Green Tea သုံးခြင်းဖြင့်အသားအရေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်သလဲ

Green Tea သုံးခြင်းဖြင့်အသားအရေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်သလဲ google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေအတွက် Green Tea သုံးခြင်းဖြင့်အသားအရေကို ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိူင်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်နော်။

လက်ဖက်စိမ်းမှာ အိုမင်းရင့်ရော်မှုကိုဟန့်တားကာကွယ်နိုင်တဲ့ အန်တီအောက်ဆီဒင့်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာဖြစ်ပြီး အရေပြားပြဿနာတွေကို ကုသနိုင်စွမ်းတွေလည်း များစွာပါဝင်ပါတယ်။

အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက် အထူးသင့်လျော်ပြီး ဝက်ခြံကိုကုသပေးနိုင်တဲ့ အစွမ်းသတ္တိတွေလည်းပါရှိနေပြန်ပါတယ်။

Green Tea အမှုန့် စားပွဲတင်ဇွန်း၂ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်း၁ဇွန်းကို ရောစပ်ကာ မျက်နှာပေါ်မှာသုတ်လိမ်းပါ။မိနစ်အနည်းငယ်ခန့် စက်ဝိုင်းပုံစံအတိုင်း နှိပ်နယ်ပြီးနောက် ရေဆေးချပေးလိုက်ရုံပါပဲနော်။

Green Tea ပေါင်းခံရည်ကို သန့်စင်သော Spray ဘူးထဲ ထည့်ပြီး မျက်နှာတစ်ပြင်လုံးဖျန်းကာ Toner Mist သဘောမျိုး အသုံးပြုပေးနိုင်ပါတယ်။

Green Tea အရွက်အနည်းငယ်ကို ကြိတ်ချေပြီး ပျားရည် စားပွဲတင်ဇွန်း၂ဇွန်းနဲ့ ရောစပ်ပါ။

ဝက်ခြံထွက်လွယ်တဲ့ အသားအရေဆိုရင် စက္ကန့်၃၀လောက်သာ ထားပေးရမှာဖြစ်ပြီး ကျန်တဲ့အသားအရေတွေက မိနစ်၂၀ခန့် ထားပေးရမှာပဲ ဖြစ်ပါတယ်။

အသုံးပြုပြီးသား Green Tea အထုပ်ကို ရေခဲသေတ္တာထဲထည့်ပြီး ၅မိနစ်ခန့် အေးခဲထားရပါမယ်။ ပြီးရင်တော့ မျက်လုံးပေါ်မှာတင်ပြီး ၁၀မိနစ်ခန့် ကပ်ထားပေးပါ။

ရေနွေးဇလုံတစ်ခုထဲကို Green Tea အရွက်လေးတွေထည့်ပြီး မျက်နှာကိုသဘက်ဖြင့် အုပ်ထားကာ ၅မိနစ်ခန့် ရေနွေးငွေ့နဲ့ ပေါင်းပေးပါ။

ချွေးပေါက်တွေကိုပွင့်စေပြီး မျက်နှာအဆိပ်အတောက်တွေကိုလည်း လျော့ပါးစေပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာဖို့အတွက်ဆိုရင်တော့ တစ်နေ့တာမှာ အနည်းဆုံး Green Tea ၂ခွက်ကနေ၄ခွက် သောက်သုံးပေးသင့်ပါတယ်နော်။

ဒီနည်းလမ်းလေးတွေနဲ့လည်း အသားအရေကိုထိန်းသိမ်းပေးနိူင်ပါတယ်။

Reference:healthline.com

Announcers & Beik Theik Sayar (မင်္ဂလာအခမ်းအနားမှူး) (57) ကိုသိရှိလိုပါကနှိပ်ပါ။

 

Zawgyi ျဖင့္ဖတ္ရန္...

အားလုံးပဲ မဂၤလာပါရွင္။ဒီေန႔မွာေတာ့ Myanmar Wedding Guide ပရိတ္သတ္ေတြအတြက္ Green Tea သုံးျခင္းျဖင့္အသားအေရကို ဘယ္လိုအက်ိဳးေက်းဇူးေတြရရွိႏိူင္လဲဆိုတာကို ေဖာ္ျပေပးခ်င္ပါတယ္ေနာ္။

လက္ဖက္စိမ္းမွာ အိုမင္းရင့္ေရာ္မႈကိုဟန႔္တားကာကြယ္ႏိုင္တဲ့ အန္တီေအာက္ဆီဒင့္ဓာတ္ေတြ ႂကြယ္ဝစြာပါဝင္တာျဖစ္ၿပီး အေရျပားျပႆနာေတြကို ကုသႏိုင္စြမ္းေတြလည္း မ်ားစြာပါဝင္ပါတယ္။

အဆီျပန္တဲ့အသားအေရပိုင္ရွင္ေတြအတြက္ အထူးသင့္ေလ်ာ္ၿပီး ဝက္ၿခံကိုကုသေပးႏိုင္တဲ့ အစြမ္းသတၱိေတြလည္းပါရွိေနျပန္ပါတယ္။

Green Tea အမႈန႔္ စားပြဲတင္ဇြန္း၂ဇြန္းနဲ႔ ပ်ားရည္ စားပြဲတင္ဇြန္း၁ဇြန္းကို ေရာစပ္ကာ မ်က္ႏွာေပၚမွာသုတ္လိမ္းပါ။မိနစ္အနည္းငယ္ခန႔္ စက္ဝိုင္းပုံစံအတိုင္း ႏွိပ္နယ္ၿပီးေနာက္ ေရေဆးခ်ေပးလိုက္႐ုံပါပဲေနာ္။

Green Tea ေပါင္းခံရည္ကို သန႔္စင္ေသာ Spray ဘူးထဲ ထည့္ၿပီး မ်က္ႏွာတစ္ျပင္လုံးဖ်န္းကာ Toner Mist သေဘာမ်ိဳး အသုံးျပဳေပးႏိုင္ပါတယ္။

Green Tea အ႐ြက္အနည္းငယ္ကို ႀကိတ္ေခ်ၿပီး ပ်ားရည္ စားပြဲတင္ဇြန္း၂ဇြန္းနဲ႔ ေရာစပ္ပါ။

ဝက္ၿခံထြက္လြယ္တဲ့ အသားအေရဆိုရင္ စကၠန႔္၃၀ေလာက္သာ ထားေပးရမွာျဖစ္ၿပီး က်န္တဲ့အသားအေရေတြက မိနစ္၂၀ခန႔္ ထားေပးရမွာပဲ ျဖစ္ပါတယ္။

အသုံးျပဳၿပီးသား Green Tea အထုပ္ကို ေရခဲေသတၱာထဲထည့္ၿပီး ၅မိနစ္ခန႔္ ေအးခဲထားရပါမယ္။ ၿပီးရင္ေတာ့ မ်က္လုံးေပၚမွာတင္ၿပီး ၁၀မိနစ္ခန႔္ ကပ္ထားေပးပါ။

ေရေႏြးဇလုံတစ္ခုထဲကို Green Tea အ႐ြက္ေလးေတြထည့္ၿပီး မ်က္ႏွာကိုသဘက္ျဖင့္ အုပ္ထားကာ ၅မိနစ္ခန႔္ ေရေႏြးေငြ႕နဲ႔ ေပါင္းေပးပါ။

ေခြၽးေပါက္ေတြကိုပြင့္ေစၿပီး မ်က္ႏွာအဆိပ္အေတာက္ေတြကိုလည္း ေလ်ာ့ပါးေစပါတယ္။

ခႏၶာကိုယ္တစ္ခုလုံး က်န္းမာဖို႔အတြက္ဆိုရင္ေတာ့ တစ္ေန႔တာမွာ အနည္းဆုံး Green Tea ၂ခြက္ကေန၄ခြက္ ေသာက္သုံးေပးသင့္ပါတယ္ေနာ္။

ဒီနည္းလမ္းေလးေတြနဲ႔လည္း အသားအေရကိုထိန္းသိမ္းေပးႏိူင္ပါတယ္။

Reference:healthline.com

Announcers & Beik Theik Sayar (မဂၤလာအခမ္းအနားမွဴး) (57) ကိုသိရွိလိုပါကႏွိပ္ပါ။

 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)