတယ်။လှချင်ပေမဲ့မတတ်နိုင်တဲ့ မိန်းကလေးအချို့ ဘဝပျက်ရရှာတယ်။
ဆိုတော့ အလှတရားနောက်က နာကျင်မှုကကြောက်ဖို့ကောင်း လာတယ် ဒါဆို မလှ ချင်ရဘူးလား Literally No ပါလှလို့ရတယ် နည်းလမ်းမှန်မှန်နဲ့လှလို့ရတယ်။
1. Don't see the world in Black and White !
ဟုတ်ကဲ့အရာရာက မပြည့်စုံပါဘူး။ကျွန်မတို့အများစု ရဲ့ စံက ပြီးပြည့်စုံမှုကိုဦးတည် နေတာပါ
ဥပမာ - လှတယ်ဆိုတာ အသားလေး ကြည်လင်နေမှ နှာတံလေးစင်းနေမှ မျက်လုံးလေး တောက်ပနေမှ နှုတ်ခမ်းလေးဖူးနေမှ Body လေး သွယ်လျနေမှ သွားလေး ညီနေမှဝတ်တတ်စားတတ်မှ အရပ်လေး မြင့်မှ စသဖြင့်စသဖြင့်သတ်မှတ် ကြပါတယ်။အဲ့လိုပြီးပြည့်စုံတာကိုစံထားတာက ပဲ အဓိက ပြသနာ ပါ။ကျွန်မတို့ စံကို နဲနဲလောက်လျှော့ကြည့်ရအောင်ဒါဆို ပိုပျော်စရာကောင်းလာမှာပါ။
2. You are unique in your own way !
ကမ္ဘာပေါ်မှာ မျက်နှာတပုံစံတည်းတူရင်တောင် ခန္ဓာကိုယ် ဆံပင် အနေအထား အသားအရေတထပ်တည်း ကျချင်မှ ကျမှာပါ (Except identical twins )ဆိုတော့ ကိုယ်ပဲပိုင်ရတဲ့ ကိုယ့်သွင်ပြင်ကိုဂုဏ်ယူပါ။
3. Accept your weakness !
ဒီ အချက်က လွယ်မလိုနဲ့ ခက် ခဲပါတယ်။တစုံတယောက်က ကျွန်မတို့ရဲ့သွင်ပြင်ကိုအမှတ်တမဲ့ေ၀ ဖန်မိရင် ဝမ်းနည်း ကြလေ့ ရှိပါတယ်(ဒီနေရာမှာ တချို့က လုံး၀ ခံနိုင်ရည်မရှိသလို တချို့က မဝမ်းနည်း ကြ ပါဘူး ကျွန်မဆို ခင်တဲ့သူတွေဝေဖန်ရင် စိတ် ထဲကို ဘလိုမှမနေတာပါ အခုမှစသိတာကို ဝေဖန်ရင်တော့ မကြိုက်တတ်ပါဘူး xD)
ဒီနေရာမှာဝေဖန်သူတွေကိုအပြစ်မမြင်စေ ချင်ပါဘူးကိုယ့်ရဲ့ စိတ်ကိုပဲ ပြောင်းလဲသင့်တာပါ
ဆိုတော့ ကျွန်မ တို့ အားနည်းချက်ကို သိသလို လက်ခံမှရပါမယ်။ဒါဟာ အမြဲအဲ့အားနည်း ချက်ကိုခံစားပြီး ဝမ်းနည်းရမှာမဟုတ်ပါဘူးဒီအားနည်းချက်က အမြဲရှိနေမှာ ဒါက ငါ့ရဲ့ထူးခြားမှုပဲရှက်စရာမကောင်းဘူးလို့ စိတ်ကိုပြောင်း ကြည့်ပါအဆင်ပြေ လာမှာပါ။
4. Enhace your strength !
ကိုယ်ဘယ်နေရာမှာ အားသာလဲလူမှာကောင်းတဲ့တနေရာ ရှိကိုရှိမှာပါ။ပတ်ဝန်းကျင်ကလည်း အသိအမှတ် ပြု ကြတဲ့ အရာတွေရှိတယ်။ဥပမာ နင်က မျက်လုံးလှ လိုက်တာ body မိုက်လိုက်တာ စသဖြင့်ပေါ့။ဒီအားသာ ချက် ကိုပိုလှအောင်နေပြီး အားနည်းချက်ကိုဖုံးကွယ်နိုင်ပါတယ်။
ဒီနေရာမှာစာကြွင်းပြောချင်တာ Surgery လုပ်ပေးတဲ့သူတွေထုတ်လုပ်သူတွေကို စော်ကား လိုချင်းမဟုတ်ပါ။ကိုယ်က လှချင်တာထက်ပြောင်းလဲတာကိုကြိုက်တယ် ဒါမှမဟုတ် accident တခု ကြောင့်ဆို ပြင်ချင်လဲ ပြင်နိုင်ပါတယ် မိမိကိုယ်ကိုယ် insecurity အမြဲ ဖြစ်တဲ့ သူတွေအတွက်စိတ်အား ဖြည့်ပေး နိုင်တယ်ဆိုကျေနပ်ပါပြီ။အားလုံးပဲ နာကျင်မှုကင်းကင်းလှနိုင်ကြပါစေ။
<<< Zawgyi >>>
အလွတရားအစစ္ဆိုတာဘာလဲ ?
--------------------------
3. Accept your weakness !
4. Enhace your strength !
Ref ; Teen Vogue
Read times
Rate this item
(0 votes)
Tagged under