Whitehead အဆီ ဖု ပြသနာများ

Whitehead အဆီ ဖု ပြသနာများ

အခုခေတ်ယောကျာ်းလေး မိန်းကလေးမရွေး ရင်ဆိုင်နေရတဲ့ ပြသနာ ကတော့အဆီဖုပါလူ ၅ယောက် မှာဆို ၃ယောက်လောက်က အဆီဖု ရှိ ကြတာ တွေ့ရပါတယ်။

 

"ဝက်ခြံမရှိဘူး အဖုသေးသေးလေးတွေ ဖြစ်နေတယ်" , " အဆီဖုတွေ ဘလိုပျောက်ရမလဲ ""အဖုသေးသေးလေးတွေအများကြီး ဖြစ်နေတာ "ဒါတွေက ကြားရများတဲ့စကားတွေပေါ့။

 

တကယ်တော့အဆီဖု လေးတွေကလည်း ဝက်ခြံ တမျိုးပါပဲ အရေပြားက အဆီတွေ ချွေးပေါက်တွေ bacteria တွေ ပိတ်ဆို့ ပြီး ဖြစ်လာတာပါ ကိုယ့်မျက်နှာရဲ့ အဆီ ပြန်ဆုံးT zone ဖြစ်တဲ့ နဖူးတွေ နှာခေါင်းနဲ့မေးစေ့မှာအဖြစ်များပါတယ်။

 

ဘယ်လို ပျောက်အောင်လုပ်ရမလဲ ?

 

မျက်နှာဂရုစိုက်သစ်ပါ - အရေးကြီးဆုံးအချက်ပါပဲ မိတ်ကပ်လိမ်းထားထား မလိမ်း ထားထား မနက်တခါ ညတစ်ခါ သစ်ပေးပါ။

 

သန့်ရှင်းပါ - ညစ်ပတ် လို့ အဆီဖု ဖြစ်တာမဆိုလိုပါဘူးရှင် ဒါပေမဲ့ အသုံးပြုတဲ့ ph ကို သန့် စင်ပေးပါ အိပ်တဲ့ ခေါင်းအုံးတွေ စောင်တွေ လျှော်ပေးပါ ခေါင်း မှန်မှန်လျှော်ပါ အဲ့ ဒါတွေကလာတဲ့ bacteria တွေကလည်း အဆီဖု တရားခံတွေနော်။

 

မျက်နှာကိုလက်နဲ့ခဏခဏ မထိပါနဲ့။ဆံပင် အတွက် shampooတို့ conditioner တို့က်ု တတ်နိုင်သမျှ မျက်နှာမထိအောင်အသူံးပြုပေးပါ။

 

အစားအသောက်ကလည်း အရေးကြီးပါတယ်- အရက်သောက်တတ်တာ ဆီကြော်မုန့်တွေစားတာ အချိုစာတွေ စား တာ ရှောင်ပါ။မိတ်ကပ်ကို oil free ဒါမှာမဟုတ် noncomedogenic ဆိုတာ ရွေးသုံးပါ။

 

ဘာတွေသုံးပေးရမလဲ

 

Tea tree တို့ Aloe Vera နဲ့လုပ်ထားတဲ့ ထုတ်ကုန်တွေ သုံးပေးပါ။Salicylic Acid ,Benzoyl Peroxide, Glycolic acid တို့ပါတဲ့ Skin care သုံးပေးပါ။ရေများများသောက် ပေးပါ, Vitamin C ပါတာတွေများများစားပေးပါ။

 

Skin care လုပ်မယ်ဆို Steps ?

 

Morning

 

မျက်နှာသစ်ပါ
Toner (witch hazel ,Tea tree နဲ့လုပ်တာတခုခုသုံးပါ)
Cream (Salicylic acid ပါတဲ့ cream သုံးပါ)

 

Night

 

မျက်နှာသစ်ပါ
Toner
Serum (Salicylic acidပါတာ )
Cream

 

အဆီဖုကင်းပြီး ရှင်းသန့်ကြည်လင်နိုင်ကြပါစေ။

 

<<< Zawgyi >>> 

 


-------------------


 


 


 


 


 


 


 


 

ဘာတွေသုံးပေးရမလဲ

 


 


 

Morning

 

မျက်နှာသစ်ပါ

 

Night

 

မျက်နှာသစ်ပါ
Toner
Cream

 


 

Myanmar Wedding Guide

 

Read times
Rate this item
(0 votes)