အိမ်မှာပဲ ကုန်ကျစရိတ်သက်သာစွာနဲ့ ပြုလုပ်လို့ရမယ့် Facial Mask များ...

အိမ်မှာပဲ ကုန်ကျစရိတ်သက်သာစွာနဲ့ ပြုလုပ်လို့ရမယ့် Facial Mask များ... google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာ Glow Skin လေးကို ငွေကုန်ကြေးကျသက်သက်သာသာနဲ့ ရရှိပိုင်ဆိုင်နိုင်ဖို့

 

သဘာဝပစ္စည်းလေးတွေနဲ့ ပြုလုပ်လို့ရတဲ့ mask (မျက်နှာကပ်ခွာ) ပြုလုပ်နည်းလေးတွေကို Myanmar Wedding Guide ပရိတ်သတ်တွေအတွက်ဝေမျှပေးချင်ပါတယ်။

 

အသားအရေအစိုဓာတ်ပြည့်ဝစေမယ့် Moisturizer အတွက်သံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဝက်ကိုရောစပ်ပါ။

 

ပြီးရင်တော့ မျက်နှာပြင်အနှံ့ စက်ဝိုင်းပုံသဏ္ဍာန်အတိုင်းငြင်သာစွာနှိပ်နယ်လိမ်းပေးပါ။15 မိနစ်လောက်ကြာအောင် လိမ်းပေးပြီးပြီဆိုရင်တော့ကြက်သီးနွေးရေလေးနဲ့ဆေးချပေးလိုက်ရုံပါပဲ။

 

သံလွင်ဆီဟာအသားအရေကိုအစိုဓာတ်ပြည့်ဝစေဖို့ ထောက်ပံ့ပေးနိုင်တဲ့ သဘာဝတစ်ခုဖြစ်ပါတယ်။

 

သံပုရာရည်မှာတော့ Vitamin C တွေကြွယ်ဝစွာပါဝင်တာကြောင့် မျက်နှာမှာရှိတဲ့ မှဲ့ခြောက်၊တင်းတိပ်နဲ့ဝက်ခြံအမာရွတ်တွေကို လျော့ပါးသက်သာစေပါတယ်။

 

ဒါကြောင့် ဒီ Mask လေးကို တစ်ပတ်နှစ်ခါလောက်ပုံမှန်ပြုလုပ်ပေးမယ်ဆို သိသာတဲ့ ရလဒ်ကို တစ်လလောက်နေရင် ရရှိလာမှာပါ။

 

fm3

 

မျက်နှာပေါ်က နီမြန်းရောင်ရမ်းတာတွေ ပျောက်စေဖို့ဆိုရင်တော့ ကြက်ဥအနှစ်ကို သံပုရာရည်နဲ့ ရောစပ်ပြီးလိမ်းပေးပါ။

 

၁၅မိနစ်လောက်ထားပြီးရင်တော့ ပုံမှန်ရေးအေးနဲ့ပဲ ဆေးချပေးလိုက်ရုံပါပဲနော်။

 

ဒီMask လေးက ချွေးပေါက်တွေကိုလည်းကျဉ်းစေတာဖြစ်လို့ ချွေးပေါက်ကျယ်နေတဲ့ ညီအစ်မတွေအတွက်လည်း အဆင်ပြေမှာပါ။

 

အားလုံးပဲလှပတဲ့နေ့ရက်တွေကိုရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။

 

Tailors စက်ချုပ်ဆိုင်ပေါင်း ၄၄၁၈ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

fm1

 

Zawgyi ဖြင့်ဖတ်ရန်...

 


 


 


 


 


 


 


 


 


 


 


 


 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under