AA ,BB ,CC ,DD,EE နဲ့ PP Cream များအကြောင်း

AA ,BB ,CC ,DD,EE နဲ့ PP Cream များအကြောင်း

မိတ်ဆွေများ အနေနဲ့ BBနဲ့ Cc cream ကိုတော့အားလုံးရင်းနှီးကြမှာပါ ဒါပေမဲ့ Foundation နဲ့မှားကြတာမျိုးဖြစ်ကောင်း ဖြစ်နိုင်ပါတယ် တကယ်ကမတူပါဘူး။

AA cream - Anti- Aging cream

----------------------
သူက Anti- aging မို့ အရေးအကြောင်းတွေ အတွက်ကောင်းပါတယ် အသက်၂၅ ကျော်မှ သုံးစွဲပေးစေချင်ပါတယ် ညဘက်မှာလိမ်းရင်ပိုကောင်းပါတယ်။

 

BB cream- Beauty Balm or Blemish Balm Cream

----------------------

Korea က စတီထွင် ထုတ်တာပါ သူက foundation နဲနဲပါပြီး Moisturizer နဲ့ Spf ပါပါတယ် foundation ထက်ပါးပါတယ် Normal to dry skin အတွက်သင့်တော်ပါတယ်။

အကောင်းဆုံး BB cream တွေကတော့ - 

Tarte Tinted Treatment 12 hour primer broad Spectrum SPF 30
Leneige Bb Cushion Pore Blur SPF50
MAC prep + prime beauty Balm SPF 35

 

Cc cream- color correcting cream

--------------------

သူကအသားအရောင်မညီညာတာတွေ အတွက် သင့်တော်ပါတယ် သူ့ပဲလိမ်းလို့ရသလို foundation အောက်ကခံလိမ်းလဲရပါတယ် အဆီပြန်တဲ့သူတွေ ဝက်ခြံထွက်သူတွေအတွက်သင့်တော်ပါတယ် brightening လဲ ဖြစ် စေပါတယ်။

Cc cream အကြိုက်ဆုံးတွေကတော့ -

Bourjois 123 perfect CC cream
Clinique Moisture Surge CC cream broad Spectrum
Giorgio Armani Beauty Luminessence CC Color Control Bright Moisturizer SPF 35

 

DD cream -Daily defense cream

------------------
သူက foundation ရယ် Primer ရယ် Spf ရယ် Moisturizer ရယ် ပေါင်းထားတာ Daily wearအရမ်းသင့်တော်တယ်။

Dermadoctor DD Cream Dermatologically Defining BB Cream SPF 30 သုံးရတာ အဆင်ပြေပါတယ်။

 

EE cream-

--------------
သူကနှစ်မျိုးရှိတယ် Even effect cream ကျ အသားအရည်ညီလာစေတယ်ဖြူလာစေတဲ့ ဟာရယ်နောက်တခုက Extra exfoliating cream သူကျ ဆဲလ်သေတွေကို scrub လုပ် သလို ဟာပေါ့

 

PP cream -Pink perfect cream

------------------

သူက ဖြူစေတယ် ပျက်စီးနေတဲ့အသားအရည်ကို restore ပြန်လုပ်ပေးပါတယ်။

 

တကယ်တန်းမှာ မိတ်ကပ်အမြဲလိမ်းတဲ့ အသားအရည်မျိုးဆို မျက်နှာကို တစ်ပတ်တစ်ခါ ပေါင်းတင်ပေးတာ အကောင်းဆုံးပါပဲ။

AA ,BB ,CC ,DD,EE နဲ့ Pp Cream စတာတွေက မျက်နှာကို အသုံးပြုစဉ်လိမ်းထားစဉ်ခဏသာ အပေါ်ယံ ဖြူစေတာပါ ဒီတော့ Skin care မှန်မှန်လုပ်တာ အကောင်းဆုံးပါ။

 

 

<<< Zawgyi >>>

 

AA ,BB ,CC ,DD,EE နဲ့ Pp Cream များအကြောင်း

------------------

 


 


------------------


 


------------------



 


-------------------


 


--------------------


 

EE cream- Even effect cream

----------------

 


----------------

 



 

3

 

 

Myanmar Wedding Guide

Read times
Rate this item
(0 votes)