အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုဟန့်တားကာကွယ်နိုင်မယ့် နည်းလမ်းများ...

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုဟန့်တားကာကွယ်နိုင်မယ့် နည်းလမ်းများ... google

အားလုံးပဲ မင်္ဂလာပါရှင်။အိုမင်းရင့်ရော်မှုဆိုတာ လူတိုင်းမလွဲမသွေကြုံတွေ့ရမယ့် အရာဆိုပေမယ့်လည်း တတ်နိုင်သမျှတွန်းလှန်ချင်တာကတော့ သဘာဝပါပဲ။

ဒီနေ့ခေတ်မှာဆိုရင် ထိုးဆေးနဲ့သောက်ဆေးတွေအပြင် အသေးစားခွဲစိပ်မှုတွေနဲ့ပါ အိုမင်းရင့်ရော်မှုကိုတွန်းလှန်ထားနိုင်နေပြီဆိုပေမယ့် သဘာဝနည်းလမ်းလေးတွေနဲ့ထိန်းသိမ်းတာကအကောင်းဆုံးပါပဲ။

ဒါ့အပြင် အိုမင်းရင့်ရော်လာမှ ပြုပြင်မယ်ဆို ထိရောက်မှုနည်းတတ်တာမို့ ကြိုတင်ကာကွယ်ပြီးပြုမူနေထိုင်တတ်မှအချိန်တစ်ခုရောက်တဲ့အထိ နုပျိုနေမှာပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ ပရိတ်သတ်တွေအတွက် အချိန်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုဟန့်တားကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို Myanmar Wedding Guide ကဝေမျှပေးချင်ပါတယ်။

(၁) မျက်မှောင်မကျုံ့ပါနဲ့

အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုကိုဟန့်တားနိုင်ဖို့မျက်မှောင်ကျုံ့ခြင်းကိုတတ်နိုင်သမျှရှောင်စေချင်ပါတယ်။

မျက်မှောင်ကျုံ့ခြင်းဟာ နဖူးပြင်ကအရေးအကြောင်းပေါ်လာမှုကိုဖြစ်စေပြီးမျက်ခွံတွဲကျခြင်းကိုပါဖြစ်စေပါတယ်။

(၂) မျက်နှာကို ညင်သာနှိပ်နယ်ပေးပါ

မျက်နှာပေါ်ရှိကြွက်သားများကို ဖြေလျော့ပေးနိုင်ဖို့အတွက် ညင်သာစွာနှိပ်နယ်ပေးတာက အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါတယ်။

နှိပ်နယ်ဖို့အချိန်မရှိဘူးဆိုရင်တော့ များများပြုံးပေးခြင်းဖြင့်လည်း အိုမင်းမှုကိုဟန့်တားနိုင်ပါတယ်။

(၃) သကြားလျှော့စားပါ။

အချိုဓာတ်ကဲလွန်းတဲ့ မုန့်ပဲသရေစာတွေစားသုံးဖြင်းထက် အန်တီအောက်ဆီဒင့်ဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့ ထောပတ်သီး၊လိမ္မော်သီး၊စပျစ်သီး စတဲ့သဘာဝအသီးအနှံတွေကိုစားသုံးပေးခြင်းကလည်းအိုမင်းရင့်ရော်မှုကိုဟန့်တားပေးနိုင်ပါတယ်။

(၄) ရေဓာတ်ဖြည့်ပါ

အသားအရေအတွင်းရောအပြင်ပါ အစိုဓာတ်ပြည့်ဝနေခြင်းကလည်း ငယ်ရွယ်တဲ့အသွင်ကိုဆောင်တာကြောင့် တစ်နေ့ကို ရေ ဖန်ခွက်၈ခွက်သောက်ပေးဖို့လည်းမမေ့ပါနဲ့နော်။(၅) တရားထိုင်ပါ။

အားလုံးသိပြီးကြတဲ့အတိုင်း စိတ်ဖိစီးမှုများခြင်းက အလှအပအတွက် အနှောက်အယှက်ကြီးတစ်ခုဖြစ်တာကြောင့် အိပ်ခါနီး၁၅မိနစ်ခန့် တရားထိုင်ပေးခြင်းဖြင့် အိုမင်းရင့်ရော်မှုကိုလျှော့ချပေးနိုင်ပါတယ်။

(၆) နေရာင်ခြည်နဲ့တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ပါ။

နေရောင်ခြည်မှာ အသားအရေကိုအိုမင်းရင့်ရော်စေတဲ့ဓာတ်တွေများစွာပါဝင်တာဖြစ်လို့ နေပူထဲသွားလာရတဲ့အခါမျိုးမှာ Suncream ကိုမဖြစ်မနေလိမ်းပေးပြီး ဦးထုတ်နဲ့ထီးတို့ကိုဆောင်ဖို့လည်းမပျင်းပါနဲ့နော်။

(၇) အိပ်ချိန်အလုံအလောက်ရှိပါစေ။

အိပ်ရေးပျက်ခြင်းဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါဆိုကျိုးတွေရှိကြောင့် တစ်နေ့ကိုအိပ်ချိန်၈နာရီရဖို့လည်း အားထုတ်သင့်ပါတယ်။

(၈) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။

ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းက သွေးလည်ပတ်မှုကိုအားကောင်းစေပြီး လန်းဆန်းတက်ကြွစေပါတယ်။အမြဲတက်ကြွလန်းဆန်းနေတဲ့လူတစ်ယောက်ဟာ အလိုလို ငယ်ရွယ်နုပျိုပုံပေါ်လွင်စေတာကြောင့် လေ့ကျင့်ခန်းလုပ်ပါနော်။

အားလုံးပဲသာယာလှပတဲ့နေ့ရက်တွေကို ရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။

Reference:medicaldaily.com

 

Zawgyi ျဖင့္ဖတ္ရန္

အားလံုးပဲ မဂၤလာပါရွင္။အိုမင္းရင့္ေရာ္မႈဆိုတာ လူတိုင္းမလြဲမေသြၾကံဳေတြ႕ရမယ့္ အရာဆိုေပမယ့္လည္း တတ္နိုင္သမွ်တြန္းလွန္ခ်င္တာကေတာ့ သဘာဝပါပဲ။

ဒီေန႔ေခတ္မွာဆိုရင္ ထိုးေဆးနဲ႔ေသာက္ေဆးေတြအျပင္ အေသးစားခြဲစိပ္မႈေတြနဲ႔ပါ အိုမင္းရင့္ေရာ္မႈကိုတြန္းလွန္ထားႏိုင္ေနၿပီဆိုေပမယ့္ သဘာဝနည္းလမ္းေလးေတြနဲ႕ထိန္းသိမ္းတာကအေကာင္းဆံုးပါပဲ။

ဒါ့အျပင္ အိုမင္းရင့္ေရာ္လာမွ ျပဳျပင္မယ္ဆို ထိေရာက္မႈနည္းတတ္တာမို႕ ႀကိဳတင္ကာကြယ္ၿပီးျပဳမူေနထိုင္တတ္မွအခ်ိန္တစ္ခုေရာက္တဲ့အထိ နုပ်ိဳေနမွာပဲျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီေန႕မွာေတာ့ ပရိတ္သတ္ေတြအတြက္ အခ်ိန္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈကိုဟန္႔တားကာကြယ္ႏိုင္မယ့္ နည္းလမ္းေလးေတြကို Myanmar Wedding Guide ကေဝမွ်ေပးခ်င္ပါတယ္။

(၁) မ်က္ေမွာင္မက်ံဳ႕ပါနဲ႔

အရြယ္မတိုင္ခင္အိုမင္းရင့္ေရာ္မႈကိုဟန္႔တားႏိုင္ဖို႕မ်က္ေမွာင္က်ံဳ႕ျခင္းကိုတတ္နိုင္သမွ်ေရွာင္ေစခ်င္ပါတယ္။

မ်က္ေမွွာင္က်ံဳ႕ျခင္းဟာ နဖူးျပင္ကအေရးအေၾကာင္းေပၚလာမႈကိုျဖစ္ေစၿပီးမ်က္ခြံတြဲက်ျခင္းကိုပါျဖစ္ေစပါတယ္။

(၂) မ်က္ႏွာကို ညင္သာႏွိပ္နယ္ေပးပါ

မ်က္ႏွာေပၚရွိႂကြက္သားမ်ားကို ေျဖေလ်ာ့ေပးႏိုင္ဖို႔အတြက္ ညင္သာစြာႏွိပ္နယ္ေပးတာက အထိေရာက္ဆံုးနည္းလမ္း ျဖစ္ပါတယ္။

ႏွိပ္နယ္ဖို႔အခ်ိန္မရွိဘူးဆိုရင္ေတာ့ မ်ားမ်ားျပံဳးေပးျခင္းျဖင့္လည္း အိုမင္းမႈကိုဟန္႕တားႏိုင္ပါတယ္။

(၃) သၾကားေလွ်ာ့စားပါ။

အခ်ိဳဓာတ္ကဲလြန္းတဲ့ မုန္႕ပဲသေရစာေတြစားသံုးျဖင္းထက္ အန္တီေအာက္ဆီဒင့္ဓာတ္ေတြၾကြယ္ဝစြာပါဝင္တဲ့ ေထာပတ္သီး၊လိေမၼာ္သီး၊စပ်စ္သီး စတဲ့သဘာဝအသီးအႏွွံေတြကိုစားသံုးေပးျခင္းကလည္းအိုမင္းရင့္ေရာ္မႈကိုဟန္႔တားေပးႏိုင္ပါတယ္။

(၄) ေရဓာတ္ျဖည့္ပါ

အသားအေရအတြင္းေရာအျပင္ပါ အစိုဓာတ္ျပည့္ဝေနျခင္းကလည္း ငယ္ရြယ္တဲ႔အသြင္ကိုေဆာင္တာေၾကာင့္ တစ္ေန႔ကို ေရ ဖန္ခြက္၈ခြက္ေသာက္ေပးဖို႔လည္းမေမ့ပါနဲ႔ေနာ္။(၅) တရားထိုင္ပါ။

အားလံုးသိၿပီးၾကတဲ့အတိုင္း စိတ္ဖိစီးမႈမ်ားျခင္းက အလွအပအတြက္ အေႏွာက္အယွက္ႀကီးတစ္ခုျဖစ္တာေၾကာင့္ အိပ္ခါနီး၁၅မိနစ္ခန္႔ တရားထိုင္ေပးျခင္းျဖင့္ အိုမင္းရင့္ေရာ္မႈကိုေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

(၆) ေနရာင္ျခည္နဲ႔တိုက္ရိုက္ထိေတြ႔ျခင္းမွ ေရွာင္ပါ။

ေနေရာင္ျခည္မွာ အသားအေရကိုအိုမင္းရင့္ေရာ္ေစတဲ့ဓာတ္ေတြမ်ားစြာပါဝင္တာျဖစ္လို႔ ေနပူထဲသြားလာရတဲ့အခါမ်ိဳးမွာ Suncream ကိုမျဖစ္မေနလိမ္းေပးၿပီး ဦးထုတ္နဲ႔ထီးတို႕ကိုေဆာင္ဖို႔လည္းမပ်င္းပါနဲ႔ေနာ္။

(၇) အိပ္ခ်ိန္အလံုအေလာက္ရွိပါေစ။

အိပ္ေရးပ်က္ျခင္းဟာ အလွအပအတြက္သာမက က်န္းမာေရးအတြက္ပါဆိုက်ိဳးေတြရွိေၾကာင့္ တစ္ေန႔ကိုအိပ္ခ်ိန္၈နာရီရဖို႔လည္း အားထုတ္သင့္ပါတယ္။

(၈) ေလ့က်င့္ခန္းပံုမွန္ျပဳလုပ္ပါ။

ကိုယ္လက္ေလ့က်င့္ခန္းပံုမွန္ျပဳလုပ္ျခင္းက ေသြးလည္ပတ္မႈကိုအားေကာင္းေစၿပီး လန္းဆန္းတက္ၾကြေစပါတယ္။အၿမဲတက္ၾကြလန္းဆန္းေနတဲ့လူတစ္ေယာက္ဟာ အလိုလို ငယ္ရြယ္ႏုပ်ိဳပံုေပၚလြင္ေစတာေၾကာင့္ ေလ့က်င့္ခန္းလုပ္ပါေနာ္။

အားလံုးပဲသာယာလွပတဲ့ေန႔ရက္ေတြကို ရရွိပိုင္ဆိုင္ႏိုင္ၾကပါေစရွင္။

Reference:medicaldaily.com

 

Myanmar Wedding Guide

 

jjjj

 

Read times Last modified on Thursday, 06 February 2020 11:05
Rate this item
(0 votes)
Tagged under