မင်္ဂလာပွဲမတိုင်ခင် ဝက်ခြံတွေ မထွက်လာစေဖို့ ဘယ်အချက်တွေရှောင်သင့်လဲ

မင်္ဂလာပွဲမတိုင်ခင် ဝက်ခြံတွေ မထွက်လာစေဖို့ ဘယ်အချက်တွေရှောင်သင့်လဲ Google

Wedding Guide ရဲ့ သတို့သမီးလေးတွေ သတို့သားလေးအတွက် ကိုယ့်ရဲ့ အမှတ်တရနေ့လေးမှာ လှပ ခန့်ငြားနေစေဖို့ မင်မင်က ကိုယ့်ရဲ့အသားအရေဟာ ဘယ်အချိန်မှာ breakout ဖြစ်ပြီး ဝက်ခြံတွေ ထွက်လာနိုင်တယ်ဆိုတာ ခုလိုမျှဝေလိုက်ပါတယ်နော်။ မင်္ဂလာပွဲမတိုင်ခင် ဒီအချက်တွေ လုပ်မိရင်တော့ ဝက်ခြံတွေကို ပိုထွက်လာစေနိုင်ပါတယ်နော်။

 

(၁) သန့်ရှင်းမှုနည်းရင်
ဒီအချက်ကတော့ လူတိုင်းသိကြမယ်လို့ထင်ပါတယ်။ သန့်ရှင်းမှုနည်းရင် ဝက်ခြံပေါက်လာတတ်ပါတယ်။ ခေါင်းအုံးစွပ် မသန့်ရှင်းတာမျိုး ၊ ဆံပင် မသန့်ရှင်းတာမျိုး ၊ လက်မသန့်ရှင်းတာမျိုးတို့ကြောင့် ဝက်ခြံပေါက်တတ်ပါတယ်။ မျက်နှာကို သန့်ရှင်းအောင်လုပ်ရာမှာလည်း အကြိမ်ကြိမ် မျက်နှာသစ်ဖို့မလိုပါဘူး။ တစ်နေ့ကို (၃)ခါထက် မျက်နှာသစ်မိရင်လည်း ဝက်ခြံတွေ ပေါက်လာတတ်ပါတယ်။

 

(၂) ဝက်ခြံကို ညှစ်ရင်

ပထမကတော့ ဝက်ခြံက (၁)ဖုပဲ ပေါက်သေးတယ် ၊ လက်နဲ့သွားညှစ်မိရင်တော့ ပွားလာတတ်ပြီး ဝက်ခြံအများကြီးပေါက်လာတတ်ပါတယ်။ တချို့တွေက ဝက်ခြံကို မြင်တာနဲ့ ညှစ်ချင်ကြပါတယ်။ ညှစ်တဲ့အခါမှာလည်း လက်သန့်ရှင်းနေပါစေ ၊ ဂွမ်းနဲ့လည်း ညှစ်ပေးနိုင်ပါတယ်။

 

(၃) ဆီကြော်တွေစားမိရင်

ဆီကြော်တွေ ၊ သကြားလုံးတွေက အသားအရေကို breakout ဖြစ်စေပြီး ဝက်ခြံတွေ ပေါက်လာစေတတ်ပါတယ်။ ဝက်ခြံက အဆီပြန်တဲ့ အသားအရေမှာ ပေါက်တာများပါတယ်။ ကိုယ့်က အဆီပြန်တတ်တဲ့ အသားအရေမျိုးဆို အဆီများတဲ့အစားအစာတွေကို ရှောင်ပေးပါ။ အကြောင်းကတော့ အဆီများတဲ့ အစားအစာတွေက ချွေးပေါက်တွေကို ပိတ်သွားစေပြီး ယင်းကတစ်ဆင့် ဝက်ခြံပေါက်တတ်ပါတယ်။

 

ဒီအချက်တွေက ပွဲလမ်းသဘင်ရှိတဲ့ အချိန်မှ မဟုတ်ပါဘူး။ မိန်းကလေး အများစုပုံမှန် သတိထားသင့်တယ်လို့လဲ အကြံပြုလိုက်ပါတယ်နော်။

Read times
Rate this item
(0 votes)
Tagged under